အားလုံးနဲ့ ယှဉ်ရင်မကျန်ခဲ့ရအောင် အကောင်းဆုံး ကြိုးစားနေတဲ့ အလှမယ် အိကျော့ခိုင်

0
151

Miss Myanmar World 2017 ပြိုင်ပွဲရဲ့ Winner ဆုရှင် အလှမယ် အိကျော့ခိုင် ကတော့ တရုတ်နိုင်ငံမှာ ကျင်းပပြုလုပ်မယ့် Miss World  ၂ဝ၁၇ ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ အောက် တိုဘာလ ၂ဝ ရက်နေ့ မှ နိုဝင်ဘာလ ၁၈ ရက်နေ့ထိ သွားရောက် ယှဉ်ပြိုင် ရမှာဖြစ်ကြောင်းလည်း သိရပါတယ်။ သူမအနေနဲ့ Miss World 2017 ပြိုင်ပွဲကြီး အတွက် ပြင်ဆင်နေတာနဲ့ ပတ်သက်ပြီး …Miss Myanmar World 2017 ပြိုင်ပွဲရဲ့ Winner ဆုရှင် အလှမယ် အိကျော့ခိုင် ကတော့ တရုတ်နိုင်ငံမှာ ကျင်းပပြုလုပ်မယ့် Miss World  ၂ဝ၁၇ ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ အောက် တိုဘာလ ၂ဝ ရက်နေ့ မှ နိုဝင်ဘာလ ၁၈ ရက်နေ့ထိ သွားရောက် ယှဉ်ပြိုင် ရမှာဖြစ်ကြောင်းလည်း သိရပါတယ်။

သူမအနေနဲ့ Miss World 2017 ပြိုင်ပွဲကြီး အတွက် ပြင်ဆင်နေတာနဲ့ ပတ်သက်ပြီး … ” အခုအိကျော့ ပြိုင်ပွဲအတွက် ပြင်ဆင်နေပါတယ်။ အဲ့ဒီ Miss World ပြိုင်ပွဲမှာက တခြားပြိုင်ပွဲတွေ အနေနဲ့ ပြိုင်ပွဲငါးပွဲ ရှိတယ်။ Talent  ရှိတယ်။ အကရှိတယ်။ အဲဒီအတွက် လည်း အကတွေ ပြင်ဆင်နေပါတယ်။ Talent အတွက်ကတော့ အိကျော့ ပလွေမှုတ်မယ်ပေါ့နော်။ ပြီးတော့ ဒီ ဇိုင်နာတွေက ဒီဇိုင်နာဆု ရဖို့အတွက် အိကျော့ကို Dress တွေ ပြင်ဆင်ပေး နေကြပါတယ်။ တရုတ်နိုင်ငံ ရောက် လို့ရှိရင်လည်း အားလုံးနဲ့ ယှဉ်လို့ရှိ ရင် နောက်မကျနေအောင် လို့ အိကျာ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်။  ခုလည်း ပထမဆုံး နိုင်ငံခြားမှာ သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်တဲ့ အတွက် အရမ်း ကိုရင်ခုန်နေပါတယ်။ ကိုယ့်နိုင်ငံကို ကိုယ်စား ပြုရမှာ ဖြစ်တဲ့အတွက် အ ရမ်းကို ဂုဏ်ယူပြီးတော့ ပျော်နေပါ တယ်”လို့ပြောခဲ့ပါတယ်။

ဇော်ဝင်းအောင် 


LEAVE A REPLY

Please enter your comment!
Please enter your name here