သမီးလေး မွေးဖွားလိုက်တဲ့ Kim Tae Hee

0
138

မင်းသမီးချော Kim Tae Hee က သူမရဲ့ ရင်သွေးလေးအတွက် ရိုက်ကူးရေးတွေကို နားထားခဲ့ပြီး ရင်သွေးလေးအတွက်ပဲ အချိန်တွေ ပေးခဲ့ပါတယ်။ အောက်တိုဘာ ၂၅ ရက်နေ့က မင်းသား Rain နှင့် မင်းသမီး Kim Tae Hee တို့ရဲ့ ရင်သွေးလေးဟာ လူ့လောကထဲကို ရောက်ရှိလာခဲ့ပါတယ်။ တာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရ မင်းသမီးဟာ ကလေးကို ကျန်းကျန်းမာမာ မွေးဖွားနိုင်ခဲ့ပြီး မိသားစုဝင်တွေပဲ အတွေ့ခံသေးတယ်လို့သိရပါတယ်။ မင်းသမီးဟာ သူမရဲ့ ကလေးကို ဂရုစိုက်ဖို့ အချိန်ဇယားတွေ ဆွဲထားတယ်လို့သိရပါတယ်။ မင်းသား Rain ကတော့ သူရဲ့ The Unit ဇာတ်ကားနဲ့ အလုပ် ရှုပ်နေပေမယ့် မွေးကင်းစ သမီးလေးအနားက မခွာနိုင်ဖြစ်နေတယ်လို့သိရပါ တယ်။ သူတို့စုံ တွဲဟာ ဇန်နဝါရီက လက် ထပ်ခဲ့ပြီး မေလမှာ ကိုယ်ဝန် ရှိခဲ့တာဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here