သရုပ်ဆောင် တစ်ယောက်ဆိုတာ အစစအရာရာ ဂရုစိုက်ရတယ် မေသဉ္ဇာဦး

0
176

သရုပ်ဆောင် မေသဉ္ဇာဦးက အခုလတ်တလောမှာ “ဆန္ဒရှိရင် ပြော” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား မှာ ပါဝင်သရုပ်ဆောင် ရိုက်ကူးဖြစ် နေတယ်လို့ သိရပါတယ်။ မေသဉ္ဇာဦးက သရုပ်ဆောင် လောကထဲကို မထင်မှတ်ဘဲ ရောက်ရှိခဲ့တယ် လို့လည်း သိရပါတယ်။ သူမ သရုပ်ဆောင် လောကထဲကို ရောက်ရှိခဲ့ပုံကို တော့ …သရုပ်ဆောင် မေသဉ္ဇာဦးက အခုလတ်တလောမှာ “ဆန္ဒရှိရင် ပြော” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား မှာ ပါဝင်သရုပ်ဆောင် ရိုက်ကူးဖြစ် နေတယ်လို့ သိရပါတယ်။ မေသဉ္ဇာဦးက သရုပ်ဆောင် လောကထဲကို မထင်မှတ်ဘဲ ရောက်ရှိခဲ့တယ် လို့လည်း သိရပါတယ်။ သူမ သရုပ်ဆောင် လောကထဲကို ရောက်ရှိခဲ့ပုံကို တော့ … “အစ်မက အနုပညာလောကထဲကို စတင် ဝင်ရောက်တဲ့ပုံစံက ဒီသရုပ်ဆောင်ဘက် မဟုတ်ဘူး။ အရင်တုန်းက သီချင်းဆိုတယ်။ သီချင်းဆိုပြီးမှ ဒီသရုပ်ဆောင်ဘက် ကိုရောက်တယ်။ မထင်မှတ်ဘဲ ရောက်သွားတယ်။ အစ်မစရိုက်ကူးဖြစ်တဲ့ ကာရိုက်တာကလည်း ယောက်ျားလျာ ကာရိုက်တာလေး ရိုက်ကူးဖြစ် တယ်။ ကိုယ်ကလည်း အပြင်မှ အဲဒီလိုပုံစံပဲ။ နောက်ပိုင်းမှာ ဒရာမာတွေနဲ့ ငိုရတာကြီးပဲ ရိုက်ကူးရတော့ ဒရာမာ မင်းသမီးလိုလို ဘာလိုလို ဖြစ်သွားတယ်။ အခုအချိန်အထိအမှတ်ရနေတဲ့ ဇာတ်ကား ဆိုရင် “လေညင်းလေး” ဆိုတဲ့ ဇာတ်ကားကို အမှတ်ရနေဆဲပါ” လို့ ပြောပါတယ်။

သရုပ်ဆောင်သစ်တွေ တိုးပွား လာတဲ့ အနုပညာ လောကထဲမှာ သရုပ်ဆောင်တွေ ကြိုးစားဖို့လို ကြောင်းကိုတော့ သရုပ်ဆောင် မေသဉ္ဇာဦးက…”အခုနောက်ပိုင်း သရုပ်ဆောင် တတ်သစ်စတွေက နာမည်ရလာတာနဲ့ နည်းနည်းပြောင်းလဲ သွားတာ တွေ့ ရတယ်။ ဒါကလည်း လူတစ်ယောက် က မပြောင်း လဲဘူး ဆိုပေမယ့်လည်း တစ်ခုခု ဖြစ်လာရင်တော့ ပုံစံတစ်မျိုး ပြောင်းသွား ကြတာပဲ။ ဒီသရုပ် ဆောင် အလုပ်လုပ် ရင်တော့ အစစ အရာရာ ဂရုစိုက်ရတယ်။ ဒီအလုပ် မလုပ်ဘူးဆိုရင် ဘယ်သူကိုမှ ဂရု စိုက်စရာ မလိုဘူး။ သရုပ်ဆောင်သစ် တွေလည်း ကြိုးစားရင်နေရာ တစ်နေရာရမှာပဲ။ ကြိုးစားမှုက အရာ မထင်ဘူး ဆိုတာ အလကား ပါ။ တစ်ချိန်ချိန်မှာတော့ ဖြစ်လာမှာပါ။ အားမလျှော့လိုက်ဖို့တော့လိုတယ်”လို့ ဆိုပါတယ်။

ချယ်ရီ၊ 

ဓာတ်ပုံမင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here