အောက်တိုဘာလ ၁၄ ရက်နေ့မှာ မင်္ဂလာပွဲ ကျင်းပမယ့် ကြာစိ တို့စုံတွဲ

0
222

လူရွှင်တော် ကြာစိတို့ စုံတွဲကတော့ သီတင်းကျွတ်ပြီး အောက် တိုဘာလ ၁၄ ရက်နေ့မှာ မင်္ဂလာပွဲ ကျင်းပတော့မှာ ဖြစ်ပါတယ်။ မင်္ဂလာပွဲကိုတော့ သူ့ရဲ့ချစ်သူ မဆုဟန်နီဖြိုးရဲ့ ဇာတိမြို့ဖြစ်တဲ့တောင် ကြီးမြို့မှာ ကျင်းပပြု လုပ်မှာဖြစ်ပြီး တောင်ကြီးမြို့ အေးသာယာ မင်္ဂလာခန်းမမှာ နေ့လည် ၁၂ နာရီမှ ညနေ ၄နာရီအထိ ကျင်းပ သွားမှာဖြစ်ကြောင်း သိရပါတယ်။ မင်္ဂလာပွဲ နီးလာပြီဖြစ်တဲ့ အတွက် သူရဲ့ရင်ခုန် သံစကားကိုလည်း အခုလိုပြောပြခဲ့ပါ တယ်။လူရွှင်တော် ကြာစိတို့ စုံတွဲကတော့ သီတင်းကျွတ်ပြီး အောက် တိုဘာလ ၁၄ ရက်နေ့မှာ မင်္ဂလာပွဲ ကျင်းပတော့မှာ ဖြစ်ပါတယ်။ မင်္ဂလာပွဲကိုတော့ သူ့ရဲ့ချစ်သူ မဆုဟန်နီဖြိုးရဲ့ ဇာတိမြို့ဖြစ်တဲ့တောင် ကြီးမြို့မှာ ကျင်းပပြု လုပ်မှာဖြစ်ပြီး တောင်ကြီးမြို့ အေးသာယာ မင်္ဂလာခန်းမမှာ နေ့လည် ၁၂ နာရီမှ ညနေ ၄နာရီအထိ ကျင်းပ သွားမှာဖြစ်ကြောင်း သိရပါတယ်။ မင်္ဂလာပွဲ နီးလာပြီဖြစ်တဲ့ အတွက် သူရဲ့ရင်ခုန် သံစကားကိုလည်း အခုလိုပြောပြခဲ့ပါ တယ်။

“မင်္ဂလာပွဲနီးလာပြီ ဖြစ်တဲ့အတွက် ကျွန်တော်အနေနဲ့ အများကြီး ရင်ခုန် နေပါတယ်။ ဒီမင်္ဂလာပွဲ ဖြစ်မြောက်ဖို့ အတွက်လည်း အများကြီး ကြိုးစားထား ရတာပါ။ နောက်ပြီး မင်္ဂလာပွဲကလွတ်လွတ်လပ်လပ် လုပ်လို့မရဘူး။ ကိုယ်က အလုပ်ကလည်း တစ်ဖက်ဆိုတော့လေ။ ကံ ကောင်းတာတစ်ခု ကတော့ ဇာတ်ကားရိုက်က အောင်ပန်းမှာဖြစ်တဲ့ အတွက် တောင်ကြီးနဲ့ အောင်ပန်းက နီးတော့ အဆင်ပြေ သွားပါတယ်။ မင်္ဂလာပွဲ စီစဉ်ရတာကလည်း ကျွန်တော် တစ်ယောက်တည်း ပဲလုပ်ရတာလေ။ နောက်ပြီး မင်္ဂလာဆောင် တော့ မယ်ဆိုတော့ အနှောက်အယှက် အတားအဆီး တွေ လည်း ကြုံတွေ့ရတော့ အာရုံနောက်ရတာလည်း ရှိတယ်။ ဘယ်လိုအခက်အခဲပဲ ရှိရှိ မင်္ဂလာပွဲကိုတော့ အောင်မြင်အောင် လုပ်သွားမှာပါ။ တောင်ကြီးမှာ လုပ်ပြီးရင် ရန်ကုန်မှာ လုပ်ဖို့တော့ မရှိပါဘူး။ သိပ်ချမ်းသာတဲ့ လူတန်းစား လည်းမဟုတ်တော့ ကျွန်တ်ာတို့အနေ အထားနဲ့ မင်္ဂလာပွဲ နှစ်ပွဲသုံးပွဲမလုပ် နိုင်ပါဘူး။ မင်္ဂဆောင်ပြီးရင်လည်း အစ်ကိုက အလုပ်တစ်ဖက် နဲ့ဆိုတော့ ရန်ကုန်မှာနေလိုက် တောင်ကြီး ပြန်လိုက် အဲဒီလိုပဲနေရမှာပါ” လို့ ပြောခဲ့ပါတယ်။

မင်္ဂလာဆောင်ပြီးရင်လည်း အိမ်ထောင်ဦးစီး တစ်ယောက်ရဲ့ဝတ် တရား ကျေအောင်နေထိုင် သွားမယ် ဆိုတဲ့ လူရွှင်တော်ကြာစိက “ကျွန်တော်တို့နှစ်ယောက် မင်္ဂလာမဆောင်ခင် ကတည်းက တစ် ယောက် နဲ့တစ်ယောက် နားလည်မှုတွေ ယူထားကြတယ်။ မင်္ဂလာဆောင် ပြီးရင်လည်း နားလည်မှုနဲ့ ပဲ ရှေ့ဆက် သွားမှာပါ။ အဓိကတော့ ကျွန်တော်အမျိုးသမီးပါပဲ။ သူကျွန်တော့် အပေါ် နားလည်မူရှိဖို့ပဲ အရေးကြီးပါတယ်။ ကျွန်တော်ကသူ့ အတွက် အားလုံးကို ပြောင်းလဲပြီး အကောင်းဆုံး နေသွားမှာပါ။ ကျွန်တော် ကတော့ လင်ဝတ္တရားကျေအောင် ကြိုးစားပြီးသာယာတဲ့ အိမ် ထောင်တစ်ခုကို တည်ထောင်မှာပါ” လို့  ပြောပြခဲ့ပါတယ်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here