ကြယ်လွဲမိုး

0
228

သော့တစ်ချောင်းတည်းဖြင့် မရိုးသားသူများကို ကာ ကွယ်နိုင်စွမ်းမရှိကြောင်း ကျွန်တော် သိရှိသွားသည့်နေ့မှစ၍ ရိုးသားသူ များ အတွက် ကျွန်တော်သော့ခတ် ထားတတ်ပါသည်။

၁)ကျွန်တော်သည် ဝန်ထမ်းတစ် ဦးဖြစ်ပါသည်။ ထို့ထက်ပို၍ ပြောပြ ရလျှင် အောက်ခြေဝန်ထမ်းအဆင့်မှ တစ်ထွာသာသာခန့်ပို၍ မြင့်သော ရာထူးတစ်ခုတွင် ထမ်းဆောင်နေ သော ဝန်ထမ်းတစ်ဦးလည်းဖြစ် သည်။ ဆိုရဦးမည်ဆိုလျှင် လာဘ် ပေးလာဘ်ယူ၊ အကျင့်ပျက် ခြစားမှု များအား တစ်ကမ္ဘာလုံးက ရှုတ်ချ နေသည့်ကြားကပင် ကျိကျိတက် ချမ်းသာနေသော အရာရှိ၊ အရာခံ တို့လက်အောက် ‘လက်ဖက်ရည်ဖိုး’ ယဉ်ကျေးမှုရေယာဉ်ကြောတွင် လစာဖြတ်၊ ရာထူးချ၊ စသည်ဖြင့် နည်းမျိုးစုံ အပြစ်ပေးခံရပြီး တိုင်ပတ် နေသော ဝန်ထမ်းငယ်အမျိုးအစားထဲ တွင် ကျွန်တော်ပါဝင်သည်။

ဆိုခဲ့ဖူးသော ဝန်ထမ်းငယ်များ စုဝေးရာရပ်ကွက်ထဲတွင် ကျွန်တော် နေထိုင်ပါသည်။ ကျွန်တော်တို့ ဝန်ထမ်းရပ်ကွက်သည် ဆယ်ခန်းတွဲ၊ ဆယ့်နှစ်ခန်းတွဲ ဝန်ထမ်းတန်းလျား ရှည်ကြီးတွေဖြင့် အလျားလိုက် ဖွဲ့ စည်းထားသော ရပ်ကွက်တစ်ခုလည်း ဖြစ်သည်။ ထိုဝန်ထမ်းတန်းလျားရှည် ကြီးတွေ၏ကြားက လူတစ်ကိုယ်စာ လမ်းကျဉ်းကလေးတွေသည် ရပ်ကွက်နေ ကလေးငယ်များ၏ ကစားကွင်းဖြစ်သလို သက်ကြီးရွယ် အိုများ၏ အပန်းဖြေစခန်းလည်းဖြစ် သည်။ ထို့အပြင် ညနေစောင်းလျှင် ဆယ်ကျော်သက်လူငယ် မောင်မယ် များ၏ ဟန်းဆက်ကလေးတွေကိုယ် စီနှင့် ချစ်ကြည်ကလူကျီစယ်နေသော ချစ်ရေးပြကွင်းလည်းဖြစ်သည်။

