ရဟန်းခံ၊ ရှင်ပြု၊ နားသ အလှူပြုလုပ်မယ့် စိုးပြည့်သဇင် တို့ ညီအစ်မနှစ်ဦး

0
315

သရုပ်ဆောင် စိုးပြည့်သဇင်က သူ့ရဲ့ အစ်မဖြစ်သူ စန္ဒီမြင့်လွင်နဲ့အတူ အောက်တိုဘာလ ၂ဝ ရက်နေ့ကျရင် တံတားဦးမြို့နယ်၊ စကားအင်း ကျေး ရွာ “ဇီးကန်တောရကျောင်း” မှာ ကထိန်၊ ကံထပ်၊ ရဟန်းခံ၊ ရှင်ပြု၊နားသအလှူ တော်မင်္ဂလာပွဲကိုကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီအလှူပွဲနဲ့ ပတ်သက်ပြီး စိုးပြည့်သဇင်က သရုပ်ဆောင် စိုးပြည့်သဇင်က သူ့ရဲ့ အစ်မဖြစ်သူ စန္ဒီမြင့်လွင်နဲ့အတူ အောက်တိုဘာလ ၂ဝ ရက်နေ့ကျရင် တံတားဦးမြို့နယ်၊ စကားအင်း ကျေး ရွာ “ဇီးကန်တောရကျောင်း” မှာ ကထိန်၊ ကံထပ်၊ ရဟန်းခံ၊ ရှင်ပြု၊နားသအလှူ တော်မင်္ဂလာပွဲကိုကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီအလှူပွဲနဲ့ ပတ်သက်ပြီး စိုးပြည့်သဇင်က  “အလှူကတော့ ဆရာတော်ကို စိုးပြည့် ကိုးကွယ်ဆည်းကပ်လာခဲ့  တာ ၁ဝ နှစ် ကျော်လောက်ရှိပြီ။ ဆရာတော်ဆီ မှာလည်း ကထိန်ခင်း ချင်တယ်လို့ လျှောက်ထားဖူးတယ်။ မနှစ်ကတည်းက လျှောက်ထားတာပါ။ မနှစ်ကတော့ အလှူရှင် ရှိနေတာနဲ့ ဒီ နှစ်တော့ စိုးပြည့်ဆန္ဒလေး ပြည့်သွား ပါပြီ။ မဒီနဲ့ အတူ ညီအစ်မ နှစ်ယောက် လှူဖြစ်မယ်။ အမှတ်တရလေးလည်း ဖြစ်သွားအောင်၊ ပြီးတော့ တံတားဦ မြို့နားက ရှင်မပြုနိုင်တဲ့ ကလေးတွေ ရော၊ နောက်ပြီးတော့ သိက္ခာထပ်၊ ရဟန်းခံ၊ ရှင်ပြုလုပ်ပေးဖြစ်မှာပါ။ ရှင်ပြုကတော့ ၄၅ ပါး၊ ပြီးတော့ ရဟန်းခံလည်းပါမယ်။ နောက်ပြီး ဆရာတော်ကြီးကိုလည်း သိက္ခာ ပြန် ထပ်မယ်” လို့ ပြောပြပါတယ်။

ဒီအလှူပွဲက စိုးပြည့်သဇင် အတွက် ဒုတိယအကြိမ် ထပ်မံလှူဒါန်းတဲ့ အလှူ ဖြစ်ပြီး ဗုဒ္ဓဘာသာ တစ်ယောက် အနေ နဲ့ ကိုယ့်ဗုဒ္ဓဘာသာ သာသနာ အတွက် ကုသိုလ်ပြုခွင့်ရတဲ့ အတွက် ဝမ်းသာ ပီတိဖြစ်ရကြောင်းကို စိုးပြည့်သဇင် က “စိုးပြည့် တစ်ခါက ရှင်ပြုပွဲ လုပ်ခဲ့ဖူးတယ်။ စိုးပြည့်ရဲ့ တောင်ငူမြို့လေးမှာ လုပ်ခဲ့ဖူး တယ်။ ဒီအလှူကတော့ စိုးပြည့် ရဲ့ ဒုတိယအကြိမ်ပေါ့။ အဲဒီလို အလှူမျိုး လှူတိုင်းတအား ကိုပီတီဖြစ်တယ်။ မလှူခင် ကလည်းပီတိ ဖြစ်ရတယ်။ လှူပြီးတော့လည်း ပီတိဖြစ်ရ တယ်။ အမြဲတမ်းပြန်ပြန်တွေး ပြီးတော့လည်း အဲဒီကုသိုလ်လေးကို ပီတိဖြစ်ပြီး တအားပျော်ပါ တယ်။ စိုးပြည့် ဗုဒ္ဓဘာသာဝင် တစ် ယောက် အနေနဲ့ပေါ့နော်။ ကိုယ့်ရဲ့ ဗုဒ္ဓဘာသာ သာသနာအတွက်ရော စိုးပြည့်တို့ မွန်မြတ်တဲ့ ကုသိုလ်ကို ပြုခွင့်ရတဲ့အတွက်လည်း စိုးပြည့် တအားဝမ်းသာပါတယ်”လို့ ထပ်မံ ပြောပြခဲ့ပါတယ်။

ဇင်မာနွယ် ၊ 

ဓာတ်ပုံ မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here