၁၃နှစ်ကျော်ကြာမှ အနုပညာလောကထဲ ပြန်ရောက်လာတဲ့ စမိုင်း

0
225

သရုပ်ဆောင် စမိုင်းက အနု ပညာအလုပ်နဲ့ ဝေးကွာခဲ့တာ ၁၃ နှစ်ဆိုတဲ့ အချိန်အ တိုင်းအတာ ရှိခဲ့ပြီဖြစ်ပါတယ်။ အနုပညာ အလုပ် တွေ ဆက်လက်မလုပ်ကိုင်ခဲ့တဲ့ အချိန်တွေမှာ ပတ်ဝန်းကျင်က စမိုင်းရဲ့ ခန္ဓာကိုယ် အလေးချိန်နဲ့ ပတ်သက် ပြီး ဝေဖန်မှုတွေ ရှိခဲ့တာကြောင့် ပိန်ဆေးတွေလည်း သောက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို ပိန်ဆေးတွေ သောက်ခဲ့တဲ့အတွက် စမိုင်း ကြုံတွေ့ ခဲ့ရတဲ့ ကိုယ်တွေ့ အတွေ့အကြုံနဲ့ ပိန် ဆေးရဲ့ ဆိုးကျိုးတွေ အ ကြောင်းကို စမိုင်းက အခုလို ပြောပြပါတယ်။

“အရင်ကဆို အစ်မကို လူတွေ က ပိန်တယ်၊ ဝတယ် ပြောကြတော့ ကိုယ်ကပိန်ချင်မိတယ်။ လေ့ကျင့်ခန်းလည်း မလုပ်ချင်တော့ အလွယ်လမ်းကိုလိုက်ပြီး ပိန်ဆေးတွေသောက်တယ်။ အဲဒီအချိန်မှာလည်း လူကတော်တော်လေး ပိန်သွားခဲ့တယ်။ ဒါပေမဲ့ ပိန်ဆေးရဲ့အကျိုး ဆက်ကြောင့် ရင်တွေတုန်လာတယ်။ နှလုံးက မခံနိုင်ဘူး။ စိတ်တွေတို တယ်။ မောလာတယ်။ အစ်မက နှလုံးကို စစ်ကြည့်တဲ့အခါမှာ နှလုံးက သိပ်မကောင်းတော့ဘူး။ အဲဒီလိုမျိုး အကျိုးဆက် တွေ ဖြစ်လာတဲ့ အချိန် မှာ ပိန်ဆေးကို ရပ်လိုက်တယ်။ ပိန်ဆေး မသောက်တဲ့အချိန်မှာ လက် တွေတုန်လာတာမျိုးတွေ ဖြစ်လာတယ်။ ဒါကြောင့် ဒါကြီးက ကျန်းမာရေးအတွက် မကောင်းဘူး။ ပိန်ချင်တယ်ဆိုရင်လည်း ကျန်းမာရေးအရ လေ့ကျင့်ခန်းလုပ်ပါ။ အစားအ သောက်လျော့ပါ။ အခုတော့ အစ်မ လေ့ကျင့်ခန်း လုပ်ပြီး ဝိတ်ချနေတယ်။ ဆက်ပြီးလည်း ဝိတ်ချဖို့ ရှိပါတယ်”လို့ သူက ပြောပါတယ်။

အခုအချိန်မှာတော့ စမိုင်းကမိသားစုနဲ့အတူ ရန်ကုန်မှာ ပြန်လည် အခြေချ နေထိုင်နေပြီး အနုပညာ အလုပ်တွေကိုလည်း ပြန်လည် လုပ်ကိုင်နေပြီ ဖြစ်ပါ တယ်။ ဒါရိုက်တာ ကိုဇော် (အာရုဏ်ဦး) ရိုက်ကူးနေတဲ့ ” ဂယက် တွေပါ ဟယ်” ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်လျက်ရှိတဲ့ စမိုင်းအတွက် အချိန် အတော်ကြာကာမှ သရုပ်ဆောင် ပြန်လုပ်တဲ့အပေါ် ကွာခြားမှုတွေ ပါရှိ သလားလို့ မေးမြန်းတော့ …

” အခုဇာတ်ကားတွေ မရိုက်ကူးဖြစ်ခဲ့တဲ့ ၁၃ နှစ်ကာလမှာ ပထမဆုံး ပြန်လည်ရိုက်ကူးတာဆို တော့ အရင်အချိန်နဲ့ မတူဘူး။ စက် ပစ္စည်းပိုင်းကအစ အစစအရာရာ ထိုးတက်လာတယ်။ အရင်က ဖလင် နဲ့ရိုက် ရတာဆိုတော့ Rehersal တွေ အများကြီး လုပ်ရတယ်။ အခုတော့ အားလုံး Digital တွေ ဖြစ်သွား ပြီ။ ကောင်းတာတွေ အများကြီးဖြစ်လာတယ်။ ဆိုးတာကတော့ အခု Social Network တွေ တအား တွင်ကျယ် လာတော့ ဝေဖန်တာတွေ တအား လွယ်သွားပြီ။ ဒါကိုတော့ အစ်မကြောက်တယ်။ ဇာတ်ကား ထွက်ရှိလာရင် ဆိုးတာ တွေအများကြီး ပြောကြမလားဆိုပြီး ကြောက်တယ်။ အခုပထမဆုံး ပြန်လည် ရိုက်ကူးတော့လည်း အစ်မက ရိုက်ကူးတာရော၊ အက်တာရော ကိုယ်သိတဲ့လူ၊ အဆင်ပြေတဲ့လူတွေနဲ့ ရိုက်ကူးနေ တယ်” လို့ စမိုင်းက ပြောပြပါတယ်။

  မြတ်မိုးပွင့်

ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here