တစ်ခုကံထူးသည်မှာ ကျွန်တော် တို့ ရပ်ကွက်တွင်ရှိသော ဝန်ထမ်း များသည် မည်သည့်လွှတ်တော်တွင်မှ ပိုင်ဆိုင်မှု ကြေညာရန် တောင်းဆို မခံရခြင်းပင်။ သို့ပေမဲ့ အချိန်နှင့် တစ်ပြေးညီ အောက်ပါပိုင်ဆိုင်မှု ကြေညာချက်အချို့အား ကြားရနိုင်ပါ သည်။ တစ်ခုကံထူးသည်မှာ ကျွန်တော် တို့ ရပ်ကွက်တွင်ရှိသော ဝန်ထမ်း များသည် မည်သည့်လွှတ်တော်တွင်မှ ပိုင်ဆိုင်မှု ကြေညာရန် တောင်းဆို မခံရခြင်းပင်။ သို့ပေမဲ့ အချိန်နှင့် တစ်ပြေးညီ အောက်ပါပိုင်ဆိုင်မှု ကြေညာချက်အချို့အား ကြားရနိုင်ပါ သည်။  “ကိုထွန်းမောင်၊ တော် ဖျားနေ တာတော့ ကျုပ်မကြည့်ရက်ဘူး။ ဒါပေမဲ့ ကျုပ်မှာလည်း ပိုက်ဆံက ရှစ်ရာ့ငါးဆယ်ပဲရှိတယ်။ ဆေးခန်း တော့ မပြလောက်ဘူး။ ဒီကိုဂျင်နဲ့ အမောက်ဆလင်လေးပဲ ဝယ်သောက် လိုက်နော်”။

“အလိုတော် မသိန်းမေရယ် စွပ်စွပ်စွဲစွဲ၊ တော့်ပိုက်ဆံကျုပ်ယူပါ့ မလား။ မယုံရင် ကျုပ်တစ်ကိုယ်လုံး ရှာကြည့်။ ကျုပ်မှာရှိတဲ့နှစ်ရာထက် ပိုရင် ကျုပ်ကိုသတ်ပစ်လိုက်”

“ဈေးကပြန်လာတာ ဒေါ်စိန်ရှင်ရေ၊ အိမ်မှာငွေလေး ထောင့်ငါးရာရှိတာ ညကဒင်းက နှိုက်ယူထားတာ မသိလိုက်ဘူး။ ဒါကြောင့် ဘာမှမဝယ်ဘဲ ပြန်လာခဲ့ ရတာ”

(၂) ကျွန်တော်တို့ရပ်ကွက်ထဲရှိ လူများသည် ဝန်ထမ်းများဖြစ်ကြသည် မို့ ရိုးသားသည်ဟုတော့ တစ်ထစ်ချ မပြောနိုင်ပါ။ ဝန်ထမ်းနှင့် ရိုးသား မှုသည် ဘဝပေးအခြေအနေ (တ ကယ်တော့ အခြေခံလစာ နည်းပါး မှု)အရ အိမ်ဦးနှင့် ကြမ်းပြင်လို ရည်ရွယ်ချက်ရှိသည်ဖြစ်စေ၊ ရည် ရွယ်ချက်မရှိသည်ဖြစ်စေ မရိုး သားမှုဘက်ကို ရောက်ရှိသွားတတ် သောကြောင့် ဖြစ်ပါသည်။ တကယ် တော့ ရိုးသားမှုအကြောင်းပြောရ သည်မှာ တာဝန်ကြီးလှပါသည်။ ထို့ ကြောင့် ကျွန်တော့်အနေဖြင့် ရပ်ကွက်ထဲရှိ လူများအား ရိုးသား သော သူများရှိသလို၊ မရိုးသားသော လူများလည်း ရှိသည်ဟု မယုတ်မလွန် ခံယူသတ်မှတ်ထားပါသည်။  တစ်နေ့က ကျွန်တော်စိတ်ထိ ခိုက်ရသည်။ မြို့ထဲကနေ အိမ်ပြန် ရောက်တော့ ကျွန်တော့်တစ်သက်လုံး  ရိုးသားပါသည်ဟု ယုံကြည်ထားသော (အမှန်တကယ်လည်း ရိုးသားခဲ့သူ) ရပ်ကွက်ထဲက လူတစ်ဦးသည် ကျွန်တာ့်အိမ်အားဝင်၍ မွှေနှောက် ရှာဖွေနေသည်ကို တွေ့ရသည်။ သူ ပြန်ထွက်သွားသည်အထိ ကျွန်တော် အိမ်အပြင်တွင် သူမမြင်အောင် ပုန်း ကွယ်နေခဲ့သည်။

