သရုပ်ဆောင်သစ် နေနော် ပြေတီဦးကို ဘာကြောင့် လေးစား အားကျရတာလဲ

0
210

သရုပ်ဆောင် နေနော်က အခု လတ်တလောမှာတော့ ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင် ရိုက်ကူးနေတဲ့ “အပြင်းစား အချစ်” ရုပ်ရှင်ဇာတ်ကားကြီးမှာ လူမင်း၊ သက်မွန်မြင့် တို့ နဲ့အတူ ပါဝင်သရုပ်ဆောင် ရိုက်ကူး နေပါတယ်။ ဒီဇာတ်ကားမှာ နေနော်က သက်မွန် မြင့်ရဲ့ မောင် ဇာတ်ရုပ်နေရာကနေ ပါဝင်သရုပ်ဆောင်ရတာဖြစ်ပါတယ်။ တက်သစ် စ သရုပ်ဆောင်တစ်ယောက် အနေနဲ့ သူပါဝင်သရုပ်ဆောင်ရတဲ့ အခန်း ကဏ္ဍလေးမှာ သူတတ်စွမ်းသလောက် ကြိုးစားသရုပ်ဆောင်သလို သူလေး စား အားကျခဲ့ရတဲ့ သရုပ်ဆောင် ပြေတီဦးရဲ့သရုပ်ဆောင်မှု အိုက်တင်တွေ လည်း တစ်ခါတလေ ပါတတ် ကြောင်းကို နေနော်က အခုလို ပြောပြပါတယ်။

“ကျွန်တော်က နယ်မှာကတည်းက ကိုပြေဇာတ်ကားတွေ ကြည့်တယ်။ ကြိုက်တယ်။ အခုရိုးသားစွာဝန်ခံရရင် တစ်ခါတလေကျရင် အစ်ကို့ အိုက်တင်တွေ ပါပါတယ်။ ပါတယ်ဆိုတာက အစ်ကို့ဇာတ်ကားတွေ ကြည့်ပါများတယ်။ ကိုယ်တိုင်က လည်း သူ့ကိုအားပေးခဲ့တဲ့ အတွက် တစ် ချက်တစ်ချက်တော့ ပါပါတယ်” လို့ နေနော်ကပြော ပါတယ်။ သူလေးစားအားကျရတဲ့သရုပ်ဆောင် ပြေတီဦးက သူ့ကို အနုပညာနဲ့ ပတ်သက်ပြီး သင်ကြားပေးမှုတွေရှိသလို့ ပြေတီဦးအပေါ် သူလေးစား အားကျရတဲ့ အဓိက အ ကြောင်းရင်းကိုလည်း သရုပ်ဆောင် နေနော်က…………….

“အစ်ကိုက သူနဲ့တွေ့တဲ့အချိန် ကျွန်တော့်ကို သင်ကြားပေးတာတွေ ရှိတယ်။ ဇာတ်လမ်းကအစ ဘယ်လိုမျိုးရွေးချယ်ရမယ်ဆိုတာကအစ သင်ပေးတယ်။ တော် တော့ကို စိတ်ထားဖြူစင်တဲ့သူပါ။ ကိုယ်သွားမယ့် ရှေ့လမ်းတွေကအစ ဘယ်လိုသွားရ မယ်။ ဘယ်လို ဇာတ်မျိုးတွေနဲ့ ပရိသတ်ကိုဘယ်လို ထိအောင်ရိုက်ရမယ် ဆိုတာကအစ သင်ပေးတယ်။ အပြောအဆိုအနေအထိုင် အဲလိုမျိုးတွေ သင်ပေးတယ်။ အစ်ကို့ကိုလေး စားတာ အများကြီးပဲ။ သူနဲ့စကားပြောတဲ့ အချိန်တွေမှာဆို သူ့ကကျွန်တော်နဲ့ စကားပြောရင် ဘယ်တော့မှ ထိုင်ခုံကြီးနဲ့ စမတ်ကျကျ ထိုင်ပြီး မပြောဘူး။ ကျွန်တော် မတ်တပ်ရပ်ရင် သူပါ မတ်တပ်လိုက်ရပ်ပြီးစကား ပြောတယ်။ တအား Respect ရှိ တယ်။ အဲဒါတွေကြောင့်လည်း အစ်ကို့ကို ပိုပိုပြီးတော့ လေးစားတယ်” လို့ ထပ်မံပြော ပြခဲ့တာဖြစ်ပါတယ်။အခုဆိုရင် နေနော်က ပြေတီဦး နဲ့ရုပ်ရှင်ဇာတ်ကား ၂ ကား ရိုက်ကူး ထားပြီးပြီဖြစ်ပြီး နောက်ထပ်လည်း ရိုက်ကူးသွားဖို့ ရှိကြောင်း နေနော် ကပြောပြခဲ့ပါတယ်။

ဇင်မာနွယ်


LEAVE A REPLY

Please enter your comment!
Please enter your name here