MRTV-4 က ရိုက်ကူးမယ့် ရုပ်သံဇာတ်လမ်းတွဲမှာ အလှမယ် အမရာငြိမ်း ဘာကြောင့် မပါဝင်ဖြစ်တော့တာလဲ

0
256

အလှမယ် အမရာငြိမ်းက MRTV -4 ရုပ်သံလိုင်းကနေ ရိုက် ကူးမယ့် ရုပ်သံဇာတ်လမ်းတွဲမှာ  ပါဝင်သရုပ်ဆောင်ဖို့ အတွက် ထရိန်နင် သင်တန်းများ တက်ရောက် နေခဲ့ပေမယ့် အခုအချိန်မှာတော့ ဒီဇာတ်လမ်းတွဲကို သူ့အနေ နဲ့ ပါဝင် ရိုက်ကူးသွားတော့မှာ မဟုတ်ကြောင်း သိရပါတယ်။

သူ့အနေနဲ့ ဒီဇာတ်လမ်းတွဲကို မရိုက်ကူး ဖြစ်တော့ရတဲ့ အကြောင်းအရင်း ကို အလှ မယ် အမရာငြိမ်းက…”အမရာ စီးရီးရိုက်ကူးမယ် ဆိုပြီး ထရိန်နင်ပုံစံ မျိုးပေါ့နော် သွားဖြစ်တယ်။ လုပ်ဖြစ်တယ်။ ဒါပေမဲ့ ထရိန်နင် ကာလမှာပဲ သရုပ်ဆောင် အလုပ်ကို အမရာ စိတ်မဝင်စားသလို ကိုယ်ဝါသနာ ပါတဲ့ အလုပ်တစ်ခု ကိုယ်သွားချင်တဲ့ လမ်းကြောင်း တစ်ခု မဟုတ်ဘူး ဆိုပြီး တော့ပဲ ခံစားမိတယ်။ သရုပ်ဆောင် အလုပ်က အမရာ ထင်ထားတာ ထက် ပိုခက်ခဲတယ်။ နောက်ထပ် တစ်ချက်ဆိုရင် အမှန်တိုင်း ပြောရ ရင် Organizationတစ်ခု အဖွဲ့အစည်းတစ်ခုခုရဲ့ အောက်မှာပဲ Control တွေ အများကြီးနဲ့ Rule တွေ အများကြီးနဲ့ နေရတာမျိုး ဖြစ်နေတယ်။ တကယ်တမ်းတော့ အနုပညာ အလုပ်ဆိုတာ  လွတ်လွတ် လပ်လပ် လုပ်မှ ပိုပြီးတော့မှ အဆင်ပြေမယ်လို့ အမရာထင်တယ်။ အဲဒါကလည်း အကြောင်း တစ်ခုဖြစ်ပါတယ်။ သရုပ်ဆောင် အလုပ်ကိုလည်း တကယ်လည်းကိုယ် လုပ်နိုင်လိမ့် မယ်လို့ မယုံကြည်တာကလည်း တစ် ကြောင်း၊ နောက်ထပ်တစ်ခုကလည်း လူတစ်ဖွဲ့အသင်း တစ်ဖွဲ့ရဲ့ လက် အောက်မှာ အလုပ်လုပ်ရတာ အမရာ သဘောမကျဘူး။ တအားစည်းမျဉ်း တွေ ထားတာသဘောမကျဘူး။ အနုပညာက စည်းတွေဘောင်တွေ ထဲမှာ လုပ်လို့ရတယ်။ ရှင်သန်လို့ရတယ်။လှုပ်ရှားလို့ရတဲ့ အလုပ်အတွက် မယုံကြည် ဘူး။ အဲဒါကြောင့် စီးရီးရိုက်ကူးဖို့ မရှိတော့ပါဘူး”လို့ ပြောပြခဲ့ပါတယ်။

အလှမယ် အမရာငြိမ်းက MRTV -4 ရုပ်သံလိုင်းကနေ ရိုက် ကူးမယ့် ရုပ်သံဇာတ်လမ်းတွဲမှာ  ပါဝင်သရုပ်ဆောင်ဖို့ အတွက် ထရိန်နင် သင်တန်းများ တက်ရောက် နေခဲ့ပေမယ့် အခုအချိန်မှာတော့ ဒီဇာတ်လမ်းတွဲကို သူ့အနေ နဲ့ ပါဝင် ရိုက်ကူးသွားတော့မှာ မဟုတ်ကြောင်း သိရပါတယ်။

အမရာငြိမ်း အနေနဲ့ ဒီဇာတ် လမ်းတွဲ ကို ရိုက်ကူးခြင်း မရှိတော့ပေ မယ့်လည်း သရုပ်ဆောင် အလုပ်နဲ့ ပတ်သက်ပြီး အမရာငြိမ်းက အခုလို ထပ်မံ ပြောပြခဲ့ပါတယ်။ အမှန်တိုင်း ပြောရရင်တော့ ဒါ အမရာ ကြိုးတောင် မကြိုးစားကြည့် ရသေးဘူး။ ကိုယ်က ထရိန်နင် ကာလနဲ့ပဲ ပြီးဆုံးသွားတဲ့ အခါကျတော့ တကယ်လို့ သာ လုပ်ကြည့်မလား။ တကယ်ကို သင်ပေးမယ်။ တကယ်ကို အမရာ့ကို လုပ်ခွင့် ပေးမယ် အခွင့်အရေးပေးမယ် ဆိုရင်တော့ အမရာ ကြိုးစား ကြည့်ချင်ပါသေးတယ်” လို့ အမရာငြိမ်းက ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဇင်မာနွယ်၊ 

ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here