ရုပ်ရှင်လောကမှာ လတ်တလော ဖြစ်ပျက်နေတာတွေကို မြင်တွေ့ရမယ့် ရုပ်ရှင်ဇာတ်ကား

0
198

ဇာတ်ညွှန်း ချင်းတွင်းတာရာ၊ ဒါရိုက်တာ ပြည်ဟိန်းသီဟ ရိုက်ကူး ပုံဖော်ထားတဲ့ “ပရိုဂျူဆာ မကြီးစိုး” ရုပ်ရှင်ဇာတ်ကားကြီး အထူးပြပွဲကို အောက်တိုဘာလ ၁ရက်နေ့က သမ္မ တ ရုပ်ရှင်ရုံမှာ ပြသခဲ့ပါတယ်။  အဆိုပါ ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင် ခန့်စည်သူ၊ နေဒွေး၊ စိုးမြတ်သူဇာ၊ သင်ဇာဝင့်ကျော်တို့ အပြင် တခြားဟာသ သရုပ်ဆောင် များစွာ ပါဝင်ထားကြပါတယ်။ ဇာတ် ကားပုံဖော်ရိုက်ကူးမှုအကြောင်းကို လည်း ဒါရိုက်တာ ပြည်ဟိန်းသီဟ က…

“ဒီဇာတ်ကားလေးကို မကြီးစိုး က ဒီဇာတ်ကားမျိုးလေး ရိုက်ချင် တယ်ပြောလို့ ရိုက်ကူးဖြစ်တာပါ။ ဇာတ်လမ်းအကြောင်းကိုလည်း မကြီး စိုး ပြောပြတယ်။ ဒီတော့ ကျွန်တော် တို့ အနုပညာလောကအတွက် ရိုက် ကူးဖြစ်တာပါ။ ဒီဇာတ်ကား ရိုက်ကူး တာ မကြာသေးဘူး။ ဒါပေမဲ့ ရုပ်ရှင် လောကအတွက် လတ်တလော ဖြစ် ပျက်နေတာတွေကို ခံစားစေလိုတဲ့ အတွက် သူ့ဇာတ်ကားကို ကျော်ပြီး ပြခဲ့တာပါ” လို့ ပြောပါတယ်။ “ပရိုဂျူဆာ မကြီးစိုး” ရုပ်ရှင် ဇာတ်ကားကြီးကို အောင်တိုဘာလ ၁၃ ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here