၂နှစ်တာ ကာလအတွင်း သဘင် လောကသားများနဲ့ ပြည်သူတွေကို ကျပ်သိန်းပေါင်း ၄ထောင် နီးပါးခန့် ကူညီလှုဒါန်း နိုင်ခဲ့တဲ့ သဘင်လူမှု ကူညီစောင့်ရှောက်ရေး ကော်မတီ

0
184

မြန်မာနိုင်ငံ သဘင်ပညာရှင် များ အစည်းအရုံး (ဗဟို) အမှုဆောင် အဖွဲ့အနေနဲ့ စတင် တာဝန်ထမ်း ဆောင်စဉ် လအနည်းငယ်အတွင်းမှာ ပဲ သဘင်လောကသားများကို ထောက် ပံ့ကူညီနိုင်ဖို့အတွက် သဘင်လူမှု ကူ ညီစောင့်ရှောက်ရေး ကော်မတီ(ဗဟို)ကို ဖွဲ့စည်းပေးခဲ့ပါတယ်။ မြန်မာနိုင်ငံ သဘင်ပညာရှင် များ အစည်းအရုံး (ဗဟို) အမှုဆောင် အဖွဲ့အနေနဲ့ စတင် တာဝန်ထမ်း ဆောင်စဉ် လအနည်းငယ်အတွင်းမှာ ပဲ သဘင်လောကသားများကို ထောက် ပံ့ကူညီနိုင်ဖို့အတွက် သဘင်လူမှု ကူ ညီစောင့်ရှောက်ရေး ကော်မတီ(ဗဟို)ကို ဖွဲ့စည်းပေးခဲ့ပါတယ်။
အဆိုပါ  ကော်မတီမှာတော့ နာယကအဖြစ် ဦးချမ်းသာ၊ ဥက္ကဌ အဖြစ် ဦးတင်မောင်ဆန်းမင်းဝင်း၊ ဒုတိ ယဥက္ကဌအဖြစ် ဦးဟန်ဇာမိုးဝင်း၊ အ တွင်းရေးမှူးအဖြစ် ဒေါ်တင်ဇာမိုး ဝင်းတို့က တာဝန် ထမ်းဆောင်လျက် ရှိပါတယ်။ ကော်မတီ အနေနဲ့လည်း အခုဆိုရင်၂နှစ်တာ သက်တမ်းထဲကို ရောက်ရှိလို့လာခဲ့ပြီဖြစ်ပြီး သဘင် လော ကသားတွေရဲ့ လိုအပ်ချက်တွေ ကိုကူညီထောက်ပံ့မှုများကို တောက် လျှောက်လုပ်ပေး နိုင်ခဲ့ပါတယ်။ သ ဘင်လောကသား တစ်ဦး ဆေးရုံတက် ရောက်  ကုသမှုခံယူလျှင် ကျပ်၅ သောင်း၊ နာရေးဖြစ်လျှင် ကျပ်၁သိန်း ကူညီ ထောက်ပံ့ခဲ့ပြီး ကင်ဆာရောဂါ ဝေဒနာကုသမှု ခံယူနေရတဲ့ လူနာ တွေကိုလည်း အဖွဲ့အစည်းနဲ့ တိုင်ပင် ကာ ကျပ်၁၅ သိန်းနီးပါး ကူညီ ထောက်ပံ့ ခဲ့တာမျိုးတွေလည်း ရှိပါ တယ်။ ဒီလို ကူညီထောက်ပံ့တဲ့ အခါ မှာလည်း နာယကကြီး ဦးချမ်းသာနဲ့ အတူ တင်မောင်ဆန်းမင်းဝင်း၊ ဟန် ဇာမိုးဝင်း၊ တင်ဇာမိုးဝင်းတို့ကလည်း ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကာ လှုဒါန်းတာတွေလည်း အများ ကြီးပါပဲ။ ဒီကော်မတီရဲ့လုပ် ဆောင် ချက်တွေနဲ့ ပတ်သက်ပြီး သဘင် အစည်းအရုံး(ဗဟို) ဥက္ကဌဦးဖိုးချစ် က… “ကျွန်တော် အားအရဆုံး