အချစ်ဆိုတာ နားလည်ခြင်း၊ ခွင့်လွှတ်ခြင်း၊ ပေးဆပ်ခြင်းလို့ပဲ ခံယူတယ်ဆိုတ ရွှေမှုန်ရတီ ရဲ့ လတ်တလော အချစ်ရေး

0
182

ရွှေမှုန်ရတီက ပရိသတ်တွေ သိချင်နေကြတဲ့ ချစ်သူကို ဖုံးကွယ် ထားတာမျိုးမရှိဘဲ ပွင့်ပွင့်လင်းလင်း ဖွင့်ဟထားသူပါ။ သူမရဲ့ ကိုယ် ပိုင် ဖေ့စ်ဘုတ်အကောင့်မှာ လမ်းခွဲလိုက်ပြီလို့ ရေးခဲ့ပေမယ့် လတ် တလောမှာတော့ အချစ်ရေးက အဆင်ပြေပါ တယ်ဆိုတဲ့ ရွှေမှုံရတီကို သူမရဲ့ ချစ်သူအကြောင်း မေးမြန်းတော့…

“သဲရဲ့ လတ်တလောအချစ်ရေးက အားလုံးအဆင်ပြေပါတယ်။ အချစ်ဆိုတာကိုလည်း နားလည်ခြင်း၊ ခွင့်လွှတ်ခြင်း၊ ပေးဆပ်ခြင်းလို့ပဲ ခံယူထားတယ်။ ပရိသတ်တွေကိုလည်း ညီမက လွတ်လွတ်လပ်လပ်ပဲ တင် ဆက်တယ်။ ညီမဖုံးကွယ်စရာ မရှိဘူးဆိုရင် ပရိသတ်တွေကို အားလုံး ပြောပြတယ်။ ပရိသတ်တွေကလည်း သဲရဲ့လှုပ်ရှားမှုတိုင်းကို သိချင် ကြမှာပါ။ ကိုယ်ဘာတွေဖြစ်နေလဲ၊ ဘာတွေခံစားနေရ သလဲဆိုတာတွေပေါ့။ ဒီအတွက်လည်း သဲက ပြောပြလို့ရသမျှ ပြောပြပြီးတင်ဖြစ်ပါတယ်။ ဖေ့စ်ဘုတ်မှာ  We break up လို့ တင်တာက လည်း စိတ်ကောက်ပြီး တင်လိုက်တာပါ။ တကယ်တော့ သူက မတင်စေချင်ပါဘူး။ အဲဒီအ ချိန်က တအားကိုစိတ်ကောက်လွန်း လို့ တင်လိုက်တာပါ။ ဒါကြောင့် စတာပါဆို ပြီးလည်း ပြန်တင်လိုက်တာပါ။ လမ်းမခွဲ ပါဘူး လို့ ရွှေမှုန်ရတီက ပြောပြပါတယ်။

ရွှေမှုံရတီက လတ်တလောမှာ တော့ ဒါရိုက်တာ ပြည်ဟိန်းသီဟ ရိုက် ကူးတဲ့ဇာတ်ကားမှာ မြင့်မြတ်နဲ့ အတူ တွဲဖက် သရုပ်ဆောင်နေပါတယ်။ နောက်ပိုင်းမှာ ရွှေမှုံရတီက သူလက်ခံ ရိုက်ကူးတဲ့ ဇာတ်ကားတွေမှာ ကာရိုက် တာတွေ မထပ်အောင် ရွေးချယ်ပြီး ရိုက်ကူးတယ်လို့လည်း ဆိုပါတယ်။

“သဲက နောက်ပိုင်း တတ်နိုင် သလောက် တော့ ကာရိုက်တာမထပ်အောင် ရိုက်ကူးပါ တယ်။ အနုပညာဆိုတာကလည်း တအားကို ပင်ပန်းပြီး နက်နဲမှုတွေရှိတယ်။ အာရုံစူး စိုက်မှု တအားကိုထားရတယ်။ အနု ပညာဆိုတဲ့စကားလုံးမှာ ပညာဆိုတဲ့ စကားလုံး ကပ်ပါလာတဲ့အတွက် ကြောင့် ပညာဆိုတာဘယ်တော့မှ သင်ယူလို့မကုန်ဘူ။ ညီမအတွက် လည်း အနုပညာသင်ယူလို့ မကုန်တဲ့ အရာတစ်ခုပါ။ ကာရိုက် တာစုံအောင်လည်း တတ်နိုင် သလောက် သဲကြိုးစားပါတယ်။ ပရိသတ်တွေ အားလုံးကလည်း ညီမကို ကောင်းစေ ချင်တဲ့စိတ်နဲ့ ဝေဖန်ပေးကြတယ်။ ပရိသတ်ရှိလို့လည်း ရွှေမှုံရတီဆိုတာ ရပ်တည်နိုင်တဲ့အတွက် ကျေးဇူးတင် ပါတယ်”လို့ ရွှေမှုံရတီက ပြောပြပါတယ်။

မြတ်မိုးပွင့်၊
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here