စည်းလုံးညီညွတ်မှုတွေနဲ့ ရှေ့ဆက်သွားကြမယ့် ဆု(၄)ဆုရှင် ဇွဲအငြိမ့်အဖွဲ့

0
250

မြန်မာ့ဒီမိုကရေပွဲတော်၊ အငြိမ့်ပြိုင်ပွဲတွင် ဇွဲအငြိမ့်အဖွဲ့က ဆု(၄)ဆုရ ရှိခဲ့ပါတယ်။ အဲဒီဆုတွေကတော့ အဖွဲ့လိုက် အကောင်းဆုံး ပထမဆု၊ အကောင်း ဆုံး လူရွှင်တော်ဆု၊ ပရိသတ် အကြိုက်ဆုံး လူရွှင်တော်ဆု၊ မျိုးဆက်သစ်အဖွဲ့ဆု တို့ပဲ ဖြစ်ပါတယ်။ သူတို့အဖွဲ့အနေနဲ့ ‘ ဇွဲ ‘အငြိမ့်ဆိုပြီး ဖွဲ့ဖြစ်တာကတော့ ပြိုင်ပွဲဝင်ခါနီးမှ စတင်ဖွဲ့စည်းဖြစ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အငြိမ့်အဖွဲ့ မှာတော့ ခေါင်းဆောင်မင်းသမီးအဖြစ် ဇွဲရတီ၊ လူရွှင်တော်များအဖြစ်  စိန်းလန်း၊ အားလူး၊ ဇောက်ထိုး၊ ဒိုးပေါက်တို့ပဲ ဖြစ်ပါတယ်။

 ဆုရရှိခဲ့တဲ့အချိန်မှာတော့ ပျော်ရွှင်ခဲ့ရမှု တွေနဲ့ ပြိုင်ပွဲအတွက် ကြိုတင်ပြင် ဆင်မှုတွေအပေါ်ကို မင်းသမီး ဇွဲရတီက “ညီမတို့ အားလုံးလည်း အပင်ပန်း ခံပြီးတော့ ကြိုးစားထားရတဲ့ အတွက်ကို ပင်ပန်းရကျိုးလည်းနပ်ပါတယ်။ ပြိုင်ပွဲ အတွက်လည်း  ကြိုတင်ပြင်ဆင်မှုတွေ အများကြီးလုပ်ခဲ့ရပါတယ်။ တစ်ခါတလေ ကြရင် ကိုယ်တွေကပျင်းတာတွေ ဘာတွေနဲ့ မလုပ်ချင်တာတွေ ရှိပါတယ်။ ဆရာ သမားတွေက အိမ်ကိုလာခဲ့၊ ဘယ်လိုတွေ ကမယ်ဆိုပြီး ပြောပြကြတယ်။ ကိုဒိုး ပေါက်ဆိုရင် သူကရုံးတက်နေရတယ်။ သူအားတဲ့အချိန်ရှိသလို ညီမတို့ မအားတဲ့ အချိန်လည်းရှိတယ်။ အဲဒီလိုမျိုးတွေရှိတော့ အချိန်တွေကတော့ ညှိယူရတာပေါ့။ အကုန်တစ်စုတစ်စည်းတည်း ဖြစ်ဖို့ကလည်း ခဲယဉ်းတယ်လေ။ ဆရာသမားတွေက လည်း ပြောပြသင်ပေးကြတယ်။ ညီမတို့အနေနဲ့လည်း ပြိုင်ပွဲကို စိတ်ရော လူရော နှစ်ပြီးတော့ ကြိုးစားထားတာဖြစ်တဲ့အတွက် ဒီလိုဆုတွေရတယ်လို့လည်းထင် ပါတယ်” လို့ ပြောပါတယ်။

ဇွဲအငြိမ့်အနေနဲ့ လက်ရှိဖွဲ့စည်းထားပြီးတဲ့ လူတွေနဲ့ပဲ အနုပညာရှေ့ခရီးကို ဆက်လက်လျှောက်လှမ်းသွားမှာဖြစ်ပြီး ပရိသတ်တွေကိုအကောင်းမွန်ဆုံးတွေဖြင့် ကပြ တင်ဆက်သွားကြမယ်လို့ သူကပြောပါတယ်။  ဇွဲရတီအနေနဲ့ကတော့ ပန်တျာကျောင်း ဆင်းတစ်ဦးဖြစ်ပြီး သီးလေးသီးအဖွဲ့နဲ့ ကပြဖြစ်နေတဲ့ မင်းသမီးတစ်ဦး လည်းဖြစ်ပြီး တခြားအငြိမ့်အဖွဲ့တွေမှာလည်း လိုအပ်ရင် လိုအပ်သလို လိုက်ပါကပြပေးဖြစ်ကြောင်းလည်း သိရပါတယ်။ သူ့အနေနဲ့  MTV တွေမှာလည်း သရုပ်ဆောင်အနေနဲ့ ဝင်ရောက်သရုပ် ဆောင်ဖြစ်ခဲ့ပြီး သီချင်းတွေလည်း သီဆိုဖြစ်နေပါတယ်။ အရင်ကတော့ တစ်ယောက်တည်းအနေနဲ့ရပ်တည်ခဲ့ပေမယ့် အခုအချိန်မှာတော့ ဇွဲ အငြိမ့်ရယ်လို့ ဖြစ်တည်လာခဲ့ပြီဖြစ်တဲ့အတွက် အဖွဲ့အနေနဲ့ စည်းစည်းလုံးလုံး ညီညီညွတ် ညွတ်ဖြင့် ရှေ့ဆက်သွားကြမယ်လို့ ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here