ဘန်ကောက်မှာ ဆေးကုသမှု ခံယူခဲ့တဲ့ တင်မောင်ဆန်းမင်းဝင်း

0
130

တင်မောင်ဆန်းမင်းတို့ မိသား စုက ဘန်ကောက်မှာဆေးကုသမှု ခံယူလျက်ရှိနေပါတယ်။ သူတို့အနေနဲ့ မိုးရာသီ အထူးဖျော်ဖြေပွဲ အပြီးမှာ ဘန်ကောက်ကို ထွက်ခွာခဲ့တာပဲ ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူ တင်မောင် ဆန်းမင်းဝင်းရဲ့ ကျန်းမာ ရေး အခြေအနေ အကြောင်းကိုတော့ တင်မောင်ဆန်းမင်းတို့ မိသား စုက ဘန်ကောက်မှာဆေးကုသမှု ခံယူလျက်ရှိနေပါတယ်။ သူတို့အနေနဲ့ မိုးရာသီ အထူးဖျော်ဖြေပွဲ အပြီးမှာ ဘန်ကောက်ကို ထွက်ခွာခဲ့တာပဲ ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူ တင်မောင် ဆန်းမင်းဝင်းရဲ့ ကျန်းမာ ရေး အခြေအနေ အကြောင်းကိုတော့  “မျက်စိမဖြစ်မနေ ခွဲရတယ်။ တစ်ဖက် အဆင်မပြေလို့ပြန်မယ့်ရက် နောက်ဆုတ်ထားရတယ်။ အသည်း၊ အဆုတ် မစစ်ဆေးရသေးဘူး။ ၁၁လ ပိုင်းကျမှ အချိန်ယူပြီး အကုန်ပြန်ပြ ရမယ်။ အဖွဲ့တွေကို အားနာတယ်။ အဖေရော သားရော ကျန်းမာရေး ညံ့တယ်။ အမေကျတော့မကောင်း ဘူး။ ကိုယ့်ရောဂါ ကိုမပြရသေးဘူး။ ကိုယ့်အပူကိုယ်သာ သိပါတယ်။ အားလုံးကို အမြဲပြုံးပြချင်နေတဲ့ သူ တွေပါ။ သောကအပူတွေ ဖုံးပြီးတော့ ပြုံးပြနေချင်တဲ့ သူတွေပါ။ အားလုံး ကိုစိတ်ချမ်းသာစေချင်တာ ကိုဆန်း မင်းရဲ့စိတ်ရင်းပါ။ တစ်ခါတစ်လေ သူတို့အလို မကျတာတွေအတွက် မ လုပ်ပေးနိုင်၊ မပြုံးမိရင် စိတ်ဆိုးတဲ့ သူတွေကရှိသေးတယ်။ နားလည်ပေး ကြပါနော်။ တအားပင်ပန်းနေကြလို့ ပါ။ ချစ်ခင်အားပေးတဲ့ ပရိသတ်တွေ ကို ကျေးဇူးတင်ပါတယ်” လို့ မအေး မမလှိုင်ကပြောပြပါတယ်။ အခု လက်ရှိ အချိန်မှာတော့ သူတို့မိသားစု ရန်ကုန်ကို ပြန်လည် ရောက်ရှိနေပြီ ဖြစ်တယ် လို့သိရပါတယ်။ တင်မောင် ဆန်းမင်းဝင်းက ရန်ကုန်မှာ ကတည်း ကဆေးကုသမှု ခံယူနေရ တာဖြစ်ပေ မယ့်မိုးရာသီ အထူးဖျော်ဖြေပွဲကို တော့ သူ့အနေနဲ့ ပရိသတ်တွေကို တာဝန်ကျေပွန်စွာ တင်ဆက် က ပြနိုင်ခဲ့ပါတယ်။ ဖခင်ဖြစ်သူ နေ မကောင်းတဲ့ အချိန်မှာသား ဖြစ် သူ မင်းရွှေရောင်တင် ကလည်း ဖခင် ဖြစ်သူ ကိုယ်စားပရိသတ်တွေကို အ ကောင်းဆုံးဖြစ်အောင် တင်ဆက် က ပြခဲ့ပါတယ်။ ရွှေမန်းမိသားစုရဲ့ အနု ပညာ အပေါ်တာဝန် ကျေပွန်မှု တွေ ကတော့ပရိသတ်တွေအတွက် ပြောစမှတ်တွင်ခဲ့ကြပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here