နေခြည်ဦး ဘယ်လို ချစ်သူမျိုး ရွေးချယ်မလဲ

0
192

Beauty Blogger  အနေနဲ့ အောင်မြင်မှုတွေ ရရှိလာတဲ့ နေခြည် ဦးက MTV  နဲ့ ကြော်ငြာတွေမှာ ပါဝင် သရုပ်ဆောင်လာတာ တွေ့ရပါတယ်။ လတ်တလောမှာ CKC Jewelryတီဗီကြော်ငြာကို ရိုက်ကူးဖြစ်နေပြီး အခွင့်အလမ်း ရှိရင်တော့ သရုပ်ဆောင်အလုပ်ကို ဆက်လုပ်သွားဖို့ အစီအစဉ် ရှိတယ်လို့ နေခြည်ဦး က ပြောပါတယ်။  “နေခြည် Blogger စလုပ်ကတည်းက မိတ်ကပ် tutorial ရိုက်ကတည်းက ကိုယ်သရုပ်ဆောင် တတ်သလို ပေါ့ပေါ့ပါးပါး အမြူးတွေ သရုပ်ဆောင်ခဲ့တယ်။  MTV  ရိုက်တယ် ဆိုတာကလည်း ကိုယ်နဲ့တအား အဆင်ပြေတယ်။ နေခြည့်ကိုလာ ကမ်းလှမ်းတာကလည်း အားတီဆိုတော့ သူငယ်ချင်းလည်း ဖြစ်လို့ ရိုက်ဖြစ်တာပါ။ အခု CKC ကြော်ငြာက လည်း နေခြည်က အစကတည်းက ပုံမှန် ဝတ်နေသူတစ်ယောက် ဆိုတော့ အခု တီဗီကြော်ငြာလေး ရိုက်ချင်တယ်ဆိုတော့ နေခြည်နဲ့ အဆင်ပြေလို့ ရိုက်ဖြစ်တာပါ။ တကယ်လို့ သရုပ်ဆောင် အလုပ်က နေခြည်နဲ့ အဆင်ပြေရင်တော့ စိတ်ကူးလေးတွေ တော့ ရှိတာပေါ့။ သရုပ်ဆောင်တစ် ယောက် လုံးလုံးဖြစ်ဖို့ ဆိုတာတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ကိုယ်က အစကတည်းက Beauty Blogger အနေနဲ့ ရပ်တည်နေ တယ်။ နေခြည်က Blogging  လုပ်တာတွေ အလှ အပရေးရာတွေ Share တာကို ပိုပြီး ဝါသနာပါတယ်။ ဒါပေမဲ့ သရုပ်ဆောင်တာကို တစ်ဖက်တစ်လမ်းက ဝါသနာပါတဲ့ အတွက် အခွင့်အလှမ်း ရှိရင်တော့ နေခြည်လုပ်ဖြစ်မှာပါ။ နေခြည်က သရုပ်ဆောင် မဟုတ်တော့ သရုပ်ဆောင်တာကို ဝါသနာပါတဲ့ ဝါ သနာရှင် အဆင့်ပဲ ရှိတော့ ဇာတ်လမ်း ကတော့ တကယ်သင့်လျော်မယ့် နေ ခြည်လည်း လုပ်နိုင်မယ့် အတိုင်းအတာ ဆိုရင် နေခြည်လက်ခံဖြစ်မှာပါ။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု သိပ်မရှိ သေးတော့ နေခြည့်အတွက် MTV လေးတွေ ပေါ့ပေါ့ပါးပါး Commercialရိုက်တာတွေက ပို အဆင်ပြေပါတယ်”လို့ နေခြည်ဦး ပြောပါတယ်။ Beauty Blogger  အနေနဲ့ အောင်မြင်မှုတွေ ရရှိလာတဲ့ နေခြည် ဦးက MTV  နဲ့ ကြော်ငြာတွေမှာ ပါဝင် သရုပ်ဆောင်လာတာ တွေ့ရပါတယ်။ လတ်တလောမှာ CKC Jewelryတီဗီကြော်ငြာကို ရိုက်ကူးဖြစ်နေပြီး အခွင့်အလမ်း ရှိရင်တော့ သရုပ်ဆောင်အလုပ်ကို ဆက်လုပ်သွားဖို့ အစီအစဉ် ရှိတယ်လို့ နေခြည်ဦး က ပြောပါတယ်။

