တစ်ကိုယ်တော် ဖျော်ဖြေပွဲ ပြုလုပ်ဖို့ အစီအစဉ်ရှိတယ် ရဲလေး

0
136

အဆိုတော် ရဲလေးက သူထွက်ရှိ ပြီးအယ်လ်ဘမ်ထဲက သီချင်း MTV အချို့ကို အွန်လိုင်းကနေ ဖြန့်ချိလျက်ရှိပါတယ်။ နောက်ထပ်လည်း အခွေထဲက သီချင်းတိုင်းကို MTV မရိုက်ကူးတော့ဘဲ ကိုယ်အကြိုက်ဆုံးသီချင်းတွေကိုပဲ MTV ရိုက်ကူးပြီးပရိသတ်လက်ထဲကို ထည့်ပေးမယ်ဆိုတဲ့ရဲလေးက  အဆိုတော်ရဲလေးက သူထွက်ရှိ ပြီးအယ်လ်ဘမ်ထဲက သီချင်း MTV အချို့ကို အွန်လိုင်းကနေ ဖြန့်ချိလျက်ရှိပါတယ်။ “ကျွန်တော့်ရဲ့နောက်ထပ် သီချင်းတွေကိုလည်း Online Release  ပုံစံတွေပဲလာမှာပါ ခင်ဗျာ့။

အခုလည်း ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်ရဲ့ Page မှာ သီချင်း MTV တွေတင်ပေးထားတယ်။ နောက်ပိုင်းတော့ ကာရာအိုကေဆိုချင်သူတွေအတွက် အစီအစဉ်တစ်ခုခု လုပ်မယ်ပေါ့။ တစ်ကမ္ဘာလုံးမှာ ကြည့်ရင်လည်း တစ်ခွေလုံးကို MTV ရိုက်ကူးတာမျိုးမရှိဘူး။ ကျွန်တော်တို့တစ်နိုင်ငံပဲ ရှိတယ်။ အရင်တုန်းကလုပ်ခဲ့တာ နောက်ပိုင်းတော့ ပုံစံပြောင်းပြီး ကိုယ်နှစ်သက်တဲ့ MTV ကို အရောက်တင်ဆက်တဲ့ စနစ်ကို ရောက်သွားပြီလို့ ကျွန်တော်ထင် တယ်။ ဒါကအချိန်နဲ့ Update ဖြစ်တယ်။ ပရိုဂျူဆာဘက်ကကြည့်ကြည့်၊ ပရိသတ် တွေဘက်ကြည့်ကြည့် လတ်ဆက် တယ်။ ဒါကြောင့် ဒီပုံစံလေးကို ကြိုက်တယ်။ နိုင်ငံခြားမှာတော့ You Tube ကသွားတဲ့အတွက် အောင်မြင်မှုလည်းရတယ်။ ငွေကြေးလည်းရတယ်။ ဒီစနစ်ကို အကောင်းဆုံးသုံး နိုင်ရင်တော့ ကောင်းပါတယ်။

ကျွန်တော်လည်းနောက်ပိုင်းသီချင်းတွေကိုMTV ရိုက်ကူးရင်ဒီလိုလေး Online ကပဲသွားမှာပါ။ ကျင့်လည်းကျင့်သုံးနေပါပြီ”လို့ ပြောပြပါတယ်။  ရဲလေးအနေနဲ့လည်း တစ်ကိုယ်တော်ဖျော်ဖြေပွဲကို အရင် ကလုပ်ခဲ့ဖူးသလို အခုလည်းပရိသတ်တွေ အတွက် တစ်ကိုယ်တော် ဖျော်ဖြေပွဲ ပြုလုပ်သွားဦးမယ်လို့ဆိုပါတယ်။ “ကျွန်တ်ာကနှစ်တိုင်း တစ်ကိုယ်တော်ရှိုးပွဲကို ရန်ကုန်၊ မန္တလေးမှာ စီစဉ်လေ့ရှိပါတယ်။ တခြားမြို့တွေလည်းအပါအဝင်ပေါ့။ Road Show တွေ၊Trip တွေ၊Tour ဖျော်ဖြေပွဲတွေကို ကျွန်တော်နဲ့ရင်းနှီးတဲ့ သူငယ်ချင်း တွေနဲ့အတူပြုလုပ်သွားမှာပါ။ ၂ဝ၁၇ ခုနှစ်က စတင်ပြီး ကျင်းပဖို့ရှိပါတယ်။ အောက်တိုဘာလအတွင်းမှာလည်း YLJK Page ကနေကြေငြာပေးသွားမယ်။ ကျွန်တော့် ကိုယ်ပိုင် အကောင့်ကလည်း ကြေငြာပေးသွားပါမယ်။ ကျွန် တော်လည်း ကိုယ့်ကိုယ်ကိုယ်မညှာဘူး။

ကိုယ့်အနုပညာကို မလိမ်ဘဲနဲ့ အကောင်းဆုံးနေရာတစ်နေရာရောက်လာအောင် ကြိုးစားနေဆဲပါ။ ဒါကြောင့်ပရိသတ် တွေကိုလည်းကျွန်တော့်ရဲ့ပြော စကားအတိုင်း သတိရရင်အားပေးပါ” လို့ ရဲလေးက ပြောပြပါ တယ်။  ဒါ့အပြင်ရဲလေးက ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) ရိုက် ကူးတဲ့ Rose Rider ဇာတ်ကားကြီး မှာလည်း နှင်းဆီအဖွဲ့နဲ့အတူ ပါဝင် သရုပ်ဆောင်ထားတဲ့အပြင် ဇာတ်ကားတွေလည်း ဆက်လက် ရိုက်ကူးနေ တယ်လို့သိရပါတယ်။

မြတ်မိုးပွင့်

ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here