ဂီတစုံ ခံစားရမည့် ဇာတ်ရှုပ်တေးစီးရီး နိုဝင်ဘာလတွင် ဖြန့်မည်

0
102

အဲလက်(စ်)၊ ကိုင်ဇာတင်မုံ (Antibiotic))၊ အဝေးကဧည့်ခန်းIdiots, One Way. Hip-2 Nine One, ချမ်းငြိမ်းကို၊ Lil’z, Fever 109, အောင်သူ၊ Player K, Voices, Sithu Tun တို့ ပါဝင် သီဆိုထားတဲ့ ‘ဇာတ်ရှုပ်’ဆိုတဲ့ တေးစီးရီးက နိုဝင်ဘာလထဲမှာ ထွက်ရှိ လာမယ်လို့သိရပါတယ်။Rock အဆိုတော်တွေနဲ့ Hip Hop အဆို တော်တွေပါဝင်တဲ့ ‘ဇာတ်ရှုပ်’ တေးစီးရီးနဲ့ ပတ်သက်ပြီး ပါဝင်သီဆို ထားတဲ့ Idiots အဖွဲ့မှ ရေမွန်က…

“ကျွန်တော်တို့ မြူးဇစ်အမျိုး အစား အစုံပါမယ်။Hip Hop Artist တွေပါသလို ဒီဘက်က ကိုကိုင် (ကိုင် ဇာတင်မုံ)တို့လည်းပါမယ်။ ကိုပြူး (အဲလက်(စ်))တို့လည်းပါမယ်ဆို တော့ ကျွန်တော်တို့ပါဖြစ်သွားတာပါ။ ကျွန်တော်တို့မှာ အကန့်အသတ် မရှိပါဘူး။ ဘယ်မြူှးဇစ်မှရယ်လို့မှ ကန့်သတ်ချက်မရှိပါဘူး။ အဲဒီ မက်ဆေ့(ခ်ျ)ကိုပေးချင်တဲ့ အတွက်လည်း ပါဖြစ်သွားတာပါ။ ဒီဇာတ်ရှုပ် ဆိုတာလည်း ကျွန်တော်တို့ သီချင်းလေးရဲ့နာမည်ပါ။ အဲဒါကြောင့် အားပေးကြပါဦး” လို့ပြောပါတယ်။

နောက်ထပ်ပါဝင်သီဆိုထားတဲ့ ဟစ်ဟော့ပ်အဆိုတော နိုင်းဝမ်း ကလည်း “ဒီအခွေမှာက G.Family ကသူငယ်ချင်းတွေလည်းပါတယ်။ ပြီးတော့ ကျွန်တော်ငယ်ငယ်လေး ကတည်းက တကယ်ကြိုက်ရတဲ့ ကိုကိုင်ဇာတို့၊ ကိုပြူးတို့လည်းပါတယ်။ ပြီးတော့ ရေမွန်တို့နဲ့ဆိုရင်လည်း သူငယ်ချင်းအရင်းတွေ။ ကျွန်တော်ကိုယ်တိုင်လည်း မြူးဇစ်တွေ ခွဲခြားတာမရှိပါဘူး။ အနုပညာကို အနုပညာလို့ပဲ ခံစားပါတယ်” လို့ပြောပြခဲ့ပါတယ်။

    မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here