“နေခြည် Blogger စလုပ်ကတည်းက မိတ်ကပ် tutorial ရိုက်ကတည်းက ကိုယ်သရုပ်ဆောင် တတ်သလို ပေါ့ပေါ့ပါးပါး အမြူးတွေ သရုပ်ဆောင်ခဲ့တယ်။  MTV  ရိုက်တယ် ဆိုတာကလည်း ကိုယ်နဲ့တအား အဆင်ပြေတယ်။ နေခြည့်ကိုလာ ကမ်းလှမ်းတာကလည်း အားတီဆိုတော့ သူငယ်ချင်းလည်း ဖြစ်လို့ ရိုက်ဖြစ်တာပါ။ အခု CKC ကြော်ငြာက လည်း နေခြည်က အစကတည်းက ပုံမှန် ဝတ်နေသူတစ်ယောက် ဆိုတော့ အခု တီဗီကြော်ငြာလေး ရိုက်ချင်တယ်ဆိုတော့ နေခြည်နဲ့ အဆင်ပြေလို့ ရိုက်ဖြစ်တာပါ။ တကယ်လို့ သရုပ်ဆောင် အလုပ်က နေခြည်နဲ့ အဆင်ပြေရင်တော့ စိတ်ကူးလေးတွေ တော့ ရှိတာပေါ့။ သရုပ်ဆောင်တစ် ယောက် လုံးလုံးဖြစ်ဖို့ ဆိုတာတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ကိုယ်က အစကတည်းက Beauty Blogger အနေနဲ့ ရပ်တည်နေ တယ်။ နေခြည်က Blogging  လုပ်တာတွေ အလှ အပရေးရာတွေ Share တာကို ပိုပြီး ဝါသနာပါတယ်။ ဒါပေမဲ့ သရုပ်ဆောင်တာကို တစ်ဖက်တစ်လမ်းက ဝါသနာပါတဲ့ အတွက် အခွင့်အလှမ်း ရှိရင်တော့ နေခြည်လုပ်ဖြစ်မှာပါ။ နေခြည်က သရုပ်ဆောင် မဟုတ်တော့ သရုပ်ဆောင်တာကို ဝါသနာပါတဲ့ ဝါ သနာရှင် အဆင့်ပဲ ရှိတော့ ဇာတ်လမ်း ကတော့ တကယ်သင့်လျော်မယ့် နေ ခြည်လည်း လုပ်နိုင်မယ့် အတိုင်းအတာ ဆိုရင် နေခြည်လက်ခံဖြစ်မှာပါ။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု သိပ်မရှိ သေးတော့ နေခြည့်အတွက် MTV လေးတွေ ပေါ့ပေါ့ပါးပါး Commercialရိုက်တာတွေက ပို အဆင်ပြေပါတယ်”လို့ နေခြည်ဦး ပြောပါတယ်။

နေခြည်ဦးကိုတော့ Beauty Blogger  တစ်ယောက် အနေနဲ့ ပရိသတ်တွေ သတိ မထားမိခင်က နာမည်ကျော် မင်းသားတစ်ဦးရဲ့ ချစ်သူ အဖြစ် သိခဲ့ကြတာပါ။ ဒီလိုအချစ်ရေး ကိစ္စကြောင့် ပရိသတ်တွေပိုပြီး သတိ ထားမိခဲ့သလို ပရိသတ်တွေရဲ့ ဝေဖန်မှုတွေလည်း ရှိခဲ့တဲ့အပေါ် နေခြည်ဦးက… “ဒါကတော့ နေခြည့်ဘက်က ငြင်းလို့မရတဲ့ အမှန်တရားပါ။ နေခြည် စတက်ကတည်း က Beauty Blogger  ဆိုတာ Beauty Industry မှာလည်း လက်ချိုးယူရတဲ့ အဆင့်ပဲ ရှိတယ်။ အဲဒီအချိန်မှာ နေခြည်ဆိုပြီး သိလာတယ်ဆိုတာ ဒီအကြောင်းအရာ တစ်ခု ကြောင့် Attention  ပိုရတယ်ဆိုတာ နေခြည်ငြင်းလို့မရတဲ့ အမှန်တရားပါ။ အဲဒီအတွက် နေခြည့်ကို ဝေဖန်မှုတွေလည်း ရှိတယ်။ အားပေးတဲ့ လူတွေလည်းရှိတယ်။ ဝေဖန်မှုတွေ ရှိတာကို နေခြည့်ဘက်က အပြစ်လို့ ဘယ်လိုမှ ပြောလို့ မရဘူး။ သူကိုယ်တိုင်လည်း သရုပ် ဆောင် တစ်ယောက် အနေနဲ့ ရပ်တည်နေတဲ့ အတွက် သူ့မှာမိန်းကလေး  Fan အစ ကတည်းက များပြီးသား။ ကိုယ်ချစ်တဲ့ သရုပ်ဆောင် တစ်ယောက်က ဒီလိုမျိုး  relationship တစ်ခု ရှိတယ်ဆိုတာ သိရတဲ့အချိန်မှာ တချို့ဆို လည်း စိတ်ပျက်တာတို့ ဒေါသဖြစ်တာတို့ ဖြစ်မှာပဲ။ ဒီအတွက်ကိုတော့ နေခြည် က စိတ်ထဲမှာ ဘာမှမရှိပါဘူး” လို့ ပြောပါ တယ်။    အခုလက်ရှိ နေခြည်ဦးရဲ့ အချစ်ရေး ကတော့ အေးဆေးပဲဖြစ်ပြီး အလုပ်တွေ တောက်လျှောက် လုပ်နေပြီး အလုပ် များနေတဲ့ အတွက် သူ့ဘဝထဲကို နောက်တစ်ယောက် ဝင် လာဖို့ဆိုတာ အခုအချိန် မှာတော့ မဖြစ်နိုင်သေး ဘူးလို့ ဆိုပါတယ်။ နောက်ထပ် ချစ်သူအသစ်ကို ဘယ်လိုရွေးချယ် သွားမလဲ ဆိုတာကိုတော့ နေခြည်ဦးက…

နေခြည်ထားခဲ့တဲ့ ရည်းစားတွေကို သူငယ်ချင်းတွေက သိတယ်။ နေ ခြည့်မှာ Type  မရှိဘူး။ အရပ်ရှည်မှ အသားဖြူမှ အသားညိုမှ ဆိုပြီး နေခြည်ဘယ်တော့မှ မရှိဘူး။ ရင်ထဲမှာ ချစ်တယ်လို့ ပေါ်လာရင် နေခြည်တို့ အဆင် ပြေပြေ ချစ်သွားကြတယ်ပေါ့။ နောက်ပေါ် လာမယ့် ကိုယ့်ရဲ့ ရည်းစား အသစ်ကဘယ်လို ပုံစံဖြစ်မလဲ နေခြည်လည်း မသိဘူး။ အရပ် ရှည်ချင်လည်း ရှည်မယ်။ အရပ်ပု ချင်လည်း ပုမယ်။ ဒါပေမဲ့ နေခြည် အသက်အရွယ်လည်း တစ်ခုရလာပြီ ဖြစ်တဲ့အတွက် နေခြည့်စိတ်ထဲမှာ နေခြည်နဲ့ အဆင်ပြေမယ့် ယောကျာ်း လေး တစ်ယောက်က Smart ဖြစ်ရ မယ်။ Intelligent ဖြစ်ရမယ်။ Social Skill  တအားကောင်းရမယ်။ နေခြည်ကိုယ်တိုင်က ပွဲလမ်းသဘင် တအားသွားတယ်။ သူငယ်ချင်းအ ပေါင်းအသင်း တအားမက်တဲ့ မိန်း ကလေးတစ်ယောက် ဆိုတော့ နေ ခြည့်ကို နားလည်ပေးနိုင်မယ့် လူက Social  ကျမှ အဆင်ပြေမယ်လို့ ထင် ပါတယ်”လို့ ပြောပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here