သမီးလေးကို ရုပ်ရှင်ရိုက်ကူးဖို့ ကမ်းလှမ်းပေမယ့် ငြင်းပယ်ထားတဲ့ ခိုင်သင်းကြည်

0
240

ခိုင်သင်းကြည်က သမီးလေး စံထိပ်ထားဦးကို ကျောင်းစာတစ် ဖက်နဲ့မို့ ကြော်ငြာတွေ၊ ဓာတ်ပုံရိုက် ကူးမှုတွေကိုပဲ ခွင့်ပြုထားပြီး ဇာတ်ကားရိုက်ကူး ဖို့အတွက်ကိုတော့ ခွင့်မပြုသေးဘူး လို့ဆိုပါတယ်။ အခု အချိန်မှာ သမီးလေးကို ရုပ်ရှင် ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့ လာကမ်းလှမ်းကြပေမယ့် ငြင်း ပယ်ထားကြောင်းကို ခိုင်သင်းကြည်ကခိုင်သင်းကြည်က သမီးလေး စံထိပ်ထားဦးကို ကျောင်းစာတစ် ဖက်နဲ့မို့ ကြော်ငြာတွေ၊ ဓာတ်ပုံရိုက် ကူးမှုတွေကိုပဲ ခွင့်ပြုထားပြီး ဇာတ်ကားရိုက်ကူး ဖို့အတွက်ကိုတော့ ခွင့်မပြုသေးဘူး လို့ဆိုပါတယ်။

အခု အချိန်မှာ သမီးလေးကို ရုပ်ရှင် ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့ လာကမ်းလှမ်းကြပေမယ့် ငြင်း ပယ်ထားကြောင်းကို ခိုင်သင်းကြည်က “ရုပ်ရှင်တွေ၊ ဗီဒီယိုတွေကတော့ ကလေး အနေနဲ့ မလွယ်ပါဘူး။ ကျောင်းကလည်း ရှိနေတော့ ဘယ် လိုမှ အဆင်မပြေဘူး။ ဟိုတစ်ခါ ရိုက်ကူးတဲ့ hearty heart ကြော်ငြာတောင်မှ ရိုက်တာ ၂ရက်၊ ညမိုးချုပ်ထိရိုက်ရတယ်။ ၂ရက်စာ ကျောင်းစာတွေ လွတ်သွားတယ်။ အခု IGCSE ကလည်း ဖြေရတော့ မယ်ဆိုတော့ ကျောင်းစာတွေတအား များတယ်။ ဇာတ်ကားရိုက်ကူးတာက ကြော်ငြာရိုက်ကူးသလို ပေါ့ပေါ့ပါးပါး ပျော်ပျော်လေးနဲ့ လှလှပပချည်းပဲ လည်း မဟုတ်ဘူး။ ဇာတ်ကား ရိုက်ကူးတယ် ဆိုတာ ပင်ပန်းခံပြီး အများကြီး လုပ်ရတယ်။ ဒါကို လုပ်မယ်ဆိုရင် တစ်ခါတည်းသရုပ်ဆောင် လောကထဲ ဝင်ပြီး လုပ်စေချင်တယ်။ လုပ်လိုက် မလုပ်လိုက် ပုံစံမျိုးကျ ဒီရုပ်ရှင်ကအဆင်မပြေ ဘူး။ ဇာတ်ကား ၂ကား ၃ကားလောက်လာလာ ငှားပါတယ်။ မခိုင်သမီးနေရာက ထည့်လိုက်ချင် တယ်ပေါ့နော်။ အဲဒီနေရာကလည်း မြန်မာမင်း သမီးထဲမှာ အပျိုပေါက်စ အရွယ်တွေက နည်းနည်း ရှားနေတယ်လေ။ ဆယ်ကျော်သက် မင်းသမီးလေး ပေါ့။ မခိုင်ရဲ့သမီးလုပ်ရမယ်။ တကယ်လည်း အပြင် မှာ သမီးဆိုတော့ ငှားကြပါတယ်။ အခု ဒီဇင်ဘာလမှာ လက်ခံထားတဲ့ ဇာတ်ကားတစ်ကားမှာ မခိုင်ရဲ့သမီး နေရာက သရုပ်ဆောင်ပေးပါလား ဆိုပြီး ပရိုဂျူဆာ ကပြောနေတယ်။ အဲဒီဇာတ်ကားကျတော့ သမီးလုပ် တဲ့ သူက တော်တော်သရုပ်ဆောင်ရမှာ။ မခိုင်က လည်း ငယ်ဘဝကနေ ကြီးသွားတဲ့အထိ၊ ကလေး အရွယ်ရောက်တဲ့အထိ ၃ဘဝ သရုပ်ဆောင်ရမယ်။ ကိုယ် လည်း တအားပင်ပန်းတယ်။ ကိုယ့်ဇာတ်ကြီးဖြစ်နေတယ်။ သူ့ကိုလည်း လိုက်ကြည့်မပေးနိုင်ဘူးလေ။ သူလည်း မလွယ် ပါဘူး။ အဲဒါကြောင့် တစ်ကား၊ နှစ်ကားလောက်နဲ့တော့ မလုပ် ချင်ပါဘူး။ သူလည်း အားမ သန်ပါဘူး။ သူအားသန်တာက အဆိုသန်တယ်ဆိုတာ သိနေတယ် လေ။ အဆိုကို သူဝါသနာ ပါတယ်။ အဆိုတော်တွေနဲ့ ခင်နေတော့ထိပ် ထိပ်ကလေးကို ရေးပေးမယ်ဆိုပြီး ပြောကြတယ်။ နောက်ပိုင်းမှာ စီးရီးခွေလေး ထုတ်ပေးဖြစ်မှာပါ”  လို့ ပြောပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here