ခုအချိန်ထိ လက်ခံပေးနေတဲ့ ပရိသတ်တွေ ရှိနေလို့ ဝမ်းသာကြောင်း ယုသန္တာတင် ပြော

0
166

သရုပ်ဆောင် ယုသန္တာတင်က အခုလတ်တလော မှာတော့ ဒါရိုက်တာဇေပါ ရိုက်ကူးပုံဖော်နေတဲ့ ‘အိမ်မက်လွမ်းဝေ’ ဗီဒီယို ဇာတ်ကားကို မင်းသားသစ် စိုးသီဟ၊ ရဲအောင်၊ ဝါဝါအောင်တို့နဲ့အတူ ပါဝင် သရုပ် ဆောင် ရိုက်ကူးနေပါတယ်။ အခုချိန်က ဗီဒီယိုဈေးကွက်က ပျက်လုလုဖြစ်နေတဲ့ အချိန်ကာလဖြစ်သလို ဗီဒီယိုဇာတ် ကား တွေ ရိုက်ကူးမှုနည်းပါးနေတဲ့ ကာလဖြစ်ပါတယ်။ ဒီလို အချိန်ကာလမျိုးမှာ ဗီဒီယိုဇာတ်ကားရိုက်ကူးရတဲ့ ယုသန္တာတင်ရဲ့ ခံစားချက်က…

“ညီမတို့ကတော့ ဗီဒီယိုပဲရိုက် ရိုက်၊ ရုပ်ရှင်ပဲရိုက်ရိုက်၊ ခံစားချက်ကတော့ အတူတူပါပဲ။ ရုပ်ရှင်ကျတော့ ရိုက် ပြီးသွားရင် ဇာတ်ကားရုံတင်ဖို့အတွက်ကို နည်းနည်းစောင့် ရတယ်။ ဒီဗီဒီယိုဇာတ်ကားကျတော့ ပရိသတ်လက်ထဲကို မြန်မြန်ရောက် တယ်ပေါ့နော်။ မြန်မြန်ရောက်တဲ့ အခါကျ တော့ ပရိသတ်တွေက ကိုယ့်ရဲ့အနုပညာလှုပ်ရှား မှုတွေ ကို ခပ်စိပ်စိပ်တွေ့ရတယ်။ ညီမတို့ဆို အခုနောက်ပိုင်း ဇာတ်ကားကြီးတွေပဲ များများရိုက်လာတဲ့အခါကျတော့ ပရိ သတ်တွေ အမြင်မှာဆိုရင် ညီမတို့ရဲ့ ဗီဒီယို ဇာတ်ကားတွေ သိပ်မထွက်တော့ အနုပညာလှုပ်ရှားမှုတွေ အားဖြင့်ဆို ဝေးသွားပြီ။ နည်းနည်း ကွာဟသွားပြီလို့ ခံစားကျတယ် လေ။ အဲဒီတော့ ညီမထင်တာတော့ ဗီဒီယို ဇာတ်ကားတွေ လည်း ရိုက်၊ ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ဆိုတော့ ပရိသတ်နဲ့ အဆက်မပြတ်ဘူးလို့ ထင်ပါတယ်။ ဇာတ်လမ်း ကိုတော့ ရွေးချယ်တယ်ဆိုတာထက် ကိုယ်နဲ့ လိုက်မယ့် ဇာတ်ရုပ်တွေကိုပဲ ပိုပြီးလက်ခံရိုက်ကူး ဖြစ်ပါတယ်” လို့ ပြောပြပါတယ်။

ဒီဇာတ်ကားရိုက်ကူးပြီးရင် နောက်ထပ်လည်း ဗီဒီယိုဇာတ်ကား များ၊ ရုပ်ရှင်ဇာတ်ကားများ ဆက်လက် ရိုက်ကူးသွားဖို့ရှိကြောင်းနဲ့ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလ တွေမှာ သူရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကား တွေထဲမှ ရုပ်ရှင်ဇာတ်ကား ၂ ကား ၃ကားလောက် ရုံတင်ပြသဖို့ရှိ ကြောင်း ယုသန္တာတင်က ပြောပါတယ်။

သူ့အနေနဲ့ရှေ့ဆက်လည်း အနုပညာအလုပ် ပေါ်မှာ တက်နိုင်သလောက် အစွမ်းကုန်ကြိုးစားသွားမှာ ဖြစ် ကြောင်းကို ယုသန္တာတင်က …

“ငါးနှစ်၊ ခြောက်နှစ်လောက် တော့ ရှိသွားပါပြီ။ အောင်မြင်မှု ဆိုတာထက် ကိုယ့်ဒီသက်တမ်း တစ် လျှောက်မှာ ကိုယ့်ကိုချစ်တဲ့ ပရိသတ်တွေရှိတယ်။ ကိုယ့်ကို အခု အချိန်ထိ လက်ခံပေးနေတဲ့ ပရိသတ်တွေ ရှိနေတဲ့အတွက် ဝမ်း သာပါတယ်။ အောင်မြင်တာ မအောင်မြင်တာ နေရာရတယ် မရဘူးဆိုတာက အများက သတ်မှတ် တာပေါ့နော်။ ညီမကတော့ ညီမရဲ့ ဒီအနုပညာ အလုပ်အပေါ်မှာ တက်နိုင်သလောက် ကြိုး စားပြီးတော့ အစွမ်းကုန်လုပ်သွားချင်ပါတယ်” လို့ ပြောပြခဲ့ ပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here