ညီမဘက်က ရခိုင်ဗီဒီယိုဖိုင်တင်လို့ ဆုံးရှုံးသွားရတယ်ဆိုရင် ဘယ်တော့မှနောင်တ ရမှာမဟုတ်ပါဘူး ရွှေအိမ်စည်

0
230

အလှမယ် ရွှေအိမ်စည်က လတ်တလောမှာ ရခိုင်အရေးကိစ္စနဲ့ ပတ်သက်ပြီး ကမ္ဘာက သိရှိအောင် အင်္ဂလိပ်ဘာသာစကားနဲ့ ရှင်းလင်းပြောပြထားတဲ့ ဗီဒီယို ဖိုင်တစ်ခုကို အွန်လိုင်းပေါ် တင်ထားတာတွေ့ရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဂယက်များစွာ ဖြစ်ခဲ့ရတယ်ဆိုတဲ့ ရွှေအိမ်စည်က…

“အဲဒီ ရခိုင်ကိစ္စနဲ့ ပတ်သက်ပြီး ဂယက်ကနည်းနည်း ကြီးသွားတယ်လို့ ပြောရင်လည်း ပြောလို့ရပါတယ်။ ရခိုင်ကိစ္စနဲ့ ပတ်သက်ပြီး ကိုယ့်မှာ supporter တွေပိုများလာသလို ကိုယ့်ကိုယ်ဖိချင်တဲ့သူတွေလည်း ပိုများလာတယ်။ အဲဒါကို အိမ်စည် ကိုယ်တိုင်သိတယ်။ တချို့က နိုင်ငံတကာကပါ မပြိုင်စေချင် တော့ဘူး တဲ့။ ဘာဖြစ်လို့လဲဆိုတော့ သူကတစ်ဖက်သတ်ကြီး ပြောနေတယ်တဲ့။ သူတို့ဘက်ကို လိုက်မပြောတဲ့အတွက် နည်းနည်းရန်လိုတဲ့အပိုင်းတွေ ရှိလာတယ်။ တချို့နိုင်ငံတွေကလည်း Miss Grand တစ်ယောက် အနေနဲ့ peace ကို peace လုပ်တဲ့miss တစ်ယောက်အနေနဲ့ ခန့်အပ်ဖို့အတွက် မထိုက်တန်ဘူးပေါ့၊ မလွှတ်ဖို့လည်း ဖိအားပေးမှု တွေရှိတယ်။ အဲဒါတွေကို Organization အပေါ်ဘယ်လို ကျ ရောက်လဲ အိမ်စည်လဲမသိသေးဘူး။ အဲဒီဗီဒီယိုတင်လိုက်တဲ့ အတွက် နောင်တတော့မရဘူး။

အိမ်စည်နဲ့ Organization နဲ့ ကြားမှာလည်း ဒီဗီဒီယိုဖိုင် ကိစ္စပဲရှိပါတယ်။ ကျန်တဲ့ဂယက် သိပ် မရှိပါဘူး။ ညီမဘက်က ဒီဗီဒီယိုဖိုင်တင်လို့ ဆုံးရှုံးသွားရတယ်ဆိုရင် ဘယ်တော့မှ နောင်တရမှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြိုင် ပွဲဝင် သည်ဖြစ်စေ၊ မဝင်သည် ဖြစ်စေ ဒီဗီဒီယိုဖိုင်ကို တင်ဖြစ်မှာပါပဲ” လို့ ပြောပါတယ်။ ရွှေအိမ်စည်အနေနဲ့ သူ့ ပရိသတ်တွေကို ပြောချင်တဲ့စကား ကတော့…….

“အိမ်စည် Miss Grand ပွဲကို ပြိုင်ရသည် ဖြစ်စေ၊ မပြိုင် ရသည်ဖြစ်စေ၊နောက်ပိုင်းမှာ နိုင်ငံ့အတွက် အကျိုးဆောင် ရွက်တာတွေကို miss တစ်ယောက်ဖြစ်မှမဟုတ်ပါဘူး၊ ကိုယ်လုပ်စရာရှိတာတွေကို ဆက်လုပ်သွားပါမယ်။ အိမ်စည့်ကို အားပေးကြပါဦး” လို့ပြောပါတယ်။    အလှမယ်ရွှေအိမ်စည်ကို Miss Universe Myanmar Organization မှ သရဖူရုပ်သိမ်းတဲ့ကြေညာချက်ကို အောက်တိုဘာလ ၁ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ ဒီလို သရဖူ ရုပ်သိမ်းမှုနဲ့ ပတ်သက်ပြီး အလှမယ် ရွှေအိမ်စည်ဘက် က အောက်တိုဘာလ၂ရက်နေ့မှာ စာနယ်ဇင်းရှင်းလင်း ပွဲပြုလုပ်ခဲ့ပြီး မီဒီယာများကိုပြန်လည် ရှင်းလင်းပြော ကြားခဲ့ပါတယ်။

 ခိုင်ဝေလွင်၊

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here