အသိအမှတ် ပြုပါလို့ ပရိသတ်ကို တောင်းဆိုလိုက်တဲ့ အဆိုတော် သျှန်သျှဏ်း

0
205

အဆိုတော် သျှန်သျှဏ်းရဲ့ ပထမဦးဆုံးတေးစီးရီးဖြစ်တဲ့ ” အသိ အမှတ်ပြုပါ”  Audio CD အခွေ မိတ်ဆက်ပွဲကို အောက်တိုဘာလ ၁၆ရက်နေ့က Central Hotel  မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီတေးစီးရီး နဲ့ပတ်သက်ပြီး အဆိုတော် သျှန်သျှဏ်းက …….

” ညီမက သီချင်းဆိုတာကို ကလေးဘဝကတည်းက ဝါသနာပါခဲ့ပါတယ်။ အဲဒါကြောင့်လည်း အဆို သင် တန်းတွေ တက်ခဲ့တယ်။ ဒီတေးစီးရီးကတော့ ညီရဲ့ ပထမဆုံးခြေလှမ်း တစ်ခုလည်း ဖြစ်ပါတယ်။ ညီမက တော့ အကောင်းဆုံး ကြိုးစားထားပါတယ်။ ညီမက အမြန်ဆုံး လုပ်ချင်တော့ အချိန်က လေး လလောက်ပဲ ယူခဲ့ပါတယ်။ သီချင်းတွေကတော့ Pop လေးတွေ များတယ်။ ညီမက အခုမှ အနု ပညာအလုပ်တွေ စလုပ်တာဖြစ်တဲ့အတွက် အခက်အခဲတွေကတော့ အများကြီးပါပဲ။Recording  လုပ်တဲ့အခါ ဆိုရင်လည်း တအား ခက်ခဲပါတယ်။ကြောက်တယ်ပေါ့နော်။ တေး စီးရီးအခွေ နာမည်ကိုတော့ ပရိသတ်ကို အသိ အမှတ်ပြုဖို့ တောင်းဆိုတဲ့ အနေနဲ့ “အသိ အမှတ်ပြုပါ”လို့ ပေးဖြစ်တာပါ” လို့ ပြော ခဲ့ပါတယ်။ အဆိုပါ တေးစီးရီးကို အောက်တိုဘာလ ၂၆ ရက်နေ့မှစပြီး ဖြန့်ချိပေးသွားမှာဖြစ်ကြောင်းလည်း သိ ရပါတယ်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here