ဇော်ဝင်းထွဋ်၊ R ဇာနည် နဲ့ ဝေလတို့ရဲ့ ဆေးပေါင်းခမယ့်ည

0
210

 

ဇော်ဝင်းထွဋ်နဲ့အတူ Emperor တီးဝိုင်း၊R ဇာနည်နဲ့ The Trees တီးဝိုင်း၊ဝေလ နဲ့ အတူ Runner တီးဝိုင်းစတဲ့ အဆိုတော် ၃ ယောက် ၃ ဖွဲ့  ဖျော်ဖြေကြမယ့် ‘ဆေးပေါင်း ခတဲ့ည” Rock Concert ကို နိုဝင်ဘာလ ၂ ရက်နေ့ ပြည်သူ့ရင်ပြင်မှာ ပြုလုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီပွဲကတော့ နိုဝင်ဘာလ ၃ ရက်နေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားပေမယ့် ပွဲတိုက်တွေ ရှိနေ တာကြောင့် ၂ ရက်နေ့ကို ရက်ရှေ့တိုးပြီး ကျင်းပလိုက်တယ်လို့လည်း သိရပါတယ်။ Rock ဂီတ သီးသန့်ဖျော်ဖြေပွဲ ဖြစ်တာကြောင့် ပါဝင်သီဆိုကြမယ့် အဆိုတော်တွေကလည်း အားပါးတရဖျော်ဖြေ ကြမှာ ဖြစ်ပါတယ်။

“ကျွန်တော်တို့အနေနဲ့လည်း ပွဲကိုဖျော်ဖြေတဲ့အခါ ပရိ သတ်တွေ လာကြည့်ရကျိုးနပ်တဲ့ပွဲမျိုးပဲ ဖြစ် စေချင်ပါတယ်။ ဒါကြောင့် ဒီပွဲကလည်း ၃ ဖွဲ့တည်းလည်း ဖြစ်တယ်။ ရော့ခ်ဂီတပွဲဖြစ်တာကြောင့် ကျွန်တော်တို့ သီချင်းတွေကိုလည်း ပုံစံတစ်မျိုးလေး ပြောင်းတီးမယ့် အပုဒ်တွေလည်း ပါပါမယ်။အခြား အပြောင်းအလဲ လုပ်ထားတာလေး တွေလည်း ပါပါမယ်။ ပွဲနေ့မှာတော့ သေချာမြင်ရမှာပါ” လို့ဆေးပေါင်းခတဲ့ည ဂီတပွဲမှာ ပါဝင်ဖျော်ဖြေမယ့် အဆိုတော် R ဇာနည်က ပြောပါတယ်။

ဒီပွဲကိုတော့ အရင်က Heart Music ဆိုတဲ့ နာမည်နဲ့  ဂီတလုပ် ငန်းတွေ လုပ်ကိုင်ခဲ့တဲ့ ကိုမောင် မောင်ထွေးတို့က စီစဉ်တာဖြစ်ပြီး ပွဲနဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုလည်း မကြာမီမှာ ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။

P-054


LEAVE A REPLY

Please enter your comment!
Please enter your name here