အငဲ ရဲ့ စီးရီးသစ်ဘာကြောင့်ကြာ နေတာလဲ

0
394

IC တီးဝိုင်းရဲ့ပင်တိုင် အဆို တော်ဖြစ်ပြီး အောင်မြင်တဲ့ တေးရေး တေးဆိုတစ်ဦးဖြစ်တဲ့ အငဲက ၂ဝဝ၉ ခုနှစ် က “ကိုး” ဆိုတဲ့ စီးရီး ထွက်ရှိ အပြီးမှာ လက်ရှိ ၂ဝ၁၇ ခုနှစ် အထိ အယ်လ်ဘမ်သစ် ထပ်ထွက်မလာ သေးတာကို တွေ့ရပါတယ်။ လက်ရှိ အချိန်မှာတော့ အငဲက စီးရီးသစ်ကို ထွက်ရှိနိုင်ဖို့ ပြင်ဆင်နေပြီး သီချင်း (၆)ပုဒ် အထိတော့ Body  တည်ပြီး သွားပြီလို့လည်း သိရပါတယ်။

အငဲရဲ့ စီးရီးသစ်ကို ပြင်ဆင်နေစဉ်မှာပဲ အငဲက သမီးဖြစ်သူရဲ့ စီးရီးကိုလည်း စောက်ချ လုပ်ပေးနေရတာကြောင့် ပိုကြာသွားတယ်လို့ ဆိုပါတယ်။IC တီးဝိုင်းရဲ့ပင်တိုင် အဆို တော်ဖြစ်ပြီး အောင်မြင်တဲ့ တေးရေး တေးဆိုတစ်ဦးဖြစ်တဲ့ အငဲက ၂ဝဝ၉ ခုနှစ် က “ကိုး” ဆိုတဲ့ စီးရီး ထွက်ရှိ အပြီးမှာ လက်ရှိ ၂ဝ၁၇ ခုနှစ် အထိ အယ်လ်ဘမ်သစ် ထပ်ထွက်မလာ သေးတာကို တွေ့ရပါတယ်။

လက်ရှိ အချိန်မှာတော့ အငဲက စီးရီးသစ်ကို ထွက်ရှိနိုင်ဖို့ ပြင်ဆင်နေပြီး သီချင်း (၆)ပုဒ် အထိတော့ Body  တည်ပြီး သွားပြီလို့လည်း သိရပါတယ်။အငဲရဲ့ စီးရီးသစ်ကို ပြင်ဆင်နေစဉ်မှာပဲ အငဲက သမီးဖြစ်သူရဲ့ စီးရီးကိုလည်း စောက်ချ လုပ်ပေးနေရတာကြောင့် ပိုကြာသွားတယ်လို့ ဆိုပါတယ်။

“ကျွန်တော့် အခွေက ကြားထဲမှာ ထိုးရပ်ထားတော့ အရင်ကဆို ထွက်ဖို့မရှိဘူးလို ဖြစ်နေတာ။အခု သမီးခွေလေး တည်တော့ ကျွန်တော် လည်း သူ့အခွေကို ဇောက်ချလုပ် နေတာ။ အခုတော့ သူ့အခွေလေး Mixing ပြီးကတည်းက ကျွန်တော့် အခွေလေး ပြန်စနေတာ အခု (၆)ပုဒ်လောက် Body ပြီးပြီ။ဆိုတော့ မဆိုရသေးဘူး။ဘယ်အခြေအနေ လောက်မှ ပြီးသွားမလဲ မသိသေးဘူး။ကိုယ်တိုင်ကျေနပ်တဲ့အပုဒ်ရေလည်းရပြီ။ ဒီအခွေလေးကလည်း အဆင်ပြေမယ်ဆိုရင်တော့ ဘယ်နှစ်ပုဒ် ဖြစ်ဖြစ် ထွက်မှာပါ။အချိန်ကတော့ မမှန်း တတ်သေးဘူး။ ကျွန်တော့် အနေနဲ့  သီချင်းတွေကတော့ လတ်တလော နားထောင်၊ လတ်တလော ကြိုက်တဲ့ဟာ ကို လုပ်တာဆိုတော့ သီချင်း တွေက ဘယ်လို ပုံစံထွက် လာမလဲ ဆိုတာတော့ မပြောတတ်သေးဘူး။ ကျွန်တော် တို့ IC က လူတွေ အနေနဲ့ကတော့ ဝိုင်ဝိုင်းအခွေက တော်တော် ပြီးနေပြီ။ အခွေအနေနဲ့ကတော့ သူ အရင်ထွက် လာမယ် ထင်တယ်။လေးဖြူတို့၊ မျိုးကြီးတို့ကတော့ အယ်လ် ဘမ်တစ်ချပ်အနေနဲ့ မစတည်သေးဘူး။ အခု ကျွန်တော် လုပ်လက်စ အခွေလေးရှိမယ်ပေါ့”လို့ အငဲက သူ့အခွေ နဲ့ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။

ရဲရဲ

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here