ကျွန်တော်သူ့ကို အားနာလှပါ သည်။ အပြင်ထွက်လျှင် မည်သည့် အခါမှ သော့ခတ်သည့်အကျင့် မရှိခဲ့သော ကျွန်တော့်Óဉ်အားလည်း အပြစ်တင်မဆုံးရှိနေခဲ့သည်။ ဘဝ တစ်သက်စာလုံး စောင့်ထိန်းခဲ့ရှာ သော သူ့ရိုးသားမှုများအား သော့ ခတ်မထားသော ကျွန်တော့်အိမ်က ချိုးဖျက်ပစ်လိုက်တာပဲဖြစ်မည်။ သော့ခတ်မထားသော ကျွန်တော့် အိမ်လေးသည် သူ့အားမည်သည့်အ ချိန်ကတည်းက ဖျားယောင်းနေမည် ဆိုသည်ကိုတော့ သူသာလျှင် သိပါ လိမ့်မည်။ ကျွန်တော့်အိမ်ကလေးကို မြင်တိုင်း သူ့စိတ်ကလေး ပင်ပန်းနေ ရှာပါလိမ့်ဦးမည်။ ရိုးသားမှုနှင့် မရိုး သားမှုကို တားထားသောစည်းသည် လူ့နှလုံးသားတွင်သာ အခြေခံသည်မို့ သူဖြတ်ကျော်ခဲ့ရသည့် စည်းသည် ကန္တာရခရီးရှည်တစ်ခုလို ခက်ခဲပင် ပန်းခဲ့မှာလည်း ဖြစ်သည်။ သူ ကျွန်တော့်အိမ်ထဲကနေ ထိုက်တန် သည့် ပစ္စည်းတစ်ခု ရသွားခဲ့ပါသ လား။ ကျွန်တော်မသိပါ။ သေချာ တစ်ခုကတော့ တန်ဖိုးမဖြတ်နိုင် သော ရိုးသားမှုတစ်ခု ကျွန်တော့် အိမ်ထဲတွင် သူကျန်ရစ်ခဲ့ပါလိမ့် မည်။

(၃) ကျွန်တော်နောက်တစ်ကြိမ် နောင်တမရချင်သောကြောင့် ဈေးမှ သော့တစ်ချောင်း ဝယ်ယူခဲ့သည်။ ကျွန်တော်ဝယ်ယူခဲ့သောသော့မှာ ဒစ်ဂျစ်တယ်သော့ဖြစ်သည်။ သော့ တံသိမ်းဆည်းရခြင်းဆိုတာ ကရိကထကို မနှစ်သက်သောကြောင့် လည်း ဒစ်ဂျစ်တယ်သော့ကို ရွေးချယ် ဖြစ်ခဲ့ခြင်းဖြစ်ပါသည်။ ဒစ်ဂျစ်တယ် သော့ဆိုသည်မှာ သော့တံမပါပါ။ သော့အိမ်ပေါ်တွင် ကုတ်နံပါတ်ကိုးခု သာ ထွင်းထားသည်။ သော့ခတ်ပါက ထိုနံပါတ်ကိုးခုထဲမှ မိမိစိတ်ကြိုက် ဂဏန်းလေးခုအား လျှို့ဝှက်သတ်မှတ် လိုက်ရုံပဲဖြစ်သည်။ တစ်ခုတော့ ရှိ သည်။ သော့ပြန်ဖွင့်သည့်အခါ မိမိ လျှို့ဝှက်နံပါတ်အား သုံးကြိမ်မှားနှိပ် မိလျှင် ဆယ်မိနစ် စောင့်ဆိုင်းပြီးမှ နောက်တစ်ဖန် နှိပ်ဖွင့်ရသော အမျိုး အစားဖြစ်သည်။ ထို့နည်းဖြင့်ပင် ကျွန်တော့်အိမ်အား စတင်သော့ခတ် လိုက်ပါသည်။

