အရဟတော၊ လူမင်း နတ်မင်း ဗြဟ္မာမင်းတို့၏ ဝပ်စင်းကော်ရော် ပူဇော်အထူးကို ခံယူတော်မူထိုက် သော သမ္မာသမ္ဗုဒ္ဓဿ၊ သင်္ခါရ ဝိကာရ လက္ခဏာ နိဗ္ဗာန် ပညတ် တည်းဟူသော ဥေယျဓံတရား ငါးပါး ကို မဖောက်မပြန် သယမ္ဘူ ဥာဏ်ဖြင့် ကိုယ်တော်တိုင် သိတော်မူပြီးထသော တဿ ဘဂဝါတော ထိုမြတ်စွာဘုရား အား နမော ရှိခိုးပါ ၏ အရှင်ဘုရား။
ဗုဒ္ဓဘာသာဝင် အပေါင်းတို့ သည် တရားကျမ်းဂန်များ သင်ကြား လေ့ကျက်သည့် အခါ ဘာသာရေး ဆိုင်ရာ အခမ်းအနားများ ကျင်းပ သည့်အခါ ” နမောတဿ” ပဏာမ ဂါထာဖြင့် စိန္တေယျ မြတ်စွာဘုရားကို ညွှတ်တွားကာ လက်စုံမိုး၍ ရှိခိုး ကြလေ့ရှိသည်။ အဋ္ဌကထာ၊ ဋီကာ များ ကျမ်းအစောင်စောင်တို့ အစ တွင်လည်း “နမောတဿ” ပဏာမ ဂါထာဖြင့် အစချီလျက်ရှိသည်။
ဤ ” နမောတဿ” အစချီ သော မြတ်စွာဘုရားကို ရှိခိုးသည့် ဂါထာသည် မြတ်စွာဘုရား၊ ပစ္စေက ဗုဒ္ဓါ၊ ရဟန္တာ သာဝက တို့ ဟောကြား ခဲ့သော ဂါထာမဟုတ်ပေ။ ထို့အပြင် ပညာရှိ ကဝိပုဂ္ဂိုလ်တို့ ဖွဲ့ဆိုသီကုံး ရေးသားခဲ့သည့် ဂါထာလည်း မဟုတ် ချေ။
မြတ်စွာဘုရား ရှင်ကို ရွှင်ကြည် သည့် သဒ္ဓါ မပြတ်တရားနှင့် နတ်ငါး ပါးတို့ ဦးတင်ရှိခိုးကြခြင်း ဖြစ်သည်။ ထိုနတ်ငါးပါးတို့သည် သာတဂီရိ နတ်ဘီလူး၊ အသူရိန် နတ်မင်း၊ ဒေဝါဣန္ဒသိကြားမင်း၊ ဝေဿဏ္ဏ နတ်ဒေဝတာ နှင့် မိုးထက် မြင့်သော ဗြဟ္မာတို့ ဖြစ်ကြသည်။
သာတာဂီရိ နတ်ရဲစောက သဒ္ဓါ ပီတီ အဟုန်နှင့် မြတ်စွာဘုရားကို “မနော၊ မနော” ဟု အကြိမ်ကြိမ် ရှိ ခိုးသည်။ ယူဇနာ လေးထောင့်ရှစ်ရာ အတွင်း မပြတ်သတင်းကြီးသော အသူရိန် နတ်မင်းကြီးသည် သဒ္ဓါ ဓာတ်မပျက်မယွင်း ပြီးပြည့်စုံသော စေတနာနှင့် ပရမေ ဘဂဝါမြတ် အရဟံကို ” တဿ၊ တဿ” ဟု အကြိမ်ကြိမ် ရှိခိုးသည်။ ဒေဝါဣန္ဒ သိကြားမင်းကြီးသည် ရွှေဘော် တစ်သင်းနှင့်ကတူ ဘုရားဘဂဝါကို
“ဘဂတော၊ ဘဂဝါတော” ဟု အ ကြိမ်ကြိမ်ရှိခိုးသည်။ တာဝတိံသာ သိကြားမင်း မာဃသည် သဒ္ဓါ ဗလဝ တော်အစုနှင့် ” အရဟတော၊ အရ ဟတော” ဟု အကြိမ်ကြိမ် ရှိခိုးသည်။ ဂုဏ်အထူးထူးတို့ဖြင့် ပြည့်စုံတော်မူ သော မိုးထက်မြင့်သည့် ဗြဟ္မာမင်း သည် အရဟံဇိန၊ ဘဂါဝါဥတ္တမကို ” သမ္မာသမ္ဗုဒ္ဓဿ၊ သမ္မာသမ္ဗုဒ္ဓဿ” ဟု အကြိမ်ကြိမ် ရှိခိုးလေသည်။
မြတ်စွာဘုရားရှင်အား ကြမ်းကြုတ်လှသည့် အာဠာဝကဘီ လူးသည် လက်ကိုးပါး ကိုင်စွဲလျက် အမျက်ဒေါသကြီးကာ အံကိုကြိတ်ပြီး မထီလေးစား စကားများဖြင့် ထိုး နှက်ခြိမ်းခြောက် နိုင်ထက်ပြုရန်ကြိုး စားသည်။ မြတ်စွာဘုရားရှင်သည် ထိုဘီလူးအား သနားဂရုဏာ ကြီးလှ သည်။ သားတော်ရာဟုလာ အလား သဘောထားရှိသည်။ ရွှေနှ လုံးတော် ငြိုငြင်မှုမရှိဘဲ မဂ်ဖိုလ် ကျေးဇူးတရား ထူး ကြီးများကို ဟော ကြားပေးသွား တော်မူသည်။ ထို အာဠာဝက ဘီလူး ထက် မာနခက် ထန်သော မာဂဏ္ဏိမ၊ သုန္ဒရီမ၊ ယောက်ဖတော် ဒေဝဒတ် အစရှိ သော သူတို့ကိုလည်း ငြူစူခြင်း မရှိဘဲ အံ့သြလောက်အောင် ကယ် တင် ချွေချွတ်တရားပြ လမ်းမှန်ပို့ ဆောင်ပေးခဲ့သည်။
ဘုရားရှင်အဖြစ်တွင် ဤသို ခန္တီ ပါရမီဖြင့် ကယ်တင်ခဲ့ခြင်းထက် သာ ဝကပုထုဇဉ် ရသေ့မြတ် ဘဝ၏ ခန္တီ ပါရမီတို့မှာ ပိုမိုအံ့သြချီးကျူး ကြည် ညိုဖွယ်အတိ ဖြစ်လေသည်။
ခန္တီဝါဒ ရသေ့မြတ် ဖြစ်စဉ်အခါ ၌ “ကလာဗုမင်းကြီး” သည် ပုဆိန် လက်နှက်တို့ဖြင့် ရသေ့မြတ်၏ နား၊ နှာခေါင်း၊ လက်နှစ်ဘက်၊ ခြေနှစ် ဘက်တို့ကို အပိုင်းပိုင်းဖြတ်သည်။ ရသေ့မြတ်သည် အမျက်ဒေါသ မထွက်ဘဲ ရေကြာပမာ ကြာရှည်စွာ တင့်တယ်စွာ အသက်ရှည်စေကြောင်း မေတ္တာရှေ့ထားခဲ့သည်။ မြတ်စွာ ဘု ရားရှင်၏ နုစဉ်အခါ ပါရမီဖြည့်ချိန် နှင့် ဘုရားရှင်အဖြစ် ကာလ မေတ္တာ ရှေ့ထားသည်းခံတော်မူနိုင် စွမ်းသော ခန္တီပါရမီ ကိုးပါးသော ဂုဏ်တော်တို့နှင့် ပြည့်စုံမှုတို့ကို နတ်မင်းငါးပါးတို့သည် ကြည်ညိုသဒ္ဒါ ထက်သန်စွာဖြင့် “နမောတဿ” အစချီ ဂါထာဖြင့် မပြတ်ရှိခိုးကြခြင်း ဖြစ်ပေသည်။
ဤသို့ဖြင့် မြတ်စွာဘုရားရှင် ဟောကြားတော်မူအပ်သော ပိဋ ကတ်သုံးပုံ အဋ္ဌကထ၊ ထူးခြားလှစွာ သော ကျမ်းဂန်များအစတွင် နတ်မင်း ငါးပါးတို့ မပြတ်ရှိခိုးခဲ့သော “နမောတဿ” အစချီသော ဘုရား ရှိခိုးဂါထာဖြင့် ရှိခိုးဖွင့်ဆိုခဲ့ ကြခြင်း ဖြစ်သည်။
ယနေ့အခါတွင် ဘာသာရေး ဆိုင်ရာ အခမ်းအနားများ တွင်လည်း “နမောတဿ” ပဏမဂါထာကို အက္ခရာမပျက် အနက်ပြောင်းလဲမှုမရှိ ပုဒ်တော် အနေအထား မှန်ကန်စွာ ဖြင့် ဗုဒ္ဓဘာသာဝင် အပေါင်းတို့သည် စိန္တေယျ မြတ်စွာဘုရားရှင်အား ဝပ်တွားရိုကျိုး လက်စုံမိုး၍ရှိခိုးကြ လျက်ရှိသည်။ ကမ္ဘာတည်သရွေ့ လည်း တည်တံ့နေမည် ဖြစ်ပေသည်။
မြတ်မင်းလှိုင်
မှီငြမ်း-ပုညကုသလဗဟုကရ (CMP) အသင်းဝတ်ရွတ်စဉ်