ဗြောက်အိုး မဖောက်ရလို့ စည်ကားတဲ့ ခက်သင်ပေါင်ဒါ ရိုက်ပွဲ

0
252

ဆီမီးထောင်ပြာ မီးခွက်

မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကူးမြို့နယ်၊ ဧရာဝတီရေလယ် ကျွန်း ခက်သင်ရွာမှာ အခုနှစ် သီတင်းကျွတ်လပြည့် ညနေပိုင်းက ပေါင်ဒါ ရိုက်ပွဲကို ရှေးမူမပျက် စည် ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ ယော၊ ဆော၊ ထီးလင်း၊ ဂန့်ဂေါ်နယ်တွေဘက်မှာ ကျင်းပတဲ့ ပါးတို့ပွဲတွေက သနပ်ခါးကို သုံးပြီးဧည့်သည်ကို ကြိုဆိုကြတာမျိုးပါ။ အဲဒီ ဒေသတွေရဲ့ သနပ်ခါးပါးတို့ပွဲမှာ ဆိုရင် ဘုရားလွင်ပြင်မှာ ဝါးတွေ နဲ့ ပတ်ခွေပြီး ဝင်္ကဘာလုပ်ထားတယ်။ ခရုပတ်တစ်ခွေကို တစ်ပြည် ထောင် လို့ခေါ်ပြီး ၇ ပြည်ထောင်၊ ၁၆ ပြည်ထောင် စသည်ဖြင့် ဝင်္ကဘာ ရှည်ပေ မယ့်အလယ်မှာဘုရား ဆင်းထုတော်သီတင်း သုံးတော်မူတယ်။ ဝင်္ကဘာ ထဲမှာ လှည့်ပြီးတော့ ဘုရားရှင်ကို ဆီမီးပူဇော်တာပေါ့။
ကိုင်ဆောင်တဲ့ ဆီမီးတွေက တစ်နယ် နဲ့တစ်နယ်၊ တစ်ရွာနဲ့ တစ် ရွာမတူကြပါဘူး။ တချို့က ကြာမီးခွက်၊ ထီးလင်းမြို့နယ်က ဖယောင်း တောင် (သို့မဟုတ်) ဆီမီးထောင်ချကို ကိုင်ဆောင်ပူဇော်ကြတယ်။ ဆီမီး ထောင်ဆိုတာက ငှက်ပျောတုံးလေး လက်မလောက်ကို ခွာခံပြီး ငှက်ပျော ပင်ငယ် စိုက်ထားတယ်။ အပင်ငယ် မှာ ဖယောင်းတိုင်များ၊ စက္ကူပန်းရောင်စုံထိုးရိုက် အလှဆင်ထားတာပါ။ တချို့က မောင်း ထောင်ချိုင့်ထဲကို ငှက်ပျောရွက်စိုက်ပြီး ပန်းလိတ်လေး တွေ၊ ဆီမီးခွက် တွေနဲ့အလှဆင်ကြတယ်။

သနပ်ခါးပါးတို့ပွဲ

ကြာမီးခွက်၊ ဆီမီးထောင်လှည့်  ကြပေမယ့် ပွဲတိုင်းမှာ ပါးတို့ပွဲ ပါဝင် လေ့မရှိပါဘူး။ ဘုရားလွင်ပြင်မှာရှိ တဲ့ ၁၆ ပြည်ထောင်ဝင်္ကဘာ ရှည်ကြီးထဲကို ဆီမီးပူဇော်ဖို့ အပျိုမများက ကြာမီးခွက်များနဲ့ စီတန်းဝင် ရောက်တာကို ရွာခံအပျိုမများက ပါးပြင်ကို သနပ်းခါးတို့ ပေးတယ်။ တို့လိုက်တဲ့ သနပ်ခါးကို လှလှပပဖြစ်စေဖို့ လူပျိုနှစ်ယောက်က မှန်ထောင်ပြီးပြပေးတယ်။ မျက်နှာချေနဲ့ အလှပြင် အပြီး မှန်ကိုမြှောက် ပေးလိုက်တဲ့အခါ ရှေ့ဆက်သွားပြီး ဝင်္ကဘာဝန်းကျင် မှာ သနပ်ခါးပါး တို့သူနဲ့ မှန်တန်းပေါင်း ၅ဝခန့်အထိ ရှိတာပါ။
သက်တော်ရှည်ဆရာတော်ကြီး များ သီတင်းသုံးတော်မူရာ ဘုန်းတော်ကြီးကျောင်းရှိတဲ့ ရွာတွေ ကို သွားရောက် ကန်တော့တဲ့အခါ ကျောက်ထုမြို့နယ်က ဓလေ့တစ်မျိုး ပါ။ ၄-၅ ရွာဆက်ကူးပြီး လမ်းမှာ တစ် ည၊ နှစ်ညအိပ်ရတဲ့ ခရီးမျိုးပါပဲ။ အပျို၊ လူပျိုတစ်တွဲစီကို အပျိုကိုင် မယ့်ဆီမီးခွက် အတွက် စရိတ်ကို လူပျိုကကျခံရတယ်။ ကျောင်းကန် တော့သွားတော့လည်း အပျိုရဲ့ဘေးကနေ ဆီမီးငြိမ်းရင် မီးတို့ပေး ပေါ့။ ကျောင်းကန်တော့ဖို့ သွားတော့ ကြိုတင် အကြောင်းကြား ထားတာမို့ ရွာခံတွေက သနပ်ခါးပါး တို့ဖို့ကြိုဆိုတယ်။ ဘုန်းတော်ကြီး ကျောင်း ဝန်းထဲမှာလှည့်တာနဲ့ တစ်တွဲစီကို ပါးတို့ ပါပြီ။ တစ်တွဲမှာ လူပျိုကပါးတို့ တာ ကျေနပ်ပါပြီ ပြောပေမယ့် သူနဲ့တွဲ လာတဲ့အပျိုက စိတ်တိုင်းမကျသေး ဘူးဆိုလို့ကတော့ သနပ်ခါးတွေ၊ ပေါင်ဒါတွေနဲ့ အကျအန ကျေနပ်တဲ့ အထိ ဧည့်လူပျိုကို အလှပြင်ပေးတယ်။ သူတို့ဒေသ သနပ်ခါးပါးတို့ ပွဲရဲ့ ပျော်စရာဓလေ့ တစ်မျိုးပေါ့လေ။