ရယ်စရာတော့ ကောင်းပါ သည်။ ကျွန်တော့်အိမ်တွင် တပ်ဆင် ထားသော ပြတင်းပေါက်များသည် ချောင်းသံခပ်ပြင်းပြင်း တစ်ချက်ဟန့် လိုက်ရုံနှင့် လွင့်စင်ပြုတ်ထွက်သွား လောက်အောင်ကို အိုမင်းယိုယွင်းနေ ပါသည်။ အိမ်ကြမ်းပြင်မှာလည်း လူ ဝဝကြီး တစ်ကိုယ်စာ ချောင်ချောင် ချိချိ ဝင်ထွက်နိုင်လောက်အောင် အပေါက်ကြီးတစ်ပေါက်လည်း ရှိနေ ပြန်သည်။ ခြုံငုံ၍ ပြောပြရလျှင် ကျွန်တော့်အိမ်သည် မရိုးသားသော သူများအတွက် ကြိုက်ရာနေရာမှ ဝင်ထွက်နိုင်သော အိမ်ဖြစ်သည်။ ထိုအိမ်အား ခတ်ထားသော လက်မ အရွယ်အစားသာသာ ဒစ်ဂျစ်တယ် သော့လေးသည် ရယ်စရာပင် ကောင်းနေတော့သည်။ ရယ်စရာတော့ ကောင်းပါ သည်။ ကျွန်တော့်အိမ်တွင် တပ်ဆင် ထားသော ပြတင်းပေါက်များသည် ချောင်းသံခပ်ပြင်းပြင်း တစ်ချက်ဟန့် လိုက်ရုံနှင့် လွင့်စင်ပြုတ်ထွက်သွား လောက်အောင်ကို အိုမင်းယိုယွင်းနေ ပါသည်။ အိမ်ကြမ်းပြင်မှာလည်း လူ ဝဝကြီး တစ်ကိုယ်စာ ချောင်ချောင် ချိချိ ဝင်ထွက်နိုင်လောက်အောင် အပေါက်ကြီးတစ်ပေါက်လည်း ရှိနေ ပြန်သည်။ ခြုံငုံ၍ ပြောပြရလျှင် ကျွန်တော့်အိမ်သည် မရိုးသားသော သူများအတွက် ကြိုက်ရာနေရာမှ ဝင်ထွက်နိုင်သော အိမ်ဖြစ်သည်။ ထိုအိမ်အား ခတ်ထားသော လက်မ အရွယ်အစားသာသာ ဒစ်ဂျစ်တယ် သော့လေးသည် ရယ်စရာပင် ကောင်းနေတော့သည်။  မည်သို့ပင်ဆိုစေ ကျွန်တော့် အိမ်အား ကျွန်တော်သော့ခတ်ရပါ မည်။

ကျွန်တော်သည် ဝန်ထမ်းရပ် ကွက်တစ်ခုတွင် နေထိုင်ကြောင်း လည်း ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ ရပ်ကွက်ထဲရှိ ဝန်ထမ်းများသည် သက်ဆိုင်ရာဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်ကြချိန်တွင် အခြေအနေအရ ရိုးသားခွင့်မရကြ သည်ကို နားလည်ပေးနိုင်သော်လည်း တာဝန်ချိန် ပြင်ပတွင်တော့ ရိုးသား သင့်သည်ဟု ကျွန်တော်ထင်မြင်မိ သည်။ ဝန်ထမ်းတစ်ဦးသည် ရိုးသား လို့ရနိုင်သလောက် ရိုးသားပြသင့် သည်ဟုလည်း ကျွန်တော်ယုံကြည်မိ သည်။ ကျွန်တော်၏သော့မခတ်ခြင်း ဥာဉ်တစ်ခုကြောင့် ရပ်ကွက်ထဲမှ ရိုး သားသည့်လူ (တာဝန်ချိန်မှလွဲ၍) တစ်ဦးဖောက်ပြန်သွားခဲ့ရသည်။ ထိုအချိန်မှစ၍ ကျွန်တော့်အိမ်အား ကျွန်တော်သော့ခတ်ပါသည်။

