ဆင်ဆာဆိုတာ လိုအပ်တာထက် ပိုပြီး မရှိသင့်တော့ဘူး ဒါရိုက်တာ ညိုမင်းလွင်

0
255

ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူး တဲ့ “ဇီးကွက် သေတ္တာ” ရုပ်သံ ဇာတ်လမ်းတွဲကိုတော့ ခုလက်ရှိ MWD documentary  မှာထုတ် လွှင့်ပြသ နေပြီဖြစ်ပါတယ်။ ဒီရုပ်သံ ဇာတ် လမ်းတွဲမှာတော့ သူကိုယ်တိုင်လည်း ပါဝင်သရုပ်ဆောင်ထားပြီး တခြား သရုပ်ဆောင် အသစ်များလည်း ပါ ဝင်ကြောင်း သိရပါတယ်။ အဆိုပါ ရုပ်သံဇာတ် လမ်းရဲ့ ထူးခြားမှုများနဲ့ ပတ်သက်ပြီး..ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူး တဲ့ “ဇီးကွက် သေတ္တာ” ရုပ်သံ ဇာတ်လမ်းတွဲကိုတော့ ခုလက်ရှိ MWD documentary  မှာထုတ် လွှင့်ပြသ နေပြီဖြစ်ပါတယ်။ ဒီရုပ်သံ ဇာတ် လမ်းတွဲမှာတော့ သူကိုယ်တိုင်လည်း ပါဝင်သရုပ်ဆောင်ထားပြီး တခြား သရုပ်ဆောင် အသစ်များလည်း ပါ ဝင်ကြောင်း သိရပါတယ်။ အဆိုပါ ရုပ်သံဇာတ် လမ်းရဲ့ ထူးခြားမှုများနဲ့ ပတ်သက်ပြီး.. ဒီဇာတ်လမ်းတွဲ ကတော့ တစ်ပတ်ကြည့်ပြီးတော့ နောက်တစ်ပတ် မကြည့်ဖြစ်လည်း ပြဿနာမရှိဘူး။ ပြီးတော့ နောက်တစ်ပတ် ပြန်ကြည့်လည်း အဆင်ပြေတယ်။ ဇာတ်လမ်းနောက်တစ်ပုဒ်ဖြစ်တယ်။ ဈေးကွက်အရ ပြောရရင်တော့ တခြား ဇာတ်လမ်းတွဲတွေ လောက် ဆွဲဆောင်မရှိ ဖြစ်ရင် ဖြစ်နေမှာပေါ့နော်။ ဒါပေမဲ့ အားသာချက် တစ်ခုက  ဒီဇာတ်လမ်း တွဲကို ကြည်ရှုတဲ့ ပရိသတ်သည် စကြည့်မိလိုက်လို့ မဖြစ်မနေ တာဝန် တစ်ခုလို့ ကြည့်ရမှာ မဟုတ်ပဲ တကယ်ကြည့်ချင်လို့ ကြည့်တာ ပဲဖြစ်ရမယ်။ ကျွန်တ်ာကအဲဒီလိုဖြစ်ချင် တာပါ”  လို့ပြောခဲ့ပါတယ်။

ဒီရုပ်သံ ဇာတ်လမ်းတွဲမှာ ဆင်ဆာ နဲ့ပတ်သက်ပြီး အားရကျေနပ်မှု မရှိတာတွေလည်း ရှိခဲ့ပြီး အခုခတ်မှာ ဆင်ဆာက လိုအပ်တာထက် ပိုပြီး မရှိသင့်တော့ဘူးလို့ ပြောလာတဲ့ ဒါရိုက်တာ ညိုမင်းလွင်က “ဒီဇာတ်လမ်းတွဲမှာ သရဲ ခြောက်ခါနီး တက်တူးထိုးတဲ့ အခန်းကျဉ်းထဲမှာ မင်းခက စိတ်ပူပြီးတော့ ဆေးလိပ်သောက်တဲ့ အခန်း ကျွန်တော်ပြထားတယ်။ အဲဒီချိန်မှာ Background Music  ကလည်း သရဲခြောက်ဖို့ဘက်ကို ဦးတည်လာပြီ။ ပရိသတ်ကိုလည်း စိတ်လှုပ်ရှားမှု ပေးချင်ပြီပေါ့။ အဲဒီမှာ အောက်ကနေ “ဆေးလိမ်သောက်ခြင်းသည် ကျန်း မာရေးကိုဆိုးဝါးစွာ ထိခိုက်စေသည်” စာကြောင်းဖြတ်ဝင် လာတာက ဘယ်သူမဆို ဇာတ်ကားကြည့်နေတဲ့သူကို အရသာ လျော့သွားတယ်။ ကျွန်တော်ကတော့ မကြိုက်ဘူး။ ဒါပေမဲ့ ဒီအခန်းဖျက်ပေးရတော့မယ့် အခါကျ တော့လည်း ထိုးပေးရပါတယ်”  လို့ ပြောခဲ့ပါတယ်။

အမှုဆောင်သစ်တွေနဲ့ စနစ်တစ်ခု ပြောင်းလဲတော့မှာ ဖြစ်တာကြောင့် နောက်ပိုင်းမှာ ဒါရိုက်တာ တစ်ယောက် အနေနဲ့ ဆင်ဆာနဲ့ ပတ်သက်ပြီး လျော့ကျသွားမယ့်လို့ မျှော်လင့်ထားတာရှိလားလို့ မေးမြန်း ခဲ့ရာ “ကျွန်တော်က ရှေ့မှာလည်း ဆင်ဆာဆိုတာ မရှိသင့်ဘူးဆိုတဲ့ ဘက်ကပဲပြောခဲ့တာကိုး။ တကယ် တမ်းကျတော့လည်း ဆင်ဆာဆိုတာက ခုခေတ်မှာ လိုအပ်တာထက်ပိုပြီး မရှိသင့်တော့ပါဘူး။ တစ်ခါ တစ်လေ ကျွန်တော်တို့ အဖြတ်ခံရတာမျိုးတွေ facebook ပေါ်မှာ ကြည့်နေကြ တာပဲလေ။ သွေးထွက် များလို့ ကျွန်တော်တို့ကို ဖြတ်ခိုင်းတယ်။ ဒါပေမဲ့ အဲဒါထက်ပိုပြီး သွေးထွက်များတဲ့ ဟာတွေကို ကြည့်နေ ကြတာပဲလေ။ အဲလိုဖြတ်နေတာ ကလည်း ဒီခေတ်မျာအဓိပ္ပယ် မရှိတော့ဘူးလို့ထင်ပါတယ်။ ကျွန်တော် သိသလောက် ဆင်ဆာက ပြန်ကြားရေး ဘက်က ရုပ်ရှင်မြှင့်တင်ရေး နဲ့ ရုပ်ရှင်လုပ်ငန်း ဘက်ကလူတွေက ပြောင်းလဲသွားပါပြီ။ အဓိက မပြောင်းလဲဘဲ ဆက်လုပ်နေတဲ့သူတွေက ရုပ်ရှင်အစည်း အရုံးဘက်က လူတွေပါ” လို့ပြောပြခဲ့ပါတယ်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here