မာန်တက်မနေလိုက်နဲ့ သေမင်းရေ

0
91

လူတိုင်းမရှောင်လွှဲနိုင်တာ သေ ခြင်းတရားရယ်၊ အထပ်ထပ် ဆိုလေ့ရှိကြတာဟာဆိုရင် ဖြစ်တည်နေတဲ့ စိုးရိမ်မှုသောကနဲ့ တိုက်ရိုက်အချိုးကျလေသလားတောင် ထင်မိပါတယ်။ ဘာသာရေးရာ၊ လူမှု ရေးရာ အသီးသီးတို့မှာလည်း ဒီသေ ခြင်း တရားကို တုန်လှုပ်မှု အနည်းဆုံး ရေးသား ဇောင်းပေးနေကြတာ ချည်း ပါပဲ။ စာပေပညာရှင်တစ်ဦးဖြစ်သဲူသ့ညီသညညန ကလည်း သူ့ရဲ့ကဗျာနဲ့ သေခြင်းအကြောင်း ရေးဖွဲ့ခဲ့ပါတယ်။

သူဟာ အင်္ဂလန်ဘုရားကျောင်း ရဲ့ ဘာသာရေးခေါင်းဆောင်လည်း ဖြစ်ပါတယ်။ ကဗျာဆရာကြီး John Donne ဟာ အချစ်ကဗျာ၊ ဘာသာ ရေးကဗျာ၊ သရော်စာ၊ တရားဒေ သနာတော်တွေ ရေးသားရာမှာ ၁၇ ရာစုရဲ့ အကျော်အမော် လူသိများ ထင်ရှားသူပါ။ သူ့ရဲ့ရေးသားဟန်ဟာ တက်ကြွတယ်။ တင်စားပြောဆိုမှုမှာ လှပ ထက်မြက်တယ်။ ခေတ်ပြိုင်တွေ ထဲမှာလည်း ဝေဖန်ခံရမှု မြင့်ခဲ့သူပါ။ သူ့အယူအဆနဲ့ ရေးဖွဲ့ပုံဟာ သွက် လက်စူးရှပြီး ပြုံးချင်စရာလည်း ကောင်းနေခဲ့ပါတယ်။ သူ့ရဲ့အယူ အဆ ရေးသားဖွဲ့နွဲ့ပုံတွေမှာ ဘာသာ ရေး သဘောတရား လွှမ်းသော်ငြား သူ့ရဲ့ကဗျာလေးဟာ ဒီကနေ့အထိ တောင် ဂန္ထဝင်အကောင်းဆုံး ကဗျာ ထဲ ပါဝင် နေ တယ်။ ဒါ့ကြောင့်လည်း ဒီကဗျာလေးနဲ့ မိတ်ဆက်ပေးလိုပါ တယ်။

Death, be not proud,
though some have called thee
Mighty and dreadful,
for thou art not so;
For those whom thou think’st thou dost overthrow
Die not, poor Death,
nor yet canst thou kill me.

သေမင်းရေ မာန်တက်မနေပါနဲ့
တချို့က သင့်ကိုများ
အင်အားရှင်ကြီး၊
ကြောက်စရာကြီး ရယ်လို့
သတ်မှတ်နေကျရဲ့
ဒီလောက်လည်း
သင်က မဟုတ်လှပါဘူး
ဘဝချုပ်သွားတာမှမဟုတ်ဘဲ
ခပ်ဖျင်းဖျင်းသေမင်းရယ်
မင်းက ငါတို့အသက်ကို
စီရင်လို့မှ မရတာလေ။

From rest and sleep,
which but thy pictures be,
Much pleasure; then from thee much more must flow,
And soonest our best men
with thee do go,
Rest of their bones,
and soul’s delivery.

အနားယူတာနဲ့ အိပ်စက်ရတာ
ဘယ်လောက် နှစ်သက်ဖို့
ကောင်းလိုက်လဲ
သေတယ်ဆိုတာမှာ
ဒီလိုသာရှိမယ် မြင်ယောင်ထားတယ်
ပိုပိုသာသာအနားယူနိုင်တာ
အိပ်ရတာမျိုးသာ ဖြစ်ရလိမ့်မယ်
သင်ကတော့
အတော်ဆုံးလူတွေကို
အရင်ဆုံးတောင်
အလှည့်ထားလိုက် သေးတယ်
သူတို့ကိုအရိုးချ အနားပေးလို့
ဝိဥာဉ်ကို (ကောင်းကင်နိုင်ငံ) ကို
ပို့ပေးတယ်.

