အနုပညာအလုပ် လုပ်ရင်း ကိုယ်ပိုင်စီးပွားရေးပါ တွဲလုပ်နေတဲ့ ဘေဘီမောင်

0
187

သရုပ်ဆောင် ဘေဘီမောင်က တစ်ဖက် မှာ အနုပညာအလုပ် လုပ်ရင်း တစ် ဖက်မှာလည်း ကိုယ်ပိုင် စီပွားရေးကို ဦးဆောင် လုပ် ကိုင်နေသူတစ်ယောက်ပါ။ Beauty Saloonနဲ့ Fashion ဆိုင်ဖွင့်ထားတဲ့အပြင် အခုမြောက်ဒဂုံ စက်မှုဇုန်နားမှာ ဝယ်ယူထားတဲ့ မြေကွက်တွေကို အဆောင်တွေဆောက်ပြီး ငှားရမ်းဦးမယ်လို့ သိရပါ တယ်။ လက်ရှိ ဘေဘီမောင်လုပ်ကိုင်နေတဲ့ စီးပွား ရေးလုပ်ငန်းတွေကတော့…

” ညီမ လွန်ခဲ့တဲ့ ၇ နှစ်လောက်တုန်းက မြေ ကွက်တွေ ဝယ်ထားတာ ရှိပါတယ်။ အဲဒီမြေကွက်တွေ အနားမှာ စက်ရုံတွေ ရှိတယ်။ အဲဒီအလုပ်သမား တွေအတွက်  အဆောင်တွေ လိုအပ်တယ်။ စက်ရုံ အလုပ်သမား တွေကများတော့ နေဖို့နေရာ လိုအပ် တယ်။ အဆောင်နေချင်တယ်ဆိုတာနဲ့ အဆောင် တွေ ဆောက်လုပ်ပြီးငှားမှာပါ။ အခုလည်း အဲဒီ ဘက်မှာ ရေတွေ၊ မီးတွေ ရနေပါပြီ။ ခြံခတ်ပြီး ဆောက်လုပ်မယ့် Project အတွက် ပုံစံဆွဲတာမျိုးတွေ ပြုလုပ်နေပါတယ်။ ညီမအရင်ကတည်းက ရန်ကုန် မှာ တိုက်ခန်းတွေ ဝယ်တယ်။ ကျောက်မြောင်းဘက် တွေ၊ သင်္ကန်းကျွန်းဘက်တွေမှာ ဝယ်ပြီးငှားတာတွေ လုပ် တယ်။ မြေကွက်အရောင်းအဝယ်၊ တိုက်ခန်း အရောင်း အဝယ်တွေ လုပ်တာပါ” လို့ ပြောပါတယ်။ အနုပညာလုပ်ငန်းတွေလုပ်ရင်း တစ်ဖက်က စီးပွားရေး အလုပ်တွေ လုပ်နေတာက နောင်ရေး အတွက်ပါလို့ ဘေဘီမောင်က ဆိုပါတယ်။

လက်ရှိ မှာ မင်းသမီးတစ်ယောက်ဖြစ်နေပမယ့် မြန်မာနိုင်ငံ ရဲ့ ရိုက်ကူးရေးအနေအထားကို ပွင့်ပွင့်လင်းလင်း ပြောပြတဲ့ ဘေဘီမောင်က…

“စီးပွားရေးဆိုတာက အနုပညာသမားမှ မဟုတ် ပါဘူး။ မည်သူမဆို ကိုယ်ပိုင်စီးပွားရေးတစ်ခုတော့ လုပ်သင့်ပါတယ်။ ညီမ ငယ်ငယ်ကလည်း ပိုက်ဆံမရှိ ဘူး။ ဈေးရောင်းတယ်။ ညီမတို့ အသက်ကြီးလာရင် အနုပညာလုပ်ငန်း တစ်ခုတည်းနဲ့ ရပ်တည်လို့ မရ ပါဘူး။ အသက်ငယ်တဲ့အရွယ် မင်းသမီးဆိုပြီး လာငှားရင် ၁ဝ သိန်း၊ ၁၅ သိန်းရတယ်။ သို့သော် လည်း အသက်ကြီးလာရင် ဇာတ်ကားရိုက်ကူး ဖို့က ဝင်ငွေနည်းသွားပြီ။ အလှကို ထိန်းထားရ မှာပါ။ ပွင့်ပွင့်လင်းလင်း ပြောရရင်အရည် အချင်းရှိပေမယ့် မြန်မာနိုင်ငံရဲ့ မင်းသမီး တစ်ယောက်အနေနဲ့က ရုပ်ရည်မလှတော့ရင် မသုံးချင်ကြတော့ဘူး။ အဲဒီအနေအထားတွေကို မသိရင် အသက်ကြီးတဲ့အခါ ဒုက္ခရောက်မယ်။ ဒါကြောင့် ညီမအနေနဲ့ အနုပညာအလုပ်ရော၊ စီးပွားရေးရော နှစ်ခုပေါင်း လုပ်နေတာပါ” လို့ ပြောပြပါတယ်။ ဘေဘီမောင်က သီတင်းကျွတ်ကာလမှာ တော့ မန္တလေးမှာ ဓာတ်ပုံရိုက်ကူးမှုတွေ ပြုလုပ် ရင်း ဖြတ်သန်းမယ်လို့ ဆိုပါတယ်။

 မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here