မိုးစက်ဝိုင် နာမည်နဲ့ ဘယ်လိုပစ္စည်းတွေ ထုတ်လုပ်သွားမလဲ

0
164

အလှမယ် တစ်ဦးဖြစ်တဲ့ မိုးစက်ဝိုင်က အလှအပဆိုင်ရာတွေနဲ့ ပတ်သက်တဲ့ review တွေနဲ့ ပတ်သက်ပြီး သူ့ရဲ့ပရိသတ်တွေကို ဝေမျှထားတဲ့ ဗီဒီယိုဖိုင်တွေကို အွန်လိုင်းပေါ်မှာ တင်လေ့ရှိပါတယ်။ အလှအပဆိုင်ရာ ပစ္စည်းတွေနဲ့ ပတ်သက်ပြီး စိတ်ဝင်စားတဲ့ အတွက် ပရိသတ်တွေကို ဝေမျှခဲ့တာ ဖြစ် ကြောင်းကို မိုးစက်ဝိုင်က အလှမယ် တစ်ဦးဖြစ်တဲ့ မိုးစက်ဝိုင်က အလှအပဆိုင်ရာတွေနဲ့ ပတ်သက်တဲ့ review တွေနဲ့ ပတ်သက်ပြီး သူ့ရဲ့ပရိသတ်တွေကို ဝေမျှထားတဲ့ ဗီဒီယိုဖိုင်တွေကို အွန်လိုင်းပေါ်မှာ တင်လေ့ရှိပါတယ်။ အလှအပဆိုင်ရာ ပစ္စည်းတွေနဲ့ ပတ်သက်ပြီး စိတ်ဝင်စားတဲ့ အတွက် ပရိသတ်တွေကို ဝေမျှခဲ့တာ ဖြစ် ကြောင်းကို မိုးစက်ဝိုင်က  “အမှန်အတိုင်း ပြောရရင် ဟိုး အရင်ထဲက Beauty Blogger  ကို စိတ်ဝင်စားတယ်။ ဒါပေမဲ့ Beauty Blogger  တစ်ယောက် ဖြစ်ချင်တယ် ရယ်လို့ မဟုတ်ဘူး။ Beauty Product တွေကို စိတ်ဝင်စားတာ။ ပြီးတော့ လူတစ်ယောက်က ကိုယ် တအား သဘောကျတာရှိရင် share  ချင်တာ လူ့သဘာဝပေါ့။ ၂ဝ၁၁ခုနှစ် လောက်ကတည်းက ဗီဒီယိုတွေ တင်ဖြစ်တယ်။ အဲဒီတုန်းက ကျောင်း ပြီးကာစ အလုပ် မရှိဘူးပေါ့။ အဲဒီ တုန်းက you tube မှာတင်တာ အင်္ဂလိပ် လိုတွေပဲပြောပြီး အခုပြန်ကြည့်တော့ ဘာတွေပြောမှန်းတောင် မသိတော့ ဘူး။ အခု မလုပ်ဖြစ်တာ တော်တော် ကြာတယ်။ ပြီးတော့ သူငယ်ချင်းတွေ တွေ့တော့ ရှက်ပြီး ပိတ်ထားတာ တွေလည်း ရှိတယ်။ အခုနောက်ပိုင်းမှ မိုးစက်က မြန်မာလို ပြန်ပြောကြည့် မယ်ဆိုပြီး ပြန်ပြောကြည့် ဖြစ်တာပါ။ beauty product ကတော့ မိုးစက်ရဲ့ ဝါသနာပေါ့။ မိုးစက်က beauty product  နဲ့ ပတ်သက်ပြီး ဘယ်အရာ ကို မဆို စိတ်ဝင်စားတယ်။ မိုးစက် ကိုယ်တိုင်ကလည်း consumer တစ်ယောက်ပေါ့။ အထူးသဖြင့် lipstick ဆိုရင် ထွက်ရင်အကုန် ဝယ်တယ်။ ကိုယ်ကိုယ်တိုင် ကလည်း ဂျီးများတယ်။ သေချာကို ခံစားပြီး သုံးတယ်။ အဲဒီလိုမျိုးဖြစ်တဲ့ အချိန်မှာ မိုးစက် ကိုယ်တိုင်က ကိုယ်လိုချင်တဲ့ ပစ္စည်းကို စိတ်ကူးရင်တယ်။ sharing ပြုလုပ်ချင်တယ်” လို့ ပြော ပါတယ်။

