သားလေး Austin ရဲ့ ပြောင်းလဲလာတဲ့ အပြုအမူတွေကို ပြောပြသူ မိုးယုစံ

0
195

 သရုပ်ဆောင် မိုးယုစံရဲ့ သား လေး  Austin က အခုဆိုရင် တစ်လ ကျော်နေပြီ ဖြစ်ပါတယ်။ အခုဆိုရင် တစ်နေ့ခြား ပြောင်းလဲလာတဲ့ သားလေးရဲ့ အမှုအကျင့်တွေ ကို မိုးယုစံက အခုလိုပြောပြခဲ့ပါတယ်။ “သားကအခုဆိုရင် စကား ပြော သလိုဖြစ်နေပြီ။ တဖြည်းဖြည်းနဲ့ ပြောင်းလဲလာတယ်။ ကိုယ်လည်း သူ့ရဲ့ ပြောင်းလဲမှုတွေကို သတိထား မိလာတယ်။ အခုဆိုရင် သူမြင်လာ တာနဲ့တူတယ်။ ဟိုဘက်ကြည့်။ ဒီ ဘက်ကြည့်တာတွေ မြင်လာတာနဲ့ တူတယ်။ သားလေးက ပြောရမယ် ဆိုရင် အကုန်လုံးနဲ့ တစ်ခုချင်းစီတူ တယ်။ ရုပ်ကတော့ မိုးယုနဲ့ တူတယ် လို့တော့ ပြောကြတယ်။ အမှုအကျင့် တွေကတော့ သူ့အဖေနဲ့ တူတယ်လို့ လည်း ပြောကြတယ်။ သွေးလည်း သူ့အဖေ နဲ့တူတယ်၊ အဘိုးအဘွား တွေနဲ့လည်း တစ်ခုချင်းစီ တူတယ်လို့ တော့ပြောကြတယ်။ အခုဆိုရင် အ ရမ်းလည်းကြည်နူးမိတယ်” လို့ ပြော ပါတယ်။

သားလေး  Austin ကိုတော့ ပထမ၂ပတ်လောက်ကပဲ Nurse ခေါ်ထားခဲ့ပြီး အခုအချိန်မှာတော့ ကိုယ်တိုင် ထိန်းတာဖြစ်တဲ့ အတွက် အခက်ခဲတွေတော့ ရှိကြောင်း မိုးယုစံ က ပြောပါတယ်။ “မိုးယုက သားကို ကိုယ်တိုင် ထိန်းတာပါ။ သူ ၂ပတ်လောက်ကပဲ Nurse ငှားဖြစ်တယ်။ အခုတော့ မငှားတော့ဘူး၊ ကိုယ်တိုင်ပဲထိန်း တယ်။ အခုအရွယ်က စကားမပြော တတ်သေးတဲ့ အရွယ်ဆိုတော့ ကိုယ် တွေလည်း နားမလည်ဘူး။သူငိုလို့ရှိ ရင် ဘာဖြစ်မှန်းမသိဘူး။ အီးပဲပါ ထားတာလား။ နို့ပဲဆာနေတာလား ဘာဖြစ်မှန်းမသိတော့ ကိုယ်က အ ကုန်လိုက်ကြည့်ရတယ်။ အဲဒီလို အ ခက်ခဲတွေတော့ ရှိတယ်။ အိပ်ရေး လည်းပျက်ပါတယ်”လို့ ပြောပါတယ်။

အခု လောလောဆယ်မှာတော့ သားလေးကို အိမ်ခေါ်နာမည် Austin လို့ ပေးထားပြီး၊ သားလေး ရက် (၁ဝဝ)ပြည့်မွေးနေ့မှ နာမည် ပေးတော့မှာ ဖြစ်ကြောင်း ပြောလာ တဲ့ မိုးယုစံက သားလေးရက်(၁ဝဝ)ပြည့်ကိုတော့ အိမ်မှာပဲ အိမ်တက်နဲ့ ပြုလုပ်မှာဖြစ်ကြောင်း ပြောပါတယ်။မိခင်ဘဝကို ပိုင်ဆိုင်ထားပြီ ဖြစ်တဲ့ မိုး ယုစံက သားလေးအပေါ်မှာ မိခင် တစ်ယောက် အနေနဲ့ ဖြစ်စေချင်တာ နဲ့ ပတ်သက်ပြီးလည်း…. မိခင် တစ်ယောက် အနေနဲ့က တော့  သူ့အပေါ်မှာ ဖြစ်စေချင်တာ အဓိကကတော့ ကိုယ့်ခြေထောက် ပေါ်မှာကိုယ်တိုင် ရပ်တည်နိုင်တဲ့ သူတစ်ယောက်ဖြစ်စေချင်တယ်။ ပညာတတ်လည်း ဖြစ်စေချင်တယ် ။ အသိပညာ ကြွယ်ဝတဲ့သူလည်း ဖြစ်စေချင်တယ်။ ရက်(၁ဝဝ)ပြည့်ကို တော့မိုးယုတို့ အိမ်မှာပဲ အိမ်တက်နဲ့ ပေါင်းလုပ်သွားမယ်”လို့ ပြောပါ တယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here