ရုပ်ရှင် ထုတ်လုပ်ရေး လုပ်ဖို့ ရှိ၊မရှိဆိုတဲ့အမေး လွင်မိုး ရဲ့ အဖြေ

0
357

ရုပ်ရှင်ရုံနဲ့ ပတ်သက်လို့ Paradiso ရုပ်ရှင်ရုံတွေကို နယ် အနှံ့လိုက်လံဖွင့်လှစ်နေတဲ့ ရုပ်ရှင် မင်းသားကြီးလွင်မိုးက ရုပ်ရှင်ဇာတ် ကားတွေတိုးတက်ဖို့၊ ရုပ်ရှင်ရုံစနစ် တိုးတက်ဖို့၊ ရုပ်ရှင်လောကတိုးတက်ဖို့ စတာတွေနဲ့ ပတ်သက်ပြီး သူ့အမြင် ကို အခုလိုပြောပြလာပါတယ်။

“ကျွန်တော့်ရဲ့ ရှေ့မှာရှိတဲ့ ဘကြီးတွေ၊ ဦးလေးတွေ၊ အစ်ကိုကြီးတွေ ရိုက်ကူးခဲ့တဲ့ ရုပ်ရှင် ဇာတ်ကား ဒီဘက်မှာ ဦးကျော်သူကို ပြမယ်ဆိုရင် ဟိုဘက်မှာ ဦးဝင်းဦးကား။ ဦးဝင်းဦး ဇာတ်ကား ကောင်းရင် ဦးဝင်းဦးဇာတ်ကားလူပြည့်သွားမယ်။ ဦးကျော်သူဇာတ်ကားလူ တစ်ယောက်မှ မရှိဘူးဖြစ်သွားမယ်။ အဲဒီတော့ လူတွေကရုပ်ရှင်ကို စိတ်ပူလာမယ်။ စိုးရိမ် စိတ်တွေများ လာမယ်။ ပရိသတ်ကြိုက်အောင်ဘယ်လိုရိုက်ကူးမလဲဆိုတာဖြစ်လာ ကြပြီ။

ဒါဟာရုပ်ရှင်တိုးတက်မှုပဲ။ နေ့စဉ်နဲ့အမျှ ဘာဇာတ်ကားပဲဖြစ်ဖြစ် ရိုက်ကူးနေတဲ့ပုံစံမျိုး နဲ့တော့မရဘူး။ ပြသတဲ့ပုံစံအပိုင်းမှာလည်း ဇာတ်ကားကောင်းရင်ကောင်းသလို အပြင်မှာ သတင်းထွက်လာမယ်။ ဘယ်သူတွေကတော့ ဘာဇာတ်ကား ရိုက်နေပြီ။ ဒီလိုသတင်းတွေထွက် လာပြီဆိုလို့ရှိရင် ပြသမှုအပိုင်းမှာ လည်း ကျွန်တော် တို့ကနေပြီးတော့ ဦးစားပေးပြသတဲ့အပိုင်းတွေဖြစ်လာမှာ။ အဲဒီတော့အရေးကြီးတာကဇာတ်ကားကောင်းဖို့ဆိုတဲ့အပိုင်း တွေဖြစ်လာပြီ။ ပရိသတ်လက်ခံနိုင်အောင်ကြိုး စားရမယ့်အပိုင်းတွေဖြစ်လာပြီ။ အနု ပညာအရည်အသွေးတွေ အများကြီးထည့်ရမယ့် တာဝန်တွေကြီး လာ ပြီ။ အဲဒါဆိုရင်တော့ ကျွန်တော်တို့ရုပ်ရှင်လောကတိုးတက်လာ မှာ ပါ”လို့ လွင်မိုးထံမှသိရပါတယ်။ ရုပ်ရှင်ရုံတွေတည်ဆောက်နေတာ ဆိုတော့ ရုပ်ရှင်ဇာတ်ကား တွေမှာပြန်လည်သရုပ်ဆောင်ဖို့ကော ရှိဦးမလားဆိုတော့……

“ဒီရုပ်ကြီးက ကိုယ့်ကိုယ်ကိုယ်တောင် မနည်းပြန်ကြည့်နေရ တော့လေ။ ပရိသတ်ကိုလည်း မပြချင်တော့ပါဘူး” လို့ပြောပါတယ်။ ဒါဆိုရုပ်ရှင်ထုတ်လုပ်ရေးဘက်ကိုကော ခြေဦးလှည့်ပါဦးမလားလို့ မေး ပြန်တော့”ကိုယ်တိုင်လည်း ထုတ်လုပ်ရမှာပေါ့။ ကိုယ့်မှာလည်း သူငယ်ချင်းအပေါင်းအသင်းတွေရှိပြီးသား။ ဒီလုပ်ငန်းကိုလည်း ကျွမ်းကျင် ပြီးသား။ ဘယ်လိုဇာတ်ကားမျိုးကိုရိုက်ကူးရင်အခုချိန်မှာပေါက်မလဲဆိုတာကို လည်းကိုယ့်ရဲ့ ဥာဏ်တစ်မိုက်တစ်ထွာလေးနဲ့ စဉ်းစားတတ်နေပြီဆိုတော့ ကိုယ်လည်းထုတ်လုပ် ရေးအပိုင်းတွေလုပ်ရမှာပေါ့”လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here