သဘင် အစည်းအရုံး အမှုဆောင်သစ် ရွေးချယ်ပွဲကို နိုဝင်ဘာလအတွင်း ပြုလုပ်မည်

0
162

မြန်မာနိုင်ငံ သဘင်ပညာရှင် များအစည်းအရုံး (ဗဟို) အနေနဲ့ နို ဝင်ဘာလအတွင်းမှာ သဘင်ညီလာခံ ပြုလုပ်သွားဖို့ စီစဉ်နေကြောင်း သိ ရပါတယ်။ ပြုလုပ်မယ့်ရက်ကို နိုင်ငံပိုင်မီဒီယာကနေ ထုတ်ပြန် ကြေညာသွားမှာဖြစ်ပြီး ညီလာခံ ကျင်းပမယ့်နေရာကတော့ အမျိုးသား ဇာတ်ရုံနဲ့ မင်းဓမ္မလမ်းရှိ MCC ခန်းမမှာ ပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။မြန်မာနိုင်ငံ သဘင်ပညာရှင် များအစည်းအရုံး (ဗဟို) အနေနဲ့ နို ဝင်ဘာလအတွင်းမှာ သဘင်ညီလာခံ ပြုလုပ်သွားဖို့ စီစဉ်နေကြောင်း သိ ရပါတယ်။ ပြုလုပ်မယ့်ရက်ကို နိုင်ငံပိုင်မီဒီယာကနေ ထုတ်ပြန် ကြေညာသွားမှာဖြစ်ပြီး ညီလာခံ ကျင်းပမယ့်နေရာကတော့ အမျိုးသား ဇာတ်ရုံနဲ့ မင်းဓမ္မလမ်းရှိ MCC ခန်းမမှာ ပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။

နှစ်ရက်တာပြုလုပ်သွားမှာ ဖြစ်ပြီး ပထမ တစ်ရက်ကတော့ ညီလာခံပြုလုပ် သွားမှာ ဖြစ်ပြီး၊ ဒုတိယတစ်ရက်ကတော့ သဘင်အစည်း အရုံး(ဗဟို) အမှုဆောင်အဖွဲ့ကို ရွေး ချယ် သွားမှာဖြစ်ပါတယ်။  “သဘင်ညီလာခံကို အရင် တစ်ခါမှမလုပ်ခဲ့ဖူးပါဘူး။ ဒါကြောင့် ညီလာခံမှာ တိုင်း နဲ့ပြည်နယ်အသီးသီးကသဘင်အစည်းအရုံး ကိုယ် စားလှယ်တွေ အဆိုတင်သွင်းတာတွေ၊ ဖိတ်ကြားထားတဲ့ ဧည်သည်တွေရဲ့ ဆွေးနွေးတင်ပြချက်တွေ အားလုံးကို မှတ်သားမယ်။ ပြီးရင်အပြန်အလှန် ဆွေးနွေး ပြီးတော့ သဘောတူရင် အတည်ပြုမယ်။ လွှတ်တော်ကို တင်ပြမယ်။ အဲဒီမှာစည်းကမ်းတွေက ဥပဒေတွေဖြစ်သွားမယ်” လို့ ညီလာ ခံနဲ့ပတ်သက် လို့ သဘင်အစည်းအရုံး(ဗဟို)အတွင်းရေးမှူး ဦးမိုးဝင်းက ပြောပြပါတယ်။ သဘင် အစည်းအရုံး (ဗဟို)မှ မြို့နယ်၂ဝ၅မြို့နယ်တို့မှာ မြို့နယ် သဘင်အစည်းအရုံးများ ဖွဲ့စည်း ပေးခဲ့ပြီး တိုင်းသဘင် အစည်းအရုံး အနေနဲ့လည်း တိုင်းဒေသကြီး ၁၄ခု နဲ့ ပြည်နယ် များတွင်လည်း သဘင် အစည်းအရုံးများ ဖွဲ့စည်း ပြီးခဲ့ပြီဖြစ် ပါတယ်။ ဒါကြောင့် မြို့နယ် ၂ဝ၅ မြို့နယ်မှ တစ်မြို့နယ်လျှင် ကိုယ်စား လှယ်များအဖြစ် ၂ဦးစီ တက်ရောက် လို့ရမှာဖြစ်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်များ အသီးသီးမှ အလုပ်အမှုဆောင် အားလုံး ကိုလည်း ညီလာခံ ကိုယ်စားလှယ်အဖြစ် သတ်မှတ် ထားကြောင်း သိရပါတယ်။ ဒါ့အပြင် သဘင်အစည်းအရုံး(ဗဟို)အောက်မှာရှိတဲ့ နည်းပညာ ပြန့်ပွားရေးကော် မတီတွေမှာ တာဝန်ရှိ ပုဂ္ဂိုလ်တွေက လည်း ညီလာခံကိုတက်ရောက်ခွင့် ရရှိတဲ့ ကိုယ်စားလှယ်တွေဖြစ်လာ မှာဖြစ်တယ်လို့ သိရပါတယ်။ သဘင် အစည်းအရုံး(ဗဟို)ရဲ့ နာယကကြီး များကလည်း ညီလာခံကို တက် ရောက်ခွင့်ရှိတဲ့ ကိုယ်စားလှယ်ကြီး များဖြစ်လာမှာ ဖြစ်ပါတယ်။ ပွင့်လင်းမြင်သာမှုတွေ နဲ့အတူ ညီလာခံကို ကျင်းပမှာဖြစ်ပြီး တစ်ဆက်တည်း မှာပဲ အမှု ဆောင်သစ် ရွေးချယ်ပွဲကို ဆက်လက်ဆောင်ရွက်မှာ ဖြစ်ကြောင်း သဘင်အစည်း အရုံး (ဗဟို) ဒုတိယ ဥက္ကဋ္ဌ ဦးနေဝင်းကပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here