ရင်သွေးမွေးဖွားမယ့်လမှာ ရုပ်ရှင်ဇာတ်ကားကြီးရုံတင်တာနဲ့ တိုက်ဆိုင်နေတဲ့ သဉ္ဇာနွယ်ဝင်း

0
371

အိမ်ထောင် ကျပြီးကတည်းက ဇာတ်ကားရိုက်ကူးမှု့တွေ မလုပ်ဖြစ် တော့တဲ့ သဉ္ဇာနွယ်ဝင်းက မကြာခင်မှာတော့ သူရိုက် ကူးထားခဲ့တဲ့ ‘ဖိုးရှိတ်’ ရုပ်ရှင်ဇာတ်ကားကြီးလည်း ရုံတင်ပြသ တော့မှာ ဖြစ်ပါတယ်။ ဒီ ဇာတ်ကားကိုတော့ ဒါရိုက်တာနေ ပိုင်က ရိုက်ကူးခဲ့တာ ဖြစ်ပြီး မြင့်မြတ်၊ သဉ္ဇာနွယ်ဝင်း၊ ခင်လှိုင်၊ ဒိန်းဒေါင် နှင့် အခြားအနု ပညာရှင်ပေါင်း များစွာပါဝင် သရုပ် ဆောင်ရိုက် ကူးထားကြတာ ဖြစ်ပါတယ်။ အဆိုပါဇာတ်ကား ရိုက်ကူးခဲ့ စဉ်က အမှတ်တရများနဲ့ ပတ်သက်ပြီး သဉ္ဇာနွယ်ဝင်းက…

အဲဒီဇာတ်ကားက သဉ္ဇာ ကလေးမွေးတဲ့လ ရုံတင်ပြသမှာဆို တော့ ကွက်တိကြီးဖြစ်နေတယ်။ ပရက်ရှိုးကိုတောင် သွားနိုင်ပါ့ မလားမသိဘူး။ ဒီကားပြီးရင် ရုပ်ရှင်ဇာတ်ကားကြီး ရုံ တင်ပြသဖို့က  နောက်ထပ်၂ကား လောက်ပဲကျန် တော့တာ။ ကလေးမွေးပြီးသွားရင် လာကြည့် မယ်။ ဒီဇာတ်ကား ရိုက်ကူးဖို့ဆိုပြီး ကလော ရောက် တော့မှ ဇာတ်လမ်း ပြောင်းသွားတာ။ ပထမ ဇာတ် ကားမှာ ဝတ်ဆင်ရမယ့်ပုံစံက ၁၉၈ဝပြည့်နှစ် ခေတ် တုန်းကလိုမျိုး ခေါင်းလောင်းအင်္ကျီပုံ စံလေးတွေ ဆိုပြီး ယူသွားတာနဲ့ဘာမှ မဆိုင်ဘူး ဖြစ်သွားတာ။ အဲဒါနဲ့ ကလောရောက်တော့မှ အဝတ်အစား ချက် ချင်း ပြန်ချုပ်လိုက်ရတယ်။ အဝတ်အစားမှာ တော် တော် အဆင်မပြေဘူးဖြစ်သွားတယ်။ တချို့အခန်း တွေဆို တော်တော်ကြည့်ရ ဆိုးနေတာ။ အဲဒါလေး ကိုတော့ သဉ္ဇာ တောင်းပန်ချင်ပါတယ်။ အဆင်မပြေ ဖြစ်သွားတယ်။ ဒါပေမဲ့ သဉ္ဇာ တော်တော်လေး ကြိုး စားထားပါတယ်”  လို့ ပြောပါတယ်။

တွယ်တာ

ဓာတ်ပုံ-My Dream


LEAVE A REPLY

Please enter your comment!
Please enter your name here