ဖိလစ်ပိုင်နိုင်ငံမှာ အလှမယ်ပြိုင်ပွဲ အလှမယ် တင်စန္ဒာမျိုး

0
188

Miss Earth Myanmar 2017 Winner အလှမယ် တင်စန္ဒာမျိုးက နိုဝင်ဘာလ ၄ ရက်နေ့ကျရင် ဖိလစ် ပိုင် နိုင်ငံမှာ ကျင်းပပြုလုပ်မယ့် Miss Earth 2017 ပြိုင်ပွဲကို သွားရောက်ယှဉ် ပြိုင်တော့မှာ ဖြစ်ပါတယ်။တင်စန္ဒာမျိုးက ပြိုင်ပွဲအတွက် အစစအရာရာ ပြင်ဆင်နေတာဖြစ် ပြီး Earth တစ်ယောက်ဖြစ်ရတဲ့အတွက် ဂုဏ်ယူကြောင်းကိုတော့ …….

“ညီမက ဒီ ပြိုင်ပွဲအတွက် လိုအပ်တာတွေ အကုန် လုံး ပြင်ဆင်နေပါတယ်။ ဒီပြိုင်ပွဲက ဖိလစ်ပိုင်နိုင်ငံက မြန်မာနဲ့လည်း သိပ် မကွာဘူး။ ဖိလစ်ပိုင်မှာ တစ်လတိတိ Trainingသွားလုပ်ရမယ်။ မြန်မာပြည် က ဒီလောကမှာဆိုရင် အရမ်းကို နု သေးတယ်International အဆင့်မှာ လည်း မြန်မာက ဆုကြီးကြီးရရှိဖို့ဆိုတာ က သိပ်ကို ခက်ခဲခဲ့တဲ့ အခြေအနေ ဖြစ်တယ်။ ညီမတို့ အားလုံးဟာ အရမ်း ကြိုးစားရတယ်။ မြန်မာ နိုင်ငံ ကိုယ်စား ပြုအနေ နဲ့ယှဉ်ပြိုင် ရတဲ့အတွက် လည်း တအားကို ဂုဏ်ယူမိပါတယ်။

ညီမက ဖြစ်နိုင်ရင် ဆုလိုချင်တယ်။ အဲ ဒါကြောင့် အကောင်းဆုံး ကြိုးစားတယ်။ ညီမပြိုင်ပွဲအတွက် National Costune ကို မြန်မာ အမျိုးသမီး တစ်ယောက် ထင်ဟပ်စေ မယ့် မြန်မာရှေးခေတ်အမျိုးသမီး ဝတ် စုံ ပြင်ဆင်ထားပါတယ်။Talent အနေ နဲ့ သီချင်းဆိုပြီး ယှဉ်ပြိုင်သွားမှာ ဖြစ်ပါ တယ်။ တချို့တွေက International မှ Talent သွားရောက်ယှဉ်ပြိုင်ရင် သီချင်း ဆိုတာ ရှားပါတယ်။ ညီမ သီချင်းကို ရွေးချယ်တာ သီချင်းဆိုခြင်းက လူ တစ် ယောက်ရဲ့ စိတ်ကို ပိုပြီးမြင်နိုင်ပါတယ်” လို့ ပြောပါတယ်။ တင်စန္ဒာမျိုး က အောက်တိုဘာ လ ၇ရက်နေ့က ဖိလစ်ပိုင်နိုင်ငံကို သွားရောက်ခဲ့ပြီး အခုဆိုရင်တော့ ဖိလစ်ပိုင်နိုင်ငံမှာ Training ဆင်းနေ ပြီ ဖြစ်ပါတယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here