မိုးဟေကို၊ သင်ဇာဝင့်ကျော်၊ ဒါရိုက်တာ စတီးလ်တို့ ဘယ်လိုပြန်လည် အဆင်ပြေခဲ့ကြလဲ

0
247

မိုးဟေကို၊ သင့်ဇာဝင့်ကျော်နဲ့ ဒါရိုက်တာ စတီးလ်တို့ရဲ့ ပဋိပက္ခနဲ့ ပတ်သတ်ပြီး အောက်တိုဘာလ ၂ ရက်နေ့က ရုပ်ရှင် အစည်းအရုံးမှာ အမူဆောင် လူကြီးများ နဲ့အတူ သုံး ပွင့်ဆိုင် ဖြေရှင်းခဲ့ကြပြီး နားလည်မူ ယူခဲ့ကြပါတယ်။ ဒီအကြောင်းအရာ နဲ့ပတ်သက်ပြီး မိုးဟေကိုက ခုလို ပြောပြခဲ့ပါတယ်။မိုးဟေကို၊ သင့်ဇာဝင့်ကျော်နဲ့ ဒါရိုက်တာ စတီးလ်တို့ရဲ့ ပဋိပက္ခနဲ့ ပတ်သတ်ပြီး အောက်တိုဘာလ ၂ ရက်နေ့က ရုပ်ရှင် အစည်းအရုံးမှာ အမူဆောင် လူကြီးများနဲ့အတူ သုံး ပွင့်ဆိုင် ဖြေရှင်းခဲ့ကြပြီး နားလည်မူ ယူခဲ့ကြပါတယ်။ ဒီအကြောင်းအရာ နဲ့ပတ်သက်ပြီး မိုးဟေကိုက ခုလို ပြောပြခဲ့ပါတယ်။

” မိုး ကခုလို ဖြစ်သွားတာ ဘာ မှမသိလိုက်ပါဘူး။ အမေက ဆေးရုံ တင် ထားရတော့ လုပ်တွေများနေလို့ ဖုန်းမဆက် လိုက်ရဘူး။ အဲ့ဒီမှာ သင့် ဇာက တစ်ရက်မစောင့်ဘဲ တစ်ဖက် သတ်ကြီး ခံစားချက်တွေကို facebook မှာ ချရေးလိုက်တော့ အခုလို ဖြစ်ကုန်တာပါ။ အားလုံးရဲ့ အထင်အမြင် လွဲခြင်းလည်း ခံရလိုက် တယ်။ အဲဒါကို သင့်ဇာဘက်က လည်း ကျေအေးအောင် ပြန်ရေးပေး မယ်ဆိုတော့လည်း မိုးကလည်း ကျေနပ်ပါတယ်” လို့ ပြောခဲ့ပါတယ် ။

သင့်ဇာဝင့်ကျော်က ဖေ့ဘုတ် ပေါ် ရေးသားဖော်ပြရာမှာ သူမ အပေါ် ဒါရိုက်တာ စတီးလ်ရဲ့ ဆက်ဆံ မှု အပေါ်မှာလည်း ကျေနပ် မှုမရှိတဲ့အကြောင်းအရာ တစ်ခု ပါဝင်ခဲ့ပါတယ်။ အဆိုပါကိစ္စနဲ့ ပတ် သက်ပြီး ဒါရိုက်တာစတီးလ်က … “သင့်ဇာ က ကျွန်တော့်ကိုဆက် ရိုက်ဦးမှာလား မေးတော့ ကျွန်တော် ကလည်း အရမ်းပင်ပန်းပြီး အခန်း ကျဉ်းထဲမှာ ရိုက်ဦးမယ်လို့ ပြောလိုက် တာ နည်းနည်း ကျယ်သလိုဖြစ်သွားတဲ့ အတွက် သင့်ဇာဘက်ကလည်း အော် လိုက်သလို ဖြစ်သွားတဲ့ အတွက် ကျွန် တော်မှားပါတယ်။ ကျွန်တော့် စိတ်ထဲ မှာလည်း ဘာမှမရှိပါဘူး။ မမသင့်ဇာ ကိုလည်း အစကတည်းက ကျွန်တော် က ချစ်ပြီးသားပါ။ အဲဒါကြောင့် ကျွန်တ်ာရိုက်ကူးတဲ့ ဇာတ်ကားတွမှာ မမသင့်ဇာ အမြဲပါတာပါ။ ကျွန်တော် မှားခဲ့တယ် ဆိုရင်လည်း မမသင့်ဇာကို တောင်းပန်ပါတယ်။ ရှေ့ဆက်ပြီး လည်း အလုပ်တွေ ဆက်လုပ်ချင်ပါ တယ်”လို့ ပြောခဲ့ ပါတယ်။

ဒီအကြောင်းအရာနဲ့ပတ် သက် ပြီး သင့်ဇာဝင့်ကျော်ကလည်း … “သင်ဇာကလည်း ဖြစ်ဖြစ်ချင်း မှာ ထုတ်လုပ်သူ ဘက်က မဆက် သွယ်လို့ အထင် လွဲမှားပြီးတော့ ရေး လိုက်မိတာပါ။ အဲဒီလို့ ရေးလိုက် တာကလည်း နှစ်ဦးနှစ်ဘက် ကိုနစ် နာ သွားတယ် ဆိုရင်လည်း သင်ဇာ တောင်းပန်ပါတယ်။ ကိုယ့်သူငယ် ချင်းတွေ၊ ကိုယ့် Fan တွေက ကိုယ်ခံစားချက်ကို သိအောင် လို့သာ ရေးလိုက်တာပါ။ ဘယ်သူကိုမှ နစ် နာစေလိုတဲ့ စိတ်မရှိခဲ့ပါဘူး”လို့ ပြောခဲ့ပါတယ်။

အခုလို ဖြေရှင်းခဲ့ရာမှ အားလုံး ပြေလည်သွားပြီး သင်ဇာဝင့်ကျော် အနေနဲ့လည်း ဒီဇာတ်ကားကို ဆက် လက် ရိုက်ကူးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

 ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here