ခေတ်အဆက်ဆက် မင်းသားတွေငြင်းခဲ့တဲ့ ဇာတ်ရုပ်ကို သရုပ်ဆောင်တဲ့ ခင်ပွန်းဖြစ်သူ အပေါ် အိန္ဒြာကျော်ဇင် ရဲ့ အမြင်

0
253

“ရင်ဘတ်ထဲကဓား” ရုပ်ရှင် ဇာတ်ကားမှာ ပြေတီဦးက ပရိသတ်တွေမုန်း နိုင်မယ့်အိမ်ထောင် ရေးဖောက်ပြန်တဲ့ အမျိုးသားတစ်ဦး အဖြစ် သရုပ်ဆောင်ထား တာ ကြောင့်ခင်ပွန်းဖြစ်သူ ရဲ့သရုပ်ဆောင်မှု အပေါ်အိန္ဒြာကျော်ဇင်ရဲ့အမြင်ကို မေးကြည့် တော့ “အရင်တုန်းက ဒီဇာတ်လမ်းကို ခေတ်အဆက်ဆက် မင်းသားတွေ ငြင်းခဲ့တယ်လို့ ပြောတယ်။ ဇာတ် ကကျတော့ မင်းသမီးက တအားလုပ် ကွက်ရတယ်။ ဒါပေမဲ့ မင်းသား လည်း လုပ်ကွက်ရှိတယ်။ ကာရိုက် တာအရ ကျတော့မင်းသားက နည်းနည်း ဗီလိန်ဖြစ်တယ်။ အပြင်မှာ ဖြစ်တတ်တဲ့ သဘာဝ ဇာတ်မျိုးပေါ့။ ယောကျာ်းတွေဖောက် ပြန်တာကို ဘယ်လိုပဲ ဖြစ်ဖြစ် ဘယ်သူကမှ ခွင့်မလွှတ် နိုင်ဘူး။ သည်းမခံနိုင်ဘူးလေ။ အဲဒီလို ဇာတ်ရုပ်မျိုးကို သူကသရုပ် ဆောင် သွားတယ်။ သူသရုပ်ဆောင်တာ လည်း ဒါအစ်မ ထင်ပါတယ်။ ကိုယ့် အမျိုးသမီး မို့လို့လည်း သူလုပ်ပေးတယ် ထင်ပါတယ်။ ဒါပေမဲ့ သူ့နေရာကလည်း မုန်းစရာကောင်းတဲ့ နေရာကို မုန်းအောင် လုပ်နိုင်မှ အိုက်တင်ပီပြင်တာပေါ့နော်။ သူကအဲဒီလိုဖြစ် တယ်။ ပရိသတ်တွေ ကြည့်တဲ့အခါမှာ သိရမှာပါ။ ရုံပေါ်ကြမှပဲ ကြည့်ပြီးဝေဖန် ပေးကြပါ”  လို့ပြောပါ တယ်။

ဒီဇာတ်ကားမှာ သီဟနိုင်နဲ့ လရိပ် ဝေးဆိုတဲ့ ဇာတ်ကောင် တွေအတိုင်း စီးမျောပြီး သရုပ်ဆောင်ခဲ့တာ ဖြစ်ပြီးဇာတ်ကား ထဲမှာလည်း ဇနီးမောင်နှံဖြစ်သလို အပြင်မှာ လည်း ဇနီးမောင်နှံတွေ ပဲဖြစ်တာကြောင့်  ပိုပြီးတော့ ပွင့်ပွင့်လင်းလင်းနဲ့ ရိုက်ကူးလို့ ရကြောင်း အိန္ဒြာကျော်ဇင်က ပြောပါတယ်။ ဒီဇာတ်ကားထဲက သရုပ်ဆောင်ခဲ့မှုတွေကို ကျေနပ် အားရမှုရှိတယ်လို့ ဆိုတဲ့ အိန္ဒြာကျော်ဇင်က “မုဒ်တွေပြင်းပြင်းထန်ထန်နဲ့ ရင်ထဲမှာခံစား ရတဲ့ ခံစားချက်တွေကို မျက်နှာမှာလည်း ပေါ်အောင် ပရိသတ် သိအောင်လည်း လုပ်ပြရတယ်။  ပိုပြီးအားရတာလေး တစ်ခုက အရင်တုန်းကဆိုရင် ကိုယ်ရိုက်ပြီးသွား လို့ရှိရင် ငါလုပ်ခဲ့တာတွေက ကောင်းရဲ့လား မသိဘူး။ အိုက်တင်တွေ ရောက်ရဲ့ လားမသိဘူး ဆိုပြီး အမြဲတမ်း ဇဝေဇဝါဖြစ်တယ်။ ဒီမှာကျတော့ ရိုက်တဲ့ အခါမှာ တည်းက ကိုဝိုင်းက သူမကြိုက်လို့ရှိ ရင် အူဝဲဒါလေးတော့ ပြန်လုပ်ပေးပါ။ ကိုယ်က လည်း အဲဒီလိုမျိုးကြိုက်တယ်။ ကိုယ်လုပ်တဲ့ အိုက်တင်ကို ကြိုက်သွားပြီ ဆိုရင်လည်း အူဝဲဒါကြိုက်တယ်။ ဒါလုံးဝ ပြန်ရိုက်စရာမလိုဘူး။ ဒါအိုကေ တယ်ဆိုရင် စိတ်ထဲမှာ ကျေနပ်သွားတယ်။ ဒီဇာတ်ကား တစ်ကားလုံး ရိုက်ကူးခဲ့ရတာကို ကျေနပ်တယ်အားရ တယ်လို့ ပြောလို့ရပါတယ်”  လို့ပြောပါတယ်။

ခိုင်ဝေလွင်၊ 

ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here