Thou art slave to fate,chance, kings, and desperate men,
And dost with poison, war,
and sickness dwell,
And poppy or charms
can make us sleep as well
And better than thy stroke;
why swell’st thou then?

မင်းရဲ့အစွမ်းပညာဟာ
ကံကြမ္မာ၊ အကြောင်းတရား၊
ရှင်ဘုရင်တွေနဲ့
ထင်ရာစိုင်းသမားတို့ကို
ကျွန်ပြုရတာပါပဲ
အဆိပ်၊ စစ်ပွဲနဲ့
ရောဂါကပ်တို့က တော့
မင်းနဲ့တစ်တွဲထဲတွေပေါ့
ဘိန်းမှိန်းသလို မှိန်းပြီးလည်း
ငါတို့အိပ်စက်သွားနိုင်ပါရဲ့
မင်းလာပြီး
အသက်ဖြတ်လိုက်တာထက်
ပိုသာထင်ပါ့

One short sleep past,
we wake eternally
And death shall be no more; Death, thou shalt die.

ဘာလိုများ သေမင်းရယ်လို့
မင်းဂုဏ်မောက်နေရတာလဲ
ငါတို့က တစ်ခဏသာအိပ်ပြီး
ထာဝရ ပြန်လည်နိုးထသွားရမှာ
အဲဒီအခါ သေတယ်ဆိုတာ
မရှိတော့ သေမင်းရေ —
မင်းကမှ သေကို သေရမှာဟေ့

(“Holy Sonnet 10: Death,
Be Not Proud” by John Donne)

ဖတ်ပြီးသွားချိန်မှာ ရသအရ နှစ်သက်စရာကောင်းလှတယ်လို့ မထင်ဘူးလားရှင်။ ကဗျာဆရာကြီး ဟာ သေခြင်းကို ကျွန်မတို့လူတွေ အိပ်တာလောက်ရှိပါ့လို့ ပြောပုံလေး၊ နောက် သေလွန်ပြီးလည်း ကောင်း ကင်နိုင်ငံကို သယ်သွားပေး တာခံရ မှာပဲရယ် ဘာသာရေး ရှုထောင့်ကနေ အားပေးလိုက်ပြန်ပါတယ်။ တစ်ခါ မိမိကိုယ်ကို အဆုံးစီရင်သူတွေ သေ မိန့်ပေးနိုင်သူ ရှင်ဘုရင်တွေလောက် သေမင်းက တန်ခိုးမကြီးပါဘူးရယ် ဆိုပြီး လှောင်ထားပြန်ပါတယ်။ နောက် ဆုံး အချက်ကတော့ ကဗျာဆရာရဲ့ အပြင်းထန်ဆုံးအယူအဆပါ။ သေ တယ်ဆိုတာမရှိဘူး ။ ကောင်းကင် နိုင်ငံမှာ ထာဝရ နိုးထရမယ့်သူတွေမို့ တကယ် သေတာက သေမင်းပဲရယ် ဆိုပြီး ပြက်ရယ်ပြုလိုက်တာလေးလို့ မြင်ပါတယ်။

ဒီကဗျာလေး နာမည်ကျော်ရ ခြင်းနဲ့ ရာစုနှစ်အဆက်ဆက်ကို ဖြတ် သန်းပြီး ဂန္ထဝင်ကဗျာတစ်ပုဒ်ရယ် သတ် မှတ်ခံရခြင်းမှာ ဘယ်ဘာသာ၊ ဘယ်လူမျိုး ဘယ်မြေမှာနေနေ ရှောင်လွှဲလို့ မရနိုင်သော သေခြင်း တရားကို ကြောက်ရွံ့ခြင်းကင်းစွာ ရင် ဆိုင်ထားတာကြောင့်လို့ ရေးထားပါ တယ်။အချို့သော သူတွေကြတော့ လည်း ဒီကဗျာလေးဟာ စိတ်ခွန်အား ကိုပါ ဖြစ်စေတယ်။ မိမိတို့ စိုးရွံ့ သောအရာကို ရင်ဆိုင်လိုက်ဖို့၊ နောက်ပြီး ဒီလောကမှာ ကိုယ့်ကိုယ် ကိုယ်သာ ယုံကြည်ပါ၊ ဘယ် အရာမှ ကြောက်စရာမရှိရယ်လို့ အဓိပ္ပာယ် ကောက်ယူလိုက်တာလည်း ဖတ်လိုက် ရပါတယ်ရှင်။

ယဉ်ဝါဖြူ


LEAVE A REPLY

Please enter your comment!
Please enter your name here