မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌအဖြစ် ရွေးချယ်မခံရပေမယ့်အစည်းအရုံးကိုဝန်းရံသွားမှာပါ ခန့်စည်သူ

0
217

သရုပ်ဆောင် ခန့်စည်သူကမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌအဖြစ် ရွေးချယ်မခံရ ပေမယ့်လည်း အစည်းအရုံးကို ဝန်းရံပေးသွားမှာပါလို့ ဆိုပါတယ်။

“ဒီနှစ်လောကသားတွေ အားလုံးက စိတ်ဝင်တစားနဲ့ မဲလာ ထည့်ကြ တာတွေ့ရ တယ်။ ကျေနပ်စရာကောင်းပါတယ်။ ပြောမယ်ဆိုရင် ဗီဒီယိုလောကကလည်း တော်တော် ပျက်စီးယိုယွင်းနေပြီ။ ဒီလောကသား တွေစိတ်ဝင်တစား မဲလာပေးတာကို ကြည့်ခြင်း အားဖြင့် အပြောင်းအလဲ တစ်ခုတော့လိုနေပြီဆိုတဲ့အချက်ပေးခေါင်းလောင်းသံပေါ့။ ကိုယ့် လောကသားတွေအကုန်လုံးနားလည်ပေးရမှာကအရင်အဖွဲ့တွေလည်း နိုင်သလောက်စွမ်း သလောက် ကြိုးစားခဲ့ကြတာပဲ။ အပြောင်းအလဲ ကတော့ ချက်ချင်းပြောင်း လဲတာ ရှိမှာဖြစ်သလိုအချိန်ယူပြီးတော့မှ အခက်အခဲတွေ ပြဿနာ တွေကိုဖြေရှင်း ရတာတွေလည်း ရှိကောင်းရှိမှာပါ။ အဲဒီအတွက် စိတ်တော့ရှည်ကြမှဖြစ်မှာပါ။ ကျွန်တော်အနေနဲ့ကတော့အရွေးမခံရပေမယ့်လည်း ကျွန်တော်တို့က ရုပ်ရှင်နဲ့၊ ဗီဒီယိုနဲ့ ထမင်းစားတဲ့လူ အားလုံးကတော့ ရုပ်ရှင်အစည်းအရုံး ကိုဝန်းရံရမှာကသမိုင်းပေးတာဝန်ပါပဲ” လို့ပြောပါတယ်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနဲ့ ပတ်သက်ပြီး ဘယ်လို အ ကြံပြုချင်သလဲဆိုတဲ့မေးခွန်းကိုတော့ ခန့်စည်သူက “အကြံပြု ချင်တာကတော့ အချက်တွေကတော့ အများကြီးပါ။ အပြောင်းအလဲတို့၊ အရွေ့တို့လိုချင်တာမှန်တယ်။ ဒါပေမဲ့တချို့တွေကျတော့မြန်မြန်ဆန် ဆန်ရွေ့တာရှိတယ်။ တချို့တွေကျတော့လည်း အချိန်ယူပြီးတော့ရွေ့ တာတွေရှိတယ်။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကစည်းလုံးပြီး သား ပါ။ အမြင်မတူတာလေးတွေကြောင့် ကိုယ်နဲ့မတူကိုယ့်ရန်သူလို့ သဘောထားတဲ့ လူတွေရှိတယ်။ အမှားနဲ့အမှန်၂ခုထဲ ရှိတယ်ဆိုပေမယ့် အမှားနဲ့အမှန်ကြားထဲမှာဘယ်လိုပြောင်းလဲလို့ရမလဲ၊ ဘယ်လိုဆက် နွယ်မှုရှိမလဲဆိုတာကို အဖြေရှာရမှာပေါ့”လို့ပြောပါတယ်။ရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌနေရာကို ဦးဇင်ဝိုင်းရွေးချယ်ခံရတဲ့အတွက်လည်း ဝမ်းမြောက်ပါကြောင်း ခန့်စည်သူကပြောပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here