မိဘပြည်သူ ပရိသတ်တွေကို ကျေးဇူးဆပ်နေတဲ့ ပြေတီဦး ပညာရေး ဖောင်ဒေးရှင်း

0
219

ပြေတီဦး ပညာရေးဖောင်ဒေးရှင်းတည်ထောင်ထားတဲ့ ပြေတီဦးက ရခိုင်ဒေသမှ နေရပ်စွန့်ခွာသူများ အတွက် ကျောင်းသုံးဗလာစာအုပ် များနှင့် အလှူငွေများကို အောက် တိုဘာ ၉ရက်နေ့က စစ်တွေမြို့ဆီ ကိုယ်တိုင်သွားရောက်ပြီး သွား ရောက်လှူဒါန်းခဲ့ပါတယ်။ ရခိုင် ဒေသမှာ ကိုယ်တိုင်ကိုယ်ကျ လှူ ဒါန်ဲး့တဲ့ ပြေတီဦးက “အစ်ကိုတို့ရဲ့ ဖောင်ဒေးရှင်းက ပညာရေးနဲ့ပတ်သက်တော့ ရခိုင်မှာ ကျောင်းလေးတွေက ပြန်ဖွင့်နေတော့ အကူအညီလိုအပ်နေတဲ့ ကျောင်း လေးတွေ တော်တော်များများ ရှိ တယ်။ အဲဒီအခါကျတော့ ကျောင်း မှာလိုအပ်နေတဲ့  ဗလာစာအုပ်တွေ ရယ်၊ ကျောင်းသုံး ဖတ်စာအုပ်တွေ  ရယ်၊ အလှူငွေတွေရယ်၊ အဲဒါတွေကို ရခိုင်ဒေသ တော်တော်များများမှာ လှူ ဒါန်းဖြစ်ပါတယ်။ အားလုံးပေါင်း လှူ ဒါန်းတာ ကျပ်သိန်း ၁၅ဝနီးပါး လောက် ရှိပါတယ်။

ဖောင်ဒေးရှင်း အနေနဲ့ လှူဒါန်းခဲ့တာပါ။ သူတို့က အကူအညီတွေက လိုအပ်နေကြတာ ဆို တော့ သူတို့မှာ ဝမ်းနည်းနေတာရှိ တယ်။ အားငယ်နေတာရှိတယ်။ အစ်ကိုအနေနဲ့ အားပေးစကားတွေ ပြောခဲ့တော့ သူတို့လည်း စိတ်ဓာတ် ခွန်အားတွေ ရတာပေါ့” လို့ ပြောပါ တယ်။

 ပြေတီဦးပညာရေး ဖောင်ဒေး ရှင်းမှ အခက်အခဲရှိနေတဲ့ ဆေး တက္ကသိုလ် ကျောင်းသား ကျောင်းသူ ၅ဦး ၊ စက်မှုတက္ကသိုလ် ကျောင်းသား ကျောင်းသူ ၅ဦးနဲ့ ဥပ ဒေပညာရပ် ကို သင်ကြားရန်အတွက် ကျောင်း သားကျောင်းသူ ၂ဦးတို့ကို နှစ်စဉ် ပညာသင်ထောက်ပံ့ကြေး ပေးအပ် လျက်ရှိပါတယ်။  “ကိုယ့်အပေါ်မှာ ကျေးဇူးရှိခဲ့တဲ့ မိဘပြည်သူ ပရိသတ်ကြီးကို အများ ကြီးမဟုတ်ပေမယ့် ကိုယ်တတ်နိုင်သ လောက်လေး ကျေးဇူးဆပ်ခွင့်ရခဲ့တာ ဒီနှစ်ဆိုရင် ရှစ်နှစ်ပြည့်ခဲ့ပါပြီ။ ဒီ ထက်ပိုပြီး ကျေးဇူးဆပ်နိုင်အောင် ကြိုးစားပါဦးမယ်။ အမှန်တကယ် ထူးချွန်ပြီး အမှန်တကယ် အကူအညီ လိုအပ်နေတဲ့ ညီငယ်ညီမငယ်များ အတွက် ဖြည့်ဆည်းပေးနိုင်ဖို့ ပိုပြီး ကြိုးစားသွားပါဦးမယ်”လို့ ပြေတီဦး က ပြောပါတယ်။ ပြေတီဦးပညာရေး ဖောင်ဒေး ရှင်းကို ဆက်သွယ်လှူဒါန်းလိုသူများ အနေနဲ့ အမှတ် ၃ဝ၁၊ ပထမထပ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ၃၅လမ်း ထောင့်၊ ၂ ရပ်ကွက်၊ ကျောက်တံတား မြို့နယ်ဖုန်း ဝ၁ ၂၅ဝ၂၄၇၊ ဝ၁ ၃၈ ဝဝဝ၇ တို့ကို ဆက်သွယ်စုံစမ်းနိုင် ကြောင်း သိရပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here