ချစ်သူ အကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောပြလိုက်တဲ့ အလှမယ် ထက်ထက်ထွန်း

0
237

အလှမယ်တစ်ဦး ဖြစ်သလို မော်ဒယ်တစ်ဦးလည်း ဖြစ်တဲ့ ထက် ထက်ထွန်း ကတော့ အခုနောက်ပိုင်း သရုပ်ဆောင်တစ်ဦးအ ဖြစ် ဇာတ် လမ်းတွဲများနဲ့ဗီဒီယို ဇာတ်ကားများ မှာပါ ပါဝင်သရုပ်ဆောင် ရိုက်ကူးနေ ပြီဖြစ်ပါတယ်။ ချစ်သူသက်တမ်း သုံး နှစ်ကျော် ရှိနေပြီဖြစ်တဲ့ သူမရဲ့ အချစ်ရေးကိုလည်း အခုလို ပြောပြတာက “ထက် အချစ်ရေးကတာ့ ပုံမှန်ပါပဲ။ သူလည်း အလုပ်ကြိုးစားနေတယ်။ ကိုယ်လည်း အလုပ်ကြိုးစား နေ တယ်။ ချစ်သူမို့လို့သာ အချစ်ရေး လို့ပြောရတာ ချစ်ချိန်တောင်မရှိတဲ့ အချစ်ရေးပါ။ ထက်တို့အနုပညာ အလုပ် လုပ်ရင်း နဲ့ပဲ တွေ့ခဲ့ကြတာဖြစ် တဲ့အတွက် သူလည်းထက်ရဲ့ အနုပညာပိုင်းကို နားလည်ပေးတယ်။ သူက အခုအလုပ် လုပ်နေ တယ်။ သူ့ဘဝအတွက် အလုပ်က နံပါတ်တစ်ဖြစ်နေတယ်။ အလုပ်များနေတဲ့အခါကျရင် ထက်တို့မတွေ့ဖြစ်ဘူး။ စကား မပြောဖြစ်ဘူး။ ဂရုမစိုက်ဖြစ်ဘူးပေါ့နော်။ ဒီအလုပ်လုပ်နေတဲ့ အပိုင်းကိုလည်း ထက်က မိန်ကလေးတစ် ယောက် အနေနဲ့ ဘယ်လိုနားလည် ပေးလဲဆိုရင် သူအလုပ်လုပ်နေတာ ကြိုးစားနေတာက ထက်အတွက် ထက်ထက် ထွန်း ရဲ့ဘဝသာသာယာယာဖြစ်ဖို့ မျက်နှာမငယ်ရဖို့ ကြိုးစားနေတာဖြစ်တဲ့အတွက် ထက်ကလည်း အဲလိုအပိုင်း ကိုနား လည်ပေးထားရပါတယ်။ နှစ်ဦးနှစ်ဘက်အပြန်အလှန် နားလည်မှုနဲ့ပဲအချစ်ဆိုတဲ့ အရာထက် သံယော ဇဉ်နဲ့ ဘဝ တစ်ခုကိုထူထောင်ဖို့ ကြိုးစားနေကြတာပါ”  လို့ပြောခဲ့ပါတယ်။

အချစ်ရေးက လူကြီးဆန်ပါတယ် ဆိုတဲ့ သူမတို့ချစ်သူနှစ်ဦး နေထိုင်မှု ပုံစံကိုလည်း အခုလို ပြောပြခဲ့ ပါတယ်။ “ထက်တို့ ချစ်သူနှစ်ဦး နေထိုင်မှုပုံစံက ဘယ်လိုလဲဆိုရင် နည်းနည်း လူကြီးဆန်တယ်။ ကလေးလိုမျိုး အနုပညာရှင် ပီပီနုနုရွရွ ချစ်ကြတာ လည်းမဟုတ်ဘူး။ ထက်တို့ တစ်ခါတလေအလုပ် ကိစ္စအတွက် တိုင်ပင် ဖော်တိုင်ပင်ဖက်လည်း ဖြစ်တယ်။ မိသားစုလိုမျိုး အားပေးဖော် အားပေးဖက်လည်း ဖြစ်တယ်။ မောင်နှမ တွေလိုကူညီဖော် ကူညီဖက်လည်း ဖြစ်တယ်။ စိတ်ဓာတ်ချင်းတူ၊ ရည်ရွယ်ချက် တူပြီး ရှေ့ဆက်နေကြတာပါ။ ထက်တို့ နှစ်ယောက်ရဲ့ တူညီတဲ့ Life Style နှစ်ခုကတော့ ဘယ်မိဘ အသိုင်းအဝန်းကမှ ကူညီထောက်ပံ့ မှုမှ မယူပဲ ကိုယ့်အားကိုကိုးပြီး ကြိုးစားကြတာတူတယ်။ ကိုယ့်လက်ကိုယ့်ခြေနဲ့ လုပ်ပြီးအောင် မြင်မှုရဖို့ ကြိုးစားနေ ကြတာလည်း ဖြစ်ပါတယ်။ ထက်တို့ချစ်သူနှစ်ဦးကလက်ထပ်ဖို့ကျတော့အများကြီးလိုပါသေးတယ်” လို့ ထက်ထက်ထွန်းကပြောခဲ့ပါတယ်။

 ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here