ကိစ္စ ကိုပြောရမယ်ဆိုရင် သဘင်လူမှုကူညီ စောင့်ရှောက်ရေးအနေနဲ့ သဘင် ပညာရှင်များရဲ့ သာရေး၊ နာရေးကိစ္စ တွေရယ်၊ နောက်နိုင်ငံရဲ့ ရေဘေး၊မီး   ဘေးအန္တရာယ် ကြုံတဲ့ကိစ္စတွေ အ ပေါ်မှာ ကူညီနိုင်ခဲ့တာ ဆိုရင် ငွေ ကျပ်သိန်းပေါင်း ၄ထောင်နီးပါး လောက်အထိ ကူညီနိုင်ခဲ့တာကို တွေ့ ရပါတယ်။ ကျွန်တော်တို့မှာ တခြား ရန်ပုံငွေမရှိပါဘူး။  ဇာတ်ပွဲတွေကပြ ရာ နေရာမှာဖလားထိုး ခံပြီး အလှုခံ လို့ ရတဲ့ငွေကြေး၊ စုပေါင်းပြီးကကြ တဲ့ ပွဲတွေမှာရရှိတဲ့ ငွေကြေးတွေနဲ့ သာလျှင်လှုဒါန်းခဲ့ကြတာပါ”လို့ ပြော ပါတယ်။
သဘင် လူမှုကူညီစောင့်ရှောက် ရေးကော်မတီ အနေနဲ့ သဘင်လော ကသားတွေ အပြင် ပြည်သူတွေရဲ့ အ ခက်အခဲတွေကိုလည်း ကူညီထောက် ပံ့ပေးခဲ့ပါတယ်။ ဒါ့အပြင် မျက်ကြည် လွှာလှူဒါန်းမှု ကိုလည်း ရန်ကုန်နဲ့ မန္တလေးတို့မှာ ပြုလုပ်နိုင်ခဲ့ပြီး နောက်ပိုင်းမှာလည်း ဆက်လက်လှူ ဒါန်းသွားဖို့ အစီစဉ်တွေ ရေးဆွဲလျက် ရှိနေတယ်လို့ သိရပါတယ်။ ဒါက လည်းကျေးဇူးရှင် ဖြစ်တဲ့ ပြည်သူတွေ ကိုပြန်လည် ကျေးဇူးဆပ်ကြတဲ့ သ ဘောလည်း ဖြစ်ပါတယ်။ သဘင် လောကသားတွေရဲ့ ကျောင်းနေအ ရွယ် သားသမီးများကိုလည်း စာရေး ကရိယာများနဲ့ ဗလာစာအုပ် များကို ကူညီထောက် ပံ့ခဲ့ပါတယ်။ ကော်မ တီအနေနဲ့ တိုင်းဒေသကြီးနဲ့ ပြည် နယ်များမှာလည်း သဘင်လူမှုကူညီ စောင့်ရှောက်ရေး ကော်မတီများကို ထပ်မံ ဖွဲ့စည်းပေးခဲ့ပြီး အခုလက်ရှိ အချိန်အထိ တစ်နိုင်ငံလုံးရှိ သဘင် လူမှုကူညီ စောင့်ရှောက်ရေး ကော်မ တီများရဲ့ လှုဒါန်းငွေစုစုပေါင်းမှာ ကျပ်သိန်းပေါင်း ၄ဝဝဝနီးပါး ခန့်ရှိ ပြီဖြစ် ကြောင်းလည်း သိရပါတယ်။ တစ် နိုင်ငံလုံးရှိ သဘင်လူမှုကူညီ စောင့် ရှောက်ကော်မတီအနေနဲ့ တက်တက်ကြွကြွ စည်းလုံး ညီညွတ် မှုတွေနဲ့အတူ သဘင်လော ကသား များ၊ ပြည်သူများကို ဒီထက် မက ကူညီထောက် ပံ့လှုဒါန်းသွားနိုင်ဖို့ စီစဉ်နေလျက်ရှိ နေကြောင်းလည်း သိရပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here