အလှကုန်ပစ္စည်း တွေကို လည်း သဘောကျ နှစ်သက်တဲ့ မိုးစက်ဝိုင်က သူ့ရဲ့ နာမည်နဲ့အလှကုန် ပစ္စည်းတွေလည်း ထုတ်လုပ်သွားဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။   “မိုးစက်ကိုယ်တိုင်လည်း ကိုယ်ကိုယ်တိုင် သဘော ကျပြီး သုံးစွဲသူ တစ်ယောက် ရဲ့ဘက်ကနေ ကြည့်ပြီး သဘောကျ လောက်တဲ့ ပစ္စည်းတွေ ထုတ် လုပ်ဖို့ရှိပါ တယ်။ ဒီနှစ်ကုန် လောက်ဖြစ်ပါ မယ်။  မိုးစက်ကိုယ်တိုင် လည်း သဘောကျပြီး သေချာကို စဉ်းစားပြီး ထုတ်လုပ်မယ့် ပစ္စည်းပါ။ မိုးစက်ရဲ့နာမည်နဲ့ ထုတ်မှာပါ။ ဟိုးအရင်ကတည်းက စီစဉ်ထားတာပါ။ beauty product  တွေ့ရင် မိုးစက်ပျော်တယ်။ ဘယ်တော့မဆိုလည်း အလှကုန် ပစ္စည်းဆိုင် ရောက်ရင် အကြာကြီး ပြန်မထွက်တော့ဘူး။ အခုနောက်ပိုင်း ကျတော့ အနုပညာ လုပ်ငန်းတွေ လျှော့လိုက် တဲ့အချိန်မှာ မိုးစက်လည်း အားလာ တယ်။ ကိုယ့် personal  အချိန်ပို များလာတယ်။ ခရီးသွားရင် ကိုယ့်အလုပ် ကိစ္စပဲ ကိုယ်လုပ် ဖြစ်တယ်။ အဲဒါကြောင့် ဒါကိုအာရုံစိုက်ပြီး လုပ် ဖြစ်တာပါ။ နိုဝင်ဘာလ၊ ဒီဇင်ဘာလ လောက်ကျ ရင် မိုးစက်ကို အားပေးတဲ့ ပရိသတ်တွေ အတွက် surprise တွေလည်းရှိမယ်။ ပျော်ရွှင်စရာ အစီအစဉ်တွေလည်း ရှိမယ်။ အဲဒီအခါကျရင် အားလုံးကို ကြေညာပါမယ်။ အဲဒီအချိန်ကျရင် လည်းမိုးစက် ကိုအားပေးဖို့ မမေ့ပါနဲ့” လို့ ပြောပါ တယ်။

မိုးစက်ဝိုင်က လတ်တလောမှာ Miss Universe Myanmar 2018 ပြိုင်ပွဲမှာ အကဲဖြတ်ဒိုင်တစ်ဦး အဖြစ် ပါဝင်ဆောင် ရွက်ခဲ့ပါတယ်။ Miss Universe Myanmar ကိုရွေးချယ်တဲ့ အခါမှာ ဝေဖန်မှုတွေက တော့ သူစတင် ယှဉ်ပြိုင်တဲ့၂ဝ၁၃ ခုနှစ် တည်းကစပြီးနှစ်တိုင်း ရှိနေခဲ့တာဖြစ်ပြီး အခုနှစ် သရဖူရတဲ့ ညီမလေး အနေနဲ့ လည်းဝေဖန်မှုတွေကို ကြံ့ကြံ့ခံနိုင်ဖို့ လည်းလို အပ်တယ် လို့ဆိုပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here