ကိုယ့်နိုင်ငံကို မျက်နှာမငယ်ရအောင် တတ်စွမ်းသလောက် အစွမ်းကုန် ကြိုးစားပါ့မယ်ဆိုတဲ့ Miss Grand Myanmar 2017 အလှမယ် အေးချမ်းမိုး

0
213

6th Miss Universe Myanmar Congratulations Party မှာ National Director ဖြစ်သူ ဒေါ်စိုးယုဝေက Miss Grand Myanmar အဖြစ် ရွေးချယ် လိုက်ကြောင်းကြေညာခဲ့တဲ့အတွက် အံ့အားသင့်ခဲ့ရကြောင်း အလှမယ် အေးချမ်းမိုး က ပြောပါတယ်။”ညီမ အခုအချိန်ထိတောင် ရင်တုန်နေတုန်းပါပဲ။ ကိုယ့်ကိုယ်ကိုယ်လည်း မမျှော်လင့်ထားပါဘူး။ ဒီနေ့မှာ Surprise လုပ်လိုက်တဲ့အတွက် စိတ်ထဲမှာ ရှော့ခ်ဖြစ်သွားတယ်။ ဝမ်းနည်းဝမ်းသာပေါ့” လို့ ပြောပါတယ်။

Organization ဘက်က သူ့ကို ယုံကြည်ပြီး စေလွှတ်တဲ့အ တွက် အချိန်မရှိတဲ့ကြားကပဲ ယုံကြည်မှု ရှိရှိနဲ့ အကောင်းဆုံး ယှဉ်ပြိုင်သွားမှာ ဖြစ်ကြောင်း ပြောပါတယ်။ Miss Grand Myanmar 2017 သရဖူ ရုပ်သိမ်းခံရတဲ့ အလှမယ် ရွှေအိမ် စည်အပေါ်ကိုရော ဘာများပြောချင် ပါသလဲလို့ မေးတော့………..

“ညီမအနေနဲ့ ဘာမှပြောစရာ စကားမရှိပါဘူး။ ညီမလည်း ဒီကိစ္စ တွေကို သေချာလည်း မသိဘူး။ အခု မှ ဒီနေ့ပွဲမှာ organization က မစိုးယုဝေက ကြေညာလိုက်တဲ့ အတွက် ညီမကို လွှဲပြောင်းပေးလိုက် တယ်။ Organization က တာဝန်ပေးတဲ့အတွက်   တာဝန်ကျေကျေနဲ့ သွားချင်ပါတယ်” လို့ ပြောပါတယ်။ မြန်မာနိုင်ငံအတွက် မျက်နှာမငယ်အောင် ကြိုးစားခဲ့ပါ မယ်ဆိုတဲ့ အလှမယ်အေးချမ်းမိုးက……..

အခက်အခဲတွေကြားက ညီမကို အားပေးတဲ့ ပရိသတ်တွေ လည်းဆက်ပြီး အားပေးပေးပါ။ ကိုယ့်နိုင်ငံကို မျက်နှာမငယ်ရအောင် ညီမတတ်စွမ်းသလောက် အစွမ်းကုန် ကြိုးစားပါ့မယ်။ နိုင်ငံတကာစင်မြင့်ကတော့ ညီမတို့ မြန်မာ နိုင်ငံက စင်မြင့်နဲ့ ပုံစံမတူဘူးပေါ့။ အလှမယ်တွေ အများကြီး ရှိတဲ့အ တွက် အလှမယ် တွေနဲ့တန်းတူ အကောင်းဆုံး ကြိုးစားမယ်ဆိုတာ ကိုတော့ ကတိပေးချင် ပါတယ်”လို့ ပြောပါတယ်။

 ဝေဖန်ပြောဆိုနေကြတဲ့ သူတွေကို အပြစ်မပြောချင်ဘဲ အဖြူစင် ဆုံးစိတ်ပဲထားသွားမယ်ဆိုတဲ့ အလှမယ် အေးချမ်းမိုးက “ညီမတို့ အနုပညာ ရှင်တွေ ကတော့ ကောင်းတာပြောခံရတာရှိသလို ဝေဖန်တိုက်ခိုက်ခံရတာတွေ လည်း ရှိမှာပါပဲ။ ပြိုင်ပွဲတွေမှ မဟုတ်ပါဘူး။ အပြင်လောကမှာ ကျင်လည် နေကြတဲ့ အနုပညာအသိုင်းအဝိုင်းက အနုပညာရှင်တွေလည်း ကြုံတွေ့နေ ရတဲ့ အရာတစ်ခုပါ။ သူတို့ကို ဘာမှမတုံ့ပြန်ချင်ပါဘူး။ ကိုယ့်ရဲ့ စိတ်ရင်းကပဲ ဖြူဖြူစင်စင်လေး ထားချင်ပါတယ်။ အပြစ်ပြောတဲ့ သူတွေကိုလည်း ဘာမှ အပြစ်မပြောချင်ပါဘူး။ ညီမအားလုံးကို အဖြူစင်ဆုံး စိတ်ထားတယ်။ အား လုံးကလည်း ညီမကို အပြစ်မမြင်ပဲနဲ့ အကောင်းဆုံး ပံ့ပိုးပေးနိုင်မယ်လို့ ယုံ ကြည်ပါတယ်”လို့ ပြောပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here