ငြိမ်းချမ်းရေး သံတမန်များ’ ဂီတဖျော်ဖြေပွဲမှာ သီဆိုဖျော်ဖြေမယ့် Sophia Everest

0
129

အဆိုတော်မလေး Sophia Everest က နိုဝင်ဘာ ၁၂ရက်နေ့မှာ ကျင်းပမယ့် “ငြိမ်းချမ်းရေး သံတမန် များ” ဂီတဖျော်ဖြေပွဲမှာ သီဆိုဖျော် ဖြေမှာဖြစ်ပြီး ဖျော်ဖြေမယ့် သီချင်း ထဲမှာ အဆိုတော် ဖြိုးပြည့်စုံနဲ့အတူ ကင်းထောက်လူငယ်တို့အတွက် Theme song တစ်ပုဒ်လည်း ပါဝင် ပါတယ်။ အဆိုပါ ဖျော်ဖြေပွဲအတွက် သီချင်းအသံသွင်း၊ သီချင်း တိုက်တွေ ပြုလုပ်နေတဲ့ ပုံရိပ်တွေကိုလည်း ဆို ဖီယာက သူမရဲ့ လူမှုကွန်ရက် စာမျက်နှာထက်မှာ တင်ထားတာ တွေ့ရပါတယ်။

သိပ်မကြာသေးခင် အချိန်အတွင်းကလည်း ဆိုဖီယာက သူမရဲ့ ‘NVM’ တေးစီးရီးထဲက’Ha Ha Ha’ သီချင်းကိုMusic Video အဖြစ် အွန်လိုင်းကနေ ဖြန့် ထားပါတယ်။

“ပရိသတ်တွေကို ဆိုဖီပြောချင် တာက အခုဆို “Ha Ha Ha” Music Video ကလည်းထွက်ပြီး ပြီ။ အဲဒါ ပြီးသွားရင် မနှစ် “Crush On You” သီချင်းလေးကို ဒီအချိန်မှာ တင်သလို မျိုးလေး Solo Song  လေးတစ်ပုဒ် ဆိုဖီတင်ပေး မယ်။ အဲဒီသီချင်းကို လည်းအား ပေးကြပါ။ Second Album ကိုလည်း ဆိုဖီ လုပ်နေပါ တယ်” လို့ ဆိုဖီယာကပြောပါ တယ်။ ဒုတိယ တစ်ကိုယ်တော်အခွေ ထွက်ရှိဖို့ကလည်း သိပ်ကြာတော့ မယ် မထင်တဲ့ ဆိုဖီယာကို အခွေထဲမှာ ပါမယ့် သီချင်းအကြောင်း တွေကို လည်း မေး ဖြစ်တဲ့ အခါ…

 “ဒီအခွေထဲမှာတော့ Duet တော့ မပါပါဘူး။ ဆိုဖီတစ်ယောက် တညှ်းသူသပါ။ သီချင်း တွေကတော့ ရှေ့ကအခွေနဲ့မတူတဲ့ အသစ် အဆန်းတွေတော့တွေ့ရမှာပါ”  လို့ ပြောပြ ခဲ့ပါတယ်။

 မျိုးမောင်

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here