ပေါင်ဒါတဝဆော်တီး

ခက်သင်ရွာပေါင်ဒါ ရိုက်ပွဲကတော့ တောင်တက်စောင်းတန်း အတိုင်း တက်သူဆင်းသူ မှန်သမျှကို ပေါင်ဒါရိုက်တာပါ။ ခေါင်းကိုမငုံ့ မမော့ပဲလျှောက်လို့ ကတော့ ပုံမှန်ပဲပေါင်ဒါ ကို ရိုက်ကြပါမယ်။ ပေါင်ဒါ ရိုက်လို့ ရှောင်မယ်၊ မျက်နှာလွှဲမယ် ဆိုရင်တော့ ခေါင်းလုံးဖွေးဖွေးဖြူပါ ပြီ။ ကိုယ့်ရည်းစား ဆိုရင်တော့ အပျိုမက ပါးပြင်နှစ်ဖက်မှာ ပေါင်ဒါ တစ်ချက်စီပဲ လှလှပပ ဝိုင်းဝိုင်းစက်စက် တို့ပေးမှာပါပဲ။ တချို့လူပျိုက လက်ကိုင်ပုဝါထဲ ကို ပေါင်ဒါမှုန့်ဖြူး ညှပ်ပြီးကိုယ်ရည်ရွယ် ထားတဲ့ အပျိုမ ကို ပြန်တို့တာမျိုး ဆိုရင်တော့ လူပျိုရဲ့ဂုတ်ကနေ နှိမ့်တဲ့ပြီး တဝ ဆော် တီးကြတယ်။ သင်္ကြန်တုန်းက ရေလောင်းခံရတဲ့ အပျိုမတွေက ပေါင်ဒါ ရိုက်ပွဲမှာ လူပျိုတွေကို ကလဲ့ စားချေတာပေါ့။ တောင်ပေါ်ကို ရောက် တော့မှန်၊ ကျောက်ပြင်၊ သနပ်ခါးတွေ၊ အသင့်ပြင်ထားတယ်။ ကိုယ် လက်သန့်စင် အလှပြင်ပြီးတာနဲ့ ဘုရားမှာ ဆီမီးပူဇော်၊ ကန်တော့ ကြတာပါပဲ။ ပေါင်ဒါရိုက်ပွဲ စတင်ဖြစ်ခဲ့တာကတော့ရှေးအခါက သီတင်း ကျွတ်လပြည့်နေ့ ညနေပိုင်းမှာ လှူဖွယ် ပစ္စည်းတွေကို ပဒေသာပင်သီးပြီး ရွှေတောင်ဦး စေတီတော်ကို ပူဇော်ဖို့ ကာလသားတွေ တက်ကြတာကို အပျိုတွေက ဗြိဇင်ခက်နဲ့ သနပ်ခါး ရေကျဲပက် ဖြန်းကြိုဆိုကြတယ်။ နောက်တော့ သနပ်ခါးသွေးဖို့ အချိန်ပေးရတာရယ်၊ အင်္ကျီပေါ်က သနပ်ခါးစက်တွေကို ချက်ချင်းသန့် ရှင်းလို့ မရတာတွေ ရယ်တို့ကြောင့် အဲဒီတုန်းက ခေတ်စားတဲ့ မျက်နှာ ချေ၊ ပေါင်ဒါမှုန့်တို့ကို ပြောင်းလဲသုံး စွဲခဲ့တာပါ။       ကိုညိုလုံး


LEAVE A REPLY

Please enter your comment!
Please enter your name here