ဒုတိယစီးရီးခွေ ထွက်ဖို့ ကြိုးစားနေတဲ့ အဆိုတော် ဝင်းခန့်

0
246

“ဒီညပုံပြင်” စီးရီး ALBUM နဲ့ ပတ်သက်ပြီး ပရိသတ်အားပေးမှု အနေအထားကို အဆိုတော် ဝင်းခန့်ပြောပြတာက “ဒီညပုံပြင်စီးရီးခွေ ထွက်ရှိထားတာ ၂လ ကျော်လောက်တော့ ရှိပါပြီ။ ပရိသတ် အားပေးမှုလည်း လိုက်လာပါတယ်။ ဒီညပုံပြင်ခွေထဲ ပရိသတ် အားပေးမှုများတဲ့ သီချင်းတွေက ရွှေရည်၊ ပုံပြင်နားထောင်သူ ၊ မန္တလေး မြို့ရဲ့အလွမ်း အဲဒီသုံးပုဒ် ကတော့ FM ကနေ ပရိသတ် သီချင်းတောင်း တာလည်း များတယ်” လို့ ပြောပြပါတယ်။

လတ်တလော ပြုလုပ်နေတဲ့ အနုပညာလှုပ်ရှားမှု အကြောင်းကို အဆိုတော် ဝင်းခန့်က “ကြော်ငြာတွေလည်း ရိုက်ကူးဖြစ်ပါတယ်။ SHOW ပွဲတွေမှာလညှ်းံSHOW လျှောက်ဖြစ်ပါတယ်။ နယ်ပွဲတွေမှာ လည်း သီချင်းဆိုဖြစ်ပါတယ်။ ကျွန်တော်ရဲ့ ဒုတိယစီးရီးခွေ ထွက်ဖို့လည်း လုပ်နေပါတယ်။ သီချင်း ၄ ပုဒ်လောက်တော့ ပြီးသွားပါပြီ။ လောလောဆယ် ခွေမထွက်သေးခင် တစ်ပုဒ်၊ နှစ်ပုဒ်လောက်ကို MTV ရိုက်ကူးပါမယ်။ ရိုက်ကူးပြီးသွားရင် ONLINE မှာ တင်ပေးပါမယ်” လို့ ပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here