လမင်းခ ပုံစံနဲ့ပဲ ရပ်တည်ချင်ပါတယ် အငဲ ရဲ့ သမီး လမင်းခ စီးရီးသစ် ထွက်ရှိ

0
256

IC အဖွဲ့ရဲ့ရော့်ကာကြီး အငဲရဲ့ သမီးကြီးဖြစ်တဲ့ လမင်းခက သူမရဲ့ တစ်ကိုယ်တော် စီးရီးကို “ကူး..ကူ” လို့ အမည်ပေးထားပြီး အောက်တို ဘာလ ၁၉ရက်နေ့မှာ ဖြန့်ချိတော့မှာ ဖြစ်ပါတယ်။လမင်းခရဲ့ စီးရီးသစ် မှာတော့ ဖခင်ဖြစ်သူ အငဲအပါအဝင် ရွှေဂျော်ဂျော်၊ ဇဝါ၊ နိုင်းနိုင် စတဲ့ နာမည်ကျော် တေးရေးတွေရဲ့ သီချင်းတွေပါ ဝင်ကြပြီး အငဲ ကိုယ်တိုင်က ၁၂ ပုဒ် ပါမယ့်ဒီစီးရီးမှာ သီချင်း ၆ပုဒ်ရေးပေး ထားတယ်လို့ သိရပါ တယ်။ လမင်းခ ရဲ့စီးရီးထဲမှာတော့  Country,Pop,Rock  ပုံစံတွေ ပါမှာဖြစ်ပြီး လမင်းခ အနေနဲ့ အငဲသမီး ဆိုတာထက် လမင်းခ အနေနဲ့ ပရိသတ် ပိုသတိ ထားမိစေချင်တယ် လို့ ဆိုပါတယ်။

“အဖေ့ကို ချစ်တဲ့စိတ်နဲ့လည်း သမီးကို ချစ်ပေးတဲ့အတွက် ဝမ်းသာ ပါတယ်။ ဒါပေမဲ့ အနုပညာ လောကမှာ ရပ်တည်တဲ့ အခါ အဖေအငဲ သမီးဆိုတာထက် လမင်းခ အနေနဲ့ သမီးပုံစံနဲ့ ရပ်တည်ချင်ပါတယ်။ အဲ့ ဒီအတွက်လည်း ညီမ အများကြီး ကြိုးစားနေပါတယ်” လို့  လမင်းခက ပြောပါတယ်။
လမင်းခက ရော့ခ် သီချင်းတွေကို ပိုနှစ် သက်ပေမယ့် ဒီစီးရီးခွေထဲမှာတော့ သူမအသံနဲ့ လိုက်ဖက်တဲ့ ဂီတ ပုံစံတွေကို ထည့်သွင်းထားတယ် လို့လည်း ဆိုပါတယ်။    “ညီမ ကြိုက်တာကတော့ ရော့ခ်ကို အရမ်းကြိုက်ပါတယ်။ ဒါပေမဲ့ညီမအသံနဲ့ သိပ် မလိုက်ဖက်တဲ့ ပုံစံလေး တွေရှိတယ်။ ညီမ အသံနဲ့က သီချင်း ချိုချိုလေးတွေ ပိုလိုက်ဖက်တာဆိုတော့ ဒီအခွေထဲ မှာ တော့ မျှတစွာ ထည့်သွင်းထားပါ တယ်။ စိတ်ထဲကလည်း ရော့ခ်ကိုပဲ ကြိုက်တော့ ရော့ခ်ကို ကြိုးစား ဆိုမယ်လို့ လည်း ပြင်ဆင်ထားပါတယ်” လို့ လမင်းခ က ပြောပါတယ်။   အငဲရဲ့သမီး လမင်းခရဲ့ စီးရီးသစ် စာနယ်ဇင်း မိတ်ဆက်ပွဲကိုလည်း အောက်တိုဘာလ ၇ရက်နေ့က Orchid ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။

ဒီပွဲမှာလည်း အငဲက သူကိုယ်တိုင် သူ့သမီးကို စာ နယ်ဇင်းတွေနဲ့ မိတ်ဆက်ခဲ့ပြီး သမီး ဖြစ်သူနဲ့ ပတ် သက်လို့ သူပြောပြတာတော့… ကျွန်တော့်အနေ နဲ့ကတော့ သူ့ကို မျက်စိရှေ့ မြင်တာ လေးတွေ ပြောပြတာပေါ့။ ဒီလိုပဲ သွားရင်းလာရင်းပဲ လိုတာရှိရင် ပြောပြတာပါပဲ။ သီးသန့် ကြီးတော့ မပြောဖြစ်ပါဘူး။ ဒီအခွေအတွက် သီချင်းတွေ ရွေးတဲ့ အခါမှာလည်း ၂ယောက် အတူ ရွေး ပါတယ်။ ညှိပြီးတော့ အဆင်ပြေမယ့် ပုံစံလေးတွေ ထည့်ထားပါတယ်။ ရေးတဲ့အခါ ကျတော့ ရေးရင်းနဲ့ အခွေ တစ်ခြမ်းလောက်က ကျွန်တော်ကိုယ်တိုင် ရေးဖြစ်သွားတယ်။ ဒီထဲမှာ သူ နဲ့လည်း တစ်ပုဒ်တွဲ ဆိုထားတယ်။ သူက ခုမှ စဆိုတာပေါ့။ သူ ပထမဆုံး စဆိုတုန်းက ကျွန်တော်တို့ သင်္ကြန် တစ်နှစ်မှာ သူဆိုတယ်။ အဲဒီတုန်းက ကျွန်တော်တို့ IC က လူတွေ သူ့ကို သိပ်ကြိုက်ပုံ မရဘူး။ သူကနုသေးတာပေါ့။ အဲဒီ ကြားထဲမှာပဲ သူဆိုဆိုလာရင်း တ ဖြည်းဖြည်း ပိုကောင်းလာတယ်။ ကျွန်တော်ကလည်း အဲ့ဒီ လိုလေး တဖြည်းဖြည်း ပိုကောင်းလာတာကို သဘောကျပါတယ်။ အခုလမင်းခရဲ့ အခွေလေး ကိုလည်း တစ်ခေါက်လောက် ဖြစ်ဖြစ် တော့ နားထောင် ကြည့်စေချင်ပါတယ်။ နားထာင်ပြီး မကြိုက် တော့လည်း ဆက်နားမထောင်ပါနဲ့ပေါ့။ ဒါပေမဲ့ တစ်ခေါက် လောက်ဖြစ်ဖြစ်တော့ နားထောင် ကြည့် စေချင်ပါတယ် “လို့ ဖခင်ဖြစ်တဲ့ အငဲ ကပြောပြခဲ့ပါတယ်။

ရဲရဲ

ဓာတ်ပုံ-အောင်ဇော်မင်း

LEAVE A REPLY

Please enter your comment!
Please enter your name here