မုန်းမယ့် ဇာတ်ရုပ် ကို မုန်းအောင်ပဲ သရုပ်ဆောင်ချင်တယ် ဥက္ကာမင်းမောင်

0
143

ဥက္ကာမင်းမောင်က အခုလတ် တလောမှာတော့ ဒါရိုက်တာသီဟကျော်စိုး ရိုက်ကူးနေတဲ့  “မ ရဲ့ အေးခဲသွားကြသူများ” ရုပ်ရှင်ဇာတ်ကားမှာ အောင်မင်းခန့်၊ ကောင်းစစ်သွေး၊ ထူးအောင်၊ ချောကလျာတို့နဲ့အတူ သရုပ်ဆောင်ရိုက်ကူးနေပါ တယ်။ ဒီဇာတ်ကားမှာတော့ ဥက္ကာမင်းမောင်က အဖြည်မရှိတဲ့ ဗီလိန် လူယုတ်မာ တစ်ယောက်ရဲ့ ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင် နေတာဖြစ်ပါတယ်။

ဒီဇာတ် ရုပ်အတွက် ပရိသတ်တွေ မုန်းသွားမှာကို မစိုးရိမ်ဘူးလားလို့ မေး ကြည့်တော့…ဥက္ကာမင်းမောင်က အခုလတ် တလောမှာတော့ ဒါရိုက်တာသီဟကျော်စိုး ရိုက်ကူးနေတဲ့  “မ ရဲ့ အေးခဲသွားကြသူများ” ရုပ်ရှင်ဇာတ်ကားမှာ အောင်မင်းခန့်၊ ကောင်းစစ်သွေး၊ ထူးအောင်၊ ချောကလျာတို့နဲ့အတူ သရုပ်ဆောင်ရိုက်ကူးနေပါ တယ်။ ဒီဇာတ်ကားမှာတော့ ဥက္ကာမင်းမောင်က အဖြည်မရှိတဲ့ ဗီလိန် လူယုတ်မာ တစ်ယောက်ရဲ့ ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင် နေတာဖြစ်ပါတယ်။

ဒီဇာတ် ရုပ်အတွက် ပရိသတ်တွေ မုန်းသွားမှာကို မစိုးရိမ်ဘူးလားလို့ မေး ကြည့်တော့… “မစိုးရိမ်ပါဘူး။ အခုနောက်မှာ ပရိသတ်တွေကလည်း နားလည်နေပါပြီ။ သရုပ်ဆောင်တာကို သရုပ်ဆောင် တယ်လို့ပဲ မြင်ကြမှာပါ။ အဲဒီ အတွက်လည်း တအားကြီး စိုးရိမ်တာမျိုး ကျွန်တော့်မှာ မရှိဘူး။ကျွန်တော် ကလည်း ဗီလိန်သရုပ်ဆောင်ပြီးတော့ လူမမုန်းမှာပဲ ကြောက်နေ တာ။ ဗီလိန်ကို သရုပ်ဆောင်နေပြီး ဒီကောင် သရုပ် ဆောင်တာကလည်း မကောင်းပါဘူးကွာ၊ မုန်းစရာ လည်း မကောင်းဘူးဆိုတာမျိုး ကျွန်တော် အပြောမခံ ချင်ဘူး။ မုန်းမယ့်ဇာတ်ရုပ်ကိုတော့ ကျွန်တော် မုန်း အောင်ပဲ သရုပ်ဆောင်ချင်တယ်။ သူ ဒီကာရိုက်တာ တစ်ခုကို လုပ်ရဲလိုက်တာဆိုတဲ့ စိတ်တစ်ခု၊ ပီပြင်တယ် ဆိုတဲ့ အရာလေးတစ်ခု ဖြစ်ရင်ပဲ ကျွန်တော်ကျေနပ်ပါ တယ်” လို့ ဥက္ကာမင်းမောင်က ပြောခဲ့ပါတယ်။

ဇာတ်ကား ရိုက်ကူးမှုတွေကို အ မြဲစဉ်ဆက် မပြတ် လုပ်ကိုင်ဆောင်ရွက်နေခြင်း မရှိသော်လည်း အခုချိန်ထိ သူ့ကို အားပေး လက်ခံနေတဲ့ ပရိသတ် တွေရှိနေတဲ့အတွက် ကြိုးစားဖို့ အင်အားတွေရှိသလို ဒီအနုပညာ အလုပ်ကိုလည်း  ကံတရားပေးသ လောက် လုပ်ဆောင်သွားမှာ ဖြစ် ကြောင်းကို  ဥက္ကာမင်းမောင်က…  “အနုပညာ အလုပ်တွေကိုတော့ တောက်လျှောက်လုပ် သွားချင်ပါတယ်။ ကျွန်တော်က မြန်မာ ပြည်မှာအမြဲ ရှိမနေတော့ ဇာတ်ကား ရိုက်ကူးမှုတွေက အဆက်ပြတ်သလို ဖြစ်နေတယ်။ ဘာပဲဖြစ်ဖြစ် ကံတရား ပေးသလောက် နေလို့ရ သလောက် တော့ ဒီအလုပ်တွေကို လုပ်သွားမှာ ပါ။ ပရိသတ်တွေရဲ့ အချစ်ကို လည်း ကျွန်တော် တကယ်ကို တန်ဖိုးထားပါတယ်”လို့ ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်၊

 ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here