ပြည်တွင်းစစ်

0
259

အတ္တကို
သာတူညီမျှလို့​ခေါင်းစဉ်​တပ်​ပြီး
ပစ်​ခတ်​လိုက်​ကြတာ
ပြည်​သူ​တွေရင်​ဘတ်​မှာ
ကျည်​ဆန်​ရာ​တွေထပ်​​နေပြီ။

မာနကို….
တလွဲအသုံးချလို့
ဗုံး​တွေကြဲလိုက်​ကြတာ
ပြည်​သူ​တွေအိုးအိမ်​​ပျက်​လို့
နေစရာအခက်​တွေ့ကုန်​ပြီ။

သွေးဆာ​နေတဲ့
ဘီလူးမင်းသား​တွေ​ကြောင့်
တိုင်းပြည်​ရဲ့အနာဂတ်​​လေးများ
မှုန်ဝါးဝါးနဲ့
ပညာတရား​တွေမဲ့ကုန်​ပြီ။

ခင်းဗျားတို့…..
အပြိုင်​ခင်းတဲ့
ပြည်​တွင်းစစ်​ပွဲများ​အောက်​မှာ
တိုင်းပြည်​ကြီးငါးပါးမှောက်​လို့
နင်းပြားဘဝ​တွေများကုန်​ပြီ။

မတူညီမှု​တွေကို
ညီမျှခြင်းမချကြပါနဲ့
ခင်​ဗျားတို့နှလုံးသားထဲမှာ
ပြည်​​ထောင်​စုအတွက်​ဆိုတဲ့
စိတ်​က​လေးတစ်ချက်​​မွေးဖွားရင်
တိုင်းပြည်​အနာဂတ်​ကြီး
လှပလာပါလိမ့်​မယ်။

ကိုမျိုး(​ရေ​တော်​)


LEAVE A REPLY

Please enter your comment!
Please enter your name here