ဇာတ်ကားရိုက်နေရပေမယ့် သားနဲ့သမီးကို လွမ်းနေရတဲ့ သက်မွန်မြင့်

0
216

 

သက်မွန်မြင့်အနေနဲ့ ဒုတိယ ရင်သွေးငယ်လေး သမီးလေးကို မွေးဖွား ပြီးတဲ့နောက် ဒုတိယမြောက် ဇာတ်ကားတွေ ပြန်လည်ရိုက်ကူးဖြစ်တာကတော့  ဒါရိုက်တာ စတီးလ်ရဲ့ ‘သခင်ကြီးနှင့် ငါးပိရည်တို့စရာ’  ရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားရိုက်ကူးရင်းနဲ့လည်း သားနဲ့သမီးကိုသတိရစိတ် လွမ်း စိတ်တွေ ဖြစ်ပေါ်နေရကြောင်းကို သက်မွန်မြင့်က …

“စိတ်ကတော့ ရောက်တယ်။ စိတ်ကတော့ တအားမြန်တယ်။ ကလေး တွေဆီပဲ အမြဲတမ်း ကပ်နေတာပေါ့ ။ ဒါပေမယ့်လည်း အလုပ်လက်ခံ လိုက်ပြီ ဆိုရင် ဒီအလုပ်ကို အကောင်းဆုံး ကြိုးစားချင်စိတ်ရှိတယ်။ ရှေ့က ဇာတ် ကားမှာဆိုရင် ကားရိုက်နေရင်းနဲ့ သမီးလေးက ဖျားသွားတယ်။ တစ်ခါမှလည်း မဖျားဖူးဘူးဆိုတော့ သူများတွေ အကုန်လုံး နေကောင်းသွားမှ သူကဖျား တယ်။ ငယ်လည်းငယ်သေးတော့ တော်တော် စိတ်ပူသွားတယ်။ ဒါပေမဲ့ ဒီ ဘက်မှာက ကားရိုက်လက်စကြီးလည်း ဖြစ်နေ တယ်။ ရုပ်ရှင်ရိုက်ကူးတယ်ဆိုတာ ရက် သတ်မှတ်ပြီးသားပေါ့နော်။ Team Work ပေါ့နော်။ လူတွေအများကြီးနဲ့ အလုပ် လုပ်ရတဲ့အခါကျတော့ သမီးလေးနေ မကောင်းလို့ မရိုက်ကူးနိုင်တော့ဘူးလို့ လုပ်လို့ မရဘူးလေ။ ဒီဘက်မှာ အများကြီး နစ်နာဖို့တွေ ရှိတယ်။ အဲဒီအခါကျတော့ ဇာတ်ကားကို သေချာရိုက်ကူးပြီး သမီး လေးဘက်ကို စိတ်လျော့ထားရ တယ်။ ပြန်ရောက်မှပဲ သူ့ကို သေချာ ပြုစုပေါ့။ အဲဒီလို မျိုး လေးလုပ်ရတာပေါ့။ ဒီအလုပ်က ကိုယ်ပိုင် အလုပ်လည်း မဟုတ်ဘူး။ တစ်ယောက်တည်း လုပ် နေရတာလည်း မဟုတ် တော့ အဆင်ပြေအောင် တော့ လိုက်လုပ်ရတာပေါ့ လေ” လို့ သားနဲ့သမီးဆီ သူ့ စိတ်ရောက်ရှိနေပေ မယ့်လည်း လက်ခံထားတဲ့ အလုပ်အပေါ်မှာလည်း တာဝန်ကျေအောင်အကောင်း ဆုံး သရုပ်ဆောင်ထားကြောင်း ကို ပြောပြခဲ့တာ ဖြစ်ပါ တယ်။

အခု လတ်တလောမှာ တော့ သက်မွန်မြင့်က ဒါရိုက်တာ ဇမ္ဗူထွန်း သက် လွင် ရိုက်ကူးမယ့် ‘အပြင်းစား အချစ်’ ရုပ်ရှင်ဇာတ်ကားကိုလူမင်း၊ နေဒွေး၊ နေနော်တို့နဲ့အတူ ပါဝင်ရိုက် ကူးတော့မှာ ဖြစ်ပါတယ်။

        ဇင်မာနွယ်               

ဓာတ်ပုံ အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here