အဘက် ဘက်မှ ယိုယွင်းပြိုဆင်းနေသော ကျွန်တော့်အိမ်အား ကျွန်တော့်အနေ ဖြင့် (သို့မဟုတ်) သော့ကလေးတစ် ချောင်းအနေဖြင့် မရိုးသားသော သူများရန်မှ ကာကွယ်နိုင်စွမ်းမရှိ ကြောင်း ကျွန်တော်သဘောပေါက်ပါ သည်။ သို့ပေမဲ့ ရိုးသားသောသူများ အတွက် ကျွန်တော်သော့ခတ်ပါသည်။ ကျွန်တော်သည် ဝန်ထမ်းရပ် ကွက်တစ်ခုတွင် နေထိုင်ကြောင်း လည်း ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ ရပ်ကွက်ထဲရှိ ဝန်ထမ်းများသည် သက်ဆိုင်ရာဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်ကြချိန်တွင် အခြေအနေအရ ရိုးသားခွင့်မရကြ သည်ကို နားလည်ပေးနိုင်သော်လည်း တာဝန်ချိန် ပြင်ပတွင်တော့ ရိုးသား သင့်သည်ဟု ကျွန်တော်ထင်မြင်မိ သည်။ ဝန်ထမ်းတစ်ဦးသည် ရိုးသား လို့ရနိုင်သလောက် ရိုးသားပြသင့် သည်ဟုလည်း ကျွန်တော်ယုံကြည်မိ သည်။

အိမ်တစ်အိမ်အား သော့ခတ် ထားခြင်းသည် မရိုးသားသောသူများ အား ကာကွယ်ခြင်းထက် ရိုးသား သောသူများအား ဆက်လက်ရိုးသား ဖို့ ကူညီရာ ရောက်ပါသည်။ ရိုးသား သော သူများ၏ ကိုယ်ကျင့်တရား အား မဖောက်ပြန်အောင် ဝန်းရံပေး ခြင်းလည်းဖြစ်သည်။ ကျွန်တော့် အနေဖြင့် ရိုးသားသူများကို ကာကွယ် ဖို့ အိမ်တိုင်းတွင် သော့ခတ်ထားစေ ချင်သည်။  သော့ခတ်သူသည် ရိုးရိုးသော့ တစ်ချောင်းအား အသုံးပြုမည် ဆိုပါက ကျွန်တော့်အနေဖြင့် ပြော စရာ မရှိသော်လည်း ဒစ်ဂျစ်တယ် သော့အား ရွေးချယ်အသုံးပြုမည် ဆိုပါက ကျွန်တော့်တွင် ပြောစရာ နည်းနည်းရှိပါသည်။ သော့ခတ်သူ အိမ်ပြန်ရောက်သည့်အခါ တစ်စုံ တစ်ဦးသွေးတိုးစမ်းထားသော ကြောင့် သော့အား ဆယ်မိနစ်ခန့် စောင့်ဆိုင်းနေရတတ်သည်ဆိုသည့် အချက်ပင်။ ထိုတစ်စုံတစ်ဦးသည် ရိုးသားသူလား၊ မရိုးသားသူလား ကျွန်တော်တို့ တပ်အပ်မသိပါ။ ရိုး သားသူဖြစ်ခဲ့မည်ဆိုလျှင်တောင် ထိုသူ၏ ရိုးသားမှုအား အလုံးစုံ ပျက်စီးမသွားအောင် ကာကွယ်လိုက် နိုင်သည့်အတွက် ကျေနပ်နေရမည့် အချက်ပဲဖြစ်ပါသည်။  သော့တစ်ချောင်းတည်းဖြင့် မရိုးသားသော သူများကို ကာကွယ် နိုင်စွမ်းမရှိကြောင်း ကျွန်တော်သိပါ သည်။ သို့ပေမဲ့ ရိုးသားသောသူ များအတွက် ကျွန်တော်သော့ခတ် ပါသည်။

ကြယ်လွဲမိုး


LEAVE A REPLY

Please enter your comment!
Please enter your name here