မလေးရှားနိုင်ငံမှာ ကျင်းပတဲ့ အလှမယ်ပြိုင်ပွဲမှာ ဆုသုံးဆု ရယူနိုင်ခဲ့သူ အလှမယ် မြတ်နိုးချစ်

0
246

မလေးရှားနိုင်ငံမှာ တတိယအကြိမ် မြောက် ကျင်းပတဲ့ Miss Compalitan World 2017 ပြိုင်ပွဲ ကို မြန်မာကိုယ်စား ပြု အလှမယ်မြတ်နိုးချစ်က သွားရောက် ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။

အဆိုပါ ပြိုင်ပွဲက မလေးရှား နိုင်ငံ ပူကရာဂျာရာမြို့တော်မှ စက် တင်ဘာလ ၁ရက်နေ့မှ ၆ ရက်နေ့အထိ ကျင်းပခဲ့တာ ဖြစ်ပြီး အလှမယ် မြတ်နိုးချစ်က 1st Runner Up ဆုကြီးအပြင်Best Evening Grown ဆုနဲ့ Miss Perat ဆုကို ရရှိခဲ့ပါတယ်။ ဆုရရှိခဲ့ကာ နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့လို့မို့ အလွန်ဝမ်းသာ ပျော်ရွှင်မိကြောင်း မြတ်နိုးချစ်က “ဒီပြိုင် ပွဲက နာမည်အရမ်းမကြီးသေးဘူး။ ဒီ တစ်ခေါက်မှ တတိယအကြိမ်မြောက် ကျင်းပတာ။ ဒါပေမဲ့ ပါဝင်ယှဉ်ပြိုင်တဲ့ နိုင်ငံတွေက နိုင်ငံကြီးတွေလည်း ပါ တယ်။ အဲဒါကြောင့် မြတ်နိုးချစ်အတွက် ဒီပြိုင်ပွဲကMiss Universe  ပြိုင်နေရ သလိုပါပဲ။ ဒီပြိုင်ပွဲ မယှဉ်ပြိုင်ခင်က မြန်မာနဲ့ မလေးက ပြဿနာ နည်းနည်း ရှိတယ်။ ပရိသတ်တွေကလည်း မယှဉ်ပြိုင် ဖို့တားကြတယ်။ ဒါပေမဲ့ သွားရောက်ပြီး ယှဉ်ပြိုင်တော့လည်း သူတို့နိုင်ငံက ကိုယ် ထင်သလို မဟုတ်ဘူး။ ဒီပြိုင်ပွဲမှာ ဆုတွေ လည်း ယူလာနိုင်လို့ တအားဝမ်းသာ မိပါတယ်”လို့ ပြောပါတယ်။

မြတ်နိုးချစ်က အသက် ၁၈ နှစ် မပြည့်သေးတဲ့အတွက် ပြိုင်ပွဲကြီးတွေ မယှဉ်ပြိုင်ရသေးတဲ့ အချိန်မှာ ဘာသာ စကားတွေ လေ့လာထားပြီး ပါဝင်ယှဉ် ပြိုင်ဖို့ ပြိုင်ပွဲတွေရှိကြောင်းနဲ့ မြတ်နိုးချစ်က အရင်က မော်ဒယ်တစ်ယောက်အနေနဲ့ ရပ်တည်ခဲ့တယ်လို့ ဆိုပါတယ်။

ချယ်ရီ်


LEAVE A REPLY

Please enter your comment!
Please enter your name here