အလုပ်ကို ထိခိုက်ရင် ငြိမ်ခံတတ်သူ မဟုတ်လို့ အခုလို ဖြစ်သွားတာပါ သင်ဇာဝင့်ကျော်

0
218

သရုပ်ဆောင် သင်ဇာဝင့်ကျော် က အခုလတ်တလော မိုး ရုပ်ရှင် ထုတ်လုပ်ရေးမှ ရိုက်ကူးတဲ့ “ရွှေရုပ်” ဇာတ်ကားကို ရိုက်ကူးနေရင်း ပရိ သတ် စိတ်ဝင်စားစရာ ပြဿနာတစ်ခု ဖြစ်ခဲ့ပါတယ်။ ကာရိုက်တာကို သေချာစိစစ်ပြီး ရိုက်ကူးတဲ့ သင်ဇာ ဝင့်ကျော်က သူမရဲ့ အလုပ်ကို ထိ ခိုက်ရင် ငြိမ်ခံတတ်တဲ့သူ မဟုတ်လို့ အခု လို ဖြစ်သွားတာဖြစ်ကြောင်း ကိုတော့…သရုပ်ဆောင် သင်ဇာဝင့်ကျော် က အခုလတ်တလော မိုး ရုပ်ရှင် ထုတ်လုပ်ရေးမှ ရိုက်ကူးတဲ့ “ရွှေရုပ်” ဇာတ်ကားကို ရိုက်ကူးနေရင်း ပရိ သတ် စိတ်ဝင်စားစရာ ပြဿနာတစ်ခု ဖြစ်ခဲ့ပါတယ်။

ကာရိုက်တာကို သေချာစိစစ်ပြီး ရိုက်ကူးတဲ့ သင်ဇာ ဝင့်ကျော်က သူမရဲ့ အလုပ်ကို ထိ ခိုက်ရင် ငြိမ်ခံတတ်တဲ့သူ မဟုတ်လို့ အခု လို ဖြစ်သွားတာဖြစ်ကြောင်း ကိုတော့… “သင်ဇာက ဇာတ်လမ်းတွေကို သေချာစိစစ် ရွေးချယ်ပြီး ရိုက်ကူး နေတာပဲ။ တစ်ခါတလေကျရင် ကိုယ်နဲ့ ခင်မင်ရင်းနှီးတဲ့ သူတွေက ရိုက်ပေးပါလား ဆိုရင် လူမှုရေးအရ ရိုက်ပေးရတာလည်း ရှိတယ်။ အားနာတတ်သူ ဆိုတော့လေ။ ဒါပေမဲ့ ဒီလိုမျိုး မလိုလားအပ်တာတွေ ဖြစ်လာခဲ့တယ်။ နောက်ပိုင်းတော့ ဇာတ်ကားကို ဒီထက်ပိုပြီး ရွေးချယ်ရတော့မယ်။ အဓိကက ကိုယ့်အလုပ်ကို မထိခိုက်ဘူးဆိုရင် ဘယ်အခက်အခဲ မဆို ဂရုမစိုက်ဘူး။ ကိုယ့်အလုပ် ကို ထိခိုက်လာရင် ကိုယ်က ငြိမ်ခံတတ်တဲ့သူ မဟုတ်တော့ ဒီလိုမျိုး ဖြစ်သွား တယ်။ ဘာပဲဖြစ်ဖြစ် ရှင်းသင့်ရင်လည်း ရှင်းမယ်။ မရှင်းသင့်တာကိုလည်း မရှင်ဘူး။ ဒါပေမဲ့အကောင်းဆုံး ကတော့ ကိုယ့်အနုပညာကို ထိခိုက် စော်ကားလာရင် ငြိမ်ခံနေတဲ့သူ မဟုတ်ကြောင်း အကုန်လုံးကို သိစေ ချင်တယ်” လို့ ပြောပါ တယ်။

သင်ဇာဝင့်ကျော်နဲ့ မိုးဟေကို တို့ရဲ့ ပြဿနာကို အောက်တိုဘာလ ၂ ရက်နေ့ ညနေ ၃ နာရီမှာ ရုပ်ရှင် အစည်းအရုံးမှ ပြန်လည် ညှိနှိုင်းပေးခဲ့ပါတယ်။ နှစ်ဦးနှစ်ဖက် ပြေလည်သွား ကြကာ “ရွှေရုပ်” ဇာတ်ကားကို ပြန်လည် ရိုက်ကူးသွားမှာ ဖြစ်ပြီး မိုးဟေကိုကိုလည်း သူမရဲ့ facebook မှအခုလို တောင်းပန်ခဲ့ပါတယ်။ “အောက်တိုဘာ ၂ ရက်နေ့မှာ ၁ဝ နာရီချိန်းတာကို မနက်ခရီးထွက်ဖို့ ကိစ္စလေး တွေနဲ့ အလုပ်ရှုပ်နေလို့ အရောက်နောက် ကျခဲ့တဲ့ အတွက် ကျွန်မဘက်မှ တောင်းပန်ပါ တယ်။ အဲဒီနေ့မှာ ဒါရိုက်တာ အကယ်ဒမီ ဦးပန်းချီစိုးမိုး ဆီက ပညာလေးတစ်ခု ရလိုက် တယ်။ ကိုယ်က လက်ခံပြီးသွား ရင်  ဘာပဲဖြစ်ဖြစ် ကိုယ့်ဘက်က ပြီးဆုံးအောင် လုပ်ဖို့ တာဝန်ရှိတယ် တဲ့။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် ကိုယ့် ဘက်က ပြီးဆုံး သည်ထိတိုင်အောင် ကျွန်မ ရိုက်ပေးပါ့မယ်။ တစ်ဘက်က လည်း ပြေရာပြေကြောင်း ပြောလာ တော့လည်း ကျွန်မငြင်း စရာ အကြောင်း မရှိတော့ပါဘူး။ ဘာပဲဖြစ် ဖြစ် ကျွန်မခံစားရလို့ တင်တဲ့ post ဟာ မမိုးရဲ့ဂုဏ်သိက္ခာကို ထိပါးစော်ကားခဲ့သလို ဖြစ်ခဲ့တယ် ဆိုရင် ကျွန်မတောင်းပန်ပါတယ်” လို့ သင်ဇာဝင့် ကျော်က ဆိုပါတယ်။

ချယ်ရီ

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here