စန္ဒီမြင့်လွင် နဲ့ စိုးပြည့်သဇင် တို့ရဲ့ ကထိန်ကံထပ်၊ ရဟန်းခံရှင်ပြု အလှူ ပွဲ

0
332

စန္ဒီမြင့်လွင်နဲ့ စိုးပြည့်သဇင်တို့ ညီအစ်မနှစ်ဦးက မန္တ​လေးတိုင်း တံတားဦးမြို့နယ်၊ စကားအင်းကျေး ရွာ ဇီးကန်တောရကျောင်းမှာ က ထိန်ကံထပ်၊ ရဟန်းခံရှင်ပြု အလှူ မင်္ဂလာပွဲကို အောက်တိုဘာလ ၂ဝ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ အခုလို ညီအစ်မ နှစ်ဦးရဲ့ အလှူကြောင့် ပီတိဖြစ်ရပါတယ် ဆိုတဲ့ စန္ဒီမြင့်လွင် က…စန္ဒီမြင့်လွင်နဲ့ စိုးပြည့်သဇင်တို့ ညီအစ်မနှစ်ဦးက မန္တ​လေးတိုင်း တံတားဦးမြို့နယ်၊ စကားအင်းကျေး ရွာ ဇီးကန်တောရကျောင်းမှာ က ထိန်ကံထပ်၊ ရဟန်းခံရှင်ပြု အလှူ မင်္ဂလာပွဲကို အောက်တိုဘာလ ၂ဝ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

အခုလို ညီအစ်မ နှစ်ဦးရဲ့ အလှူကြောင့် ပီတိဖြစ်ရပါတယ် ဆိုတဲ့ စန္ဒီမြင့်လွင် က… “ကထိန်အလှူက ဒီးဒီးလှူတာ ဒါနဲ့ဆို ၃ကြိမ်ရှိပြီ။ အလှူ လုပ်ရတဲ့ အတွက် ပျော်ပါတယ်။ ဒီးဒီကလည်း ကထိန်လှူချင်တယ်။ ဇင်ဇင်တို့က လည်း အဲဒီ့ကျောင်းမှာ လှူချင်တယ်။ ဒီနှစ်ကျတော့ တိုက်တိုက်ဆိုင်ဆိုင် ညီအစ်မနှစ်ယောက် လှူဖြစ်တာပေါ့။ သူက ရှင်ပြုအလှူ လုပ်ချင်တယ်။ ဒါ ဆိုရှင်ပြုနဲ့ ကထိန်ပေါင်းလိုက်မယ် ဆိုပြီး ပေါင်းလှူ လိုက်တာပါ။ ရှင်ပြု ပေးတာကတော့ ရွာထဲက ကိုရင်ဝတ် ချင်တဲ့ ကလေးတွေကို ဝတ်ပေးတာ ပါ။ အားလုံးပေါင်း ၅၃ ပါးရှိတယ်။ ရဟန်း တစ်ပါးခံတယ်။ ရွာလုံးကျွတ် အားလုံး ၁၂ဝဝစာကျွေးတယ်။ ဘုန်း ကြီးကို သိက္ခာထပ်တယ်။ ဘုန်းဘုန်း ကလည်း ကထိန် အကြာင်း ရှင်းပြ တယ်။ အဲဒါကို နာကြားရတဲ့ အတွက် ကိုယ့်အလှူအတွက် ပီတိဖြစ်ရပါ တယ်။ ဒီးဒီတို့အလှူကလည်း ၇ ရက် သားသမီး တွေရဲ့အလှူပါပဲ” လို့ပြော ပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here