ကောက်ရိုးမီး

0
220

အချိန်​က အ​ကောင်းဆုံးသမား​တော်​၊
ကာလစီး​ကြောင်းထဲမှာ
တို့အားလုံးဟာ တိုက်​စားခံရ
သမိုင်းစာမျက်​နှာ မှုန်​ဝါးခံရ
ရဲ​ဘော်​တို့ရဲ့ ​သွေး​တွေ ​ခြောက်​​သွေ့ခံရ
ကြွေး​ကြော်​သံ​တွေ ကွယ်​​ပျောက်​ခံရ
သူတို့ဘက်​မှာ
အချိန်​သမား​တော်​ရှိတယ်​။

ဖင်​မှုတ်​​ပေးမှ ထထခွပ်​တဲ့
ခွပ်​လက်​ကျ ကြက်​ဖလို
အမြီးလိမ်​ချိုးမှ အလန့်​တကြား ​ပြေးတဲ့
ပခုံး​ပေါက်​ နွားအိုလို
အဲယားကလင်​ဒါက မီးတုတ်​ပြမှ နိုးတဲ့
အင်​ဂျင်​ကျ စစ်​လက်​ကျန်​ကား တစ်စင်းလို
အစာအိမ်​အ​ဟောင်း​အ​ကြောင်း
စဉ်းစားရင်း

လက်​ငုတ်​ချည်​တိုင်​အ​ကြောင်း
စဉ်းစားရင်း
အစာအိမ်​အသစ်​အ​ကြောင်း
ထည့်​သွင်းစဉ်းစားရင်း

သကြားလွှာဖုံး ကတိကဝတ်​​တွေကို
မျှော်​လင့်​​စောင့်​စားရင်း
နီ​ဖျော့​ဖျော့နှလုံးအိမ်​​တွေ
ပင့်​ကူမျှင်​​တွေ အဖုံးခံရ
အနီစပတ်​ ညာလက်​​မောင်း​တွေ
မျက်​စိ​အောက်​က ​မေ့​လျော့ခံရ
အတူ​လျှောက်​ခဲ့တဲ့

ရဲရဲ​တောက်​​ခြေ​ထောက်​​တွေ
တ​ဖြေး​ဖြေးသပ်​လျှို​သွေးခွဲခံရ
ဒီလိုနဲ့
ကောက်​ရိုးတစ်ပုံ ​လောင်​စာကုန်​​တော့
အသုံးချတတ်​သူ​တွေအတွက်
မြေသြဇာ​တွေဖြစ်

ပညာရှိဆန်​သူ​တွေက သင်​ခန်းစာရ
နှုတ်​ပိတ်​​နေသူ​တွေက နှုတ်​ပိတ်​ခံရ
တဖက်​က​တော့ ပြုံးစစ ​ခေါင်းညိတ်
‘​မြွေပွေးကို သွားစမိတာကိုး’လို့
ဝေဖန်​သူ​တွေက ​ဝေဖန်
ဝန်းရံသလိုလိုနဲ့
အဖက်​ဖက်​ချွန်​တဲ့သူ​တွေ ထူးချွန်
နာမည်​လာ​သွေးတဲ့သူ​တွေ ​သွေး
က​လေး​တွေချည်းပဲဆိုပြီး
လူကြီးလာ လုပ်​​သူ​တွေလုပ်
ဟုတ်​ခနဲ​တောက်​တဲ့ မီးအ​ရောင်​ထဲ
မြင်​ကွင်း​တွေအများကြီး
ဖြတ်​စီးသွားတယ်​။

မောင်​ထိန်​လင်း(မြို့သာ)


LEAVE A REPLY

Please enter your comment!